"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Saturday, March 31, 2012

အိုင်းရင်းဇင်မာမြင့် - တစ်နှစ်နွမ်း တစ်နှစ်ဆန်း

Yin Sue | 5:28 AM | Best Blogger Tips
အင်း သင်္ကြန်လည်း နီးလာပြီဗျာ........စိတ်တွေလည်း ဂယောက်ဂယက်ပေါ့......ကိုရောက်နေတဲ့နိုင်ငံက ရေကစားလို့လည်းမရ....ခက်တော့ခက်တာဘဲ.....လွမ်းတာတော့ ဘယ်လိုပြောရမှန်းကိုမသိအောင် လွမ်းနေတယ်ဗျာ....... ဘာလုပ်လုပ် သတိရစရာတွေချည်းဘဲ ဖြစ်နေတယ်........အဲ့ဒါကြောင့် ဘာသင်္ကြန်သီချင်းမှ နားမထောင်ဖြစ်အောင်နေတာဘဲ.....ဒါပေမဲ့လည်း ဖေ့စ်ဘုတ်ပေါ်တက်မိတာနဲ့ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်းသူငယ်ချင်းတစ်ယောက် Like လုပ်ထားတဲ့ဒီသီချင်းလေးကို တွေ့တယ်ဗျာ.....လွမ်းသာလွမ်းတာ သင်္ကြန်သီချင်းဆိုတော့လည်းနားထောင်ဖြစ်လိုက်တာပေါ့..... ဒီသီချင်းလေးကို တေးရေးဆရာ ဆရာမျိုးနွယ်ဆွေရဲ့ ဂီတသက်တမ်းနှစ် ၅၀ပြည့်ရွှေရတု"သင်္ကြန်ဆု"
ဆိုတဲ့ရှိုးပွဲလေးမှာအိုင်းရင်းဇင်မာမြင့်ကဆိုထားပါတယ်...ဒီသီချင်းလေးက နှစ်တိုင်းထွက်နေကြပုံစံ
မဟုတ်တဲ့အပြင် သီချင်းလေးနဲ့အိုင်းရင်းဇင်မာမြင့်အသံနဲ့လည်းတော်တော်လိုက်တယ်
ဒီသီချင်းလေးကတော့ တေးရေးဆရာ ဆရာမျိုးနွယ်ဆွေက ၁၉၈၇ခုနှစ်ကတည်းကရေးခဲ့တဲ့
သီချင်းလေးဖြစ်ပြီး...ထွက်နေကြပုံစံမဟုတ်တာရယ် ၁၉၈၇ ခုနှစ်ကတည်းကရေးတာဆိုပေမဲ့သိပ်လည်း ခေတ်ဟောင်းပုံစံဖြစ်မနေတာရယ်ကြောင့်တော်တော်ကြိုက်သွားတယ်...ဒီနှစ်တော့သင်္ကြန်သီချင်းတွေထဲကဒီသီချင်းလေးကိုတော်တော်ကြိုက်မိနေတယ်.....ကြိုက်ပြီဆိုရင်သူများတွေလည်းသိစေချင်
နားထောင်စေချင်တဲ့စိတ်ကတားလို့မရပြန်ဘူး....အဲ့ဒါကြောင့် သူငယ်ချင်းတွေနားထောင်လို့ရအောင် ဒီသီချင်းလေးကို ကျွန်တော့ဘလော့လေးမှာ သင်္ကြန်အမှတ်တရအနေနဲ့တင်လိုက်ပါတယ်....
နားထောင်ပေးကြပါဦး........ခင်မင်တဲ့ ရင်ဆူး......




Friday, March 30, 2012

KMT - My Visit Photo - In Pindaya

Yin Sue | 10:22 AM | Best Blogger Tips
ညီလေး KMT၏ ပုံလေးဖြစ်ပါတယ်.....ဓါတ်ပုံကိုစီးပွားရေးအတွက်သုံးချင်သောသူများ 
KMT ( modleboy.2011@gmail.com)ထံတွင် ခွင့်ပြုချက်တောင်းပြီး ယူပေးပါရန် မေတ္တာရပ်ခံပါသည်......

Note - Click the Photo to view the full  screen ! 
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Thursday, March 29, 2012

U Myint Aung (iTSTAR) - ခါနွေဦး

Yin Sue | 3:02 AM | Best Blogger Tips
သုံးလပတ် ဖြူမည်းကဏ္ဍ
ခါနွေဦး
တတိယဆု
ဦးမြင့်အောင် ( iTSTAR )
ဦးမြင့်အောင် iTSTAR ၏ပုံလေးဖြစ်ပါတယ်....လိုချင်သောသူများ ဦးမြင့်အောင်myintaungphoto@gmail.com ၊ Ph.no 092000930 သို့ဆက်သွယ်ပြီး ခွင့်ပြုချက်ယူပေးကြပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ......

Note - Click the Photo to view the full  screen ! 
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Tuesday, March 27, 2012

Ko Aung Pyae Soe - Rangoon

Yin Sue | 4:58 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !  
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....
                                

Monday, March 26, 2012

Ko Aung Pyae Soe - My Photography !!! - 4

Yin Sue | 4:28 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !  

တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Sunday, March 25, 2012

U Myint Aung (iTSTAR) - Wall Photos - Buddhism and Historical Bagan

Yin Sue | 8:17 AM | Best Blogger Tips
ဦးမြင့်အောင် iTSTAR ၏ပုံလေးဖြစ်ပါတယ်....လိုချင်သောသူများ ဦးမြင့်အောင် myintaungphoto@gmail.com ၊ Ph.no 092000930 သို့ဆက်သွယ်ပြီး ခွင့်ပြုချက်ယူပေးကြပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ......

Note - Click the Photo to view the full  screen ! 

တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Saturday, March 24, 2012

Ko Aung Pyae Soe - My Photography !!! - 3 - Early Morning @ U Bain Bridge

Yin Sue | 5:45 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !  

တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Friday, March 23, 2012

ပြုံးထက်သာ - ဂုဏ်ယူအလွမ်း

Yin Sue | 5:32 AM | Best Blogger Tips
မတ်လ ( ၂၇ ) ရက်နေ့မှာ ကျရောက်မယ့် ( ၆၇ ) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီသီချင်းလေး တင်ခြင်းဖြစ်ပါသည်။ ဒီသီချင်းလေးကို အယ်လ်ခွန်းရီက သီဆိုခဲ့ပြီး တစ်ချိန်က နာမည်အရမ်းကြီးခဲ့တယ်လို့ သိရပါတယ်။ ရှေ့တန်းထွက်နေတဲ့ ရဲဘော်တွေအတွက်ပူပန်နေရတဲ့ ရဲမေများရဲ့ ခံစားချက်လေးကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ အခု ဒီသချင်းလေးကို ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင်မှာ မပြုံးထက်သာက ပြန်လည်သီဆိုပေးထားတာဖြစ်ပါတယ်။တိုင်းပြည်ကို ကျရာနေရာကနေ စွမ်းစွမ်းတမံ အသက်ကို ပဓာန မထားဘဲ ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်သားများကို လေးစားလို့ ဒီသီချင်းလေးတင်ခြင်းဖြစ်ပါတယ်။ ခံစားနားဆင်ပေးကြပါလို့...ရင်ဆူး။

ရခိုင်ကမ်းလွန် အေ-၆ ၌ သဘာဝဓာတ်ငွေ့ခိုအောင်းမှု ထပ်မံတွေ့ရှိ

Yin Sue | 1:33 AM | Best Blogger Tips

ဂျူးလိယက် 
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော MPRL E&P Pte Ltdသည် မြန်မာ နိုင်ငံ၏ ရခိုင်ကမ်းလွန်ရှိ ကမ်းလွန်လုပ် ကွက် အမှတ်အေ-၆၌ အစမ်းတွင်း အမှတ် Pyi Thar -1 STအား တူးဖော် ရာတွင် အနက်ပေ ၄,၂၇၀ ခန့်တွင် ပေ ၁၈၀ ခန့်ထူသော သဲကြော၏ အတွင်း အပေါ်ပိုင်းအထူ ပေ ၂၀ နှင့် အခြားသော သဲကြော အချို့တွင် သဘာဝဓာတ်ငွေ့ များ ခိုအောင်းနေသည်ကို တွေ့ရှိရကြောင်း MPRL E&P Pte Ltd မှ သတင်းထုတ်ပြန်ထားသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ခိုအောင်း သည့် သဲကြောနှင့်စပ်လျဉ်းသည့်အချက် အလက်များကို သိရှိနိုင်သော တိုင်းတာချက်များအရ သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည်ကို အခိုင်အမာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
ယင်းသဘာဝဓာတ်ငွေ့ တွေ့ရှိခြင်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရောင်းချရန် ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ရွှေသဘာဝဓာတ်ငွေ့မြေ၏ တောင်ဘက် ကီလိုမီတာ ၂၅၀ ခန့်တွင် ဒုတိယ မြောက် သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိ ခြင်းဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မှတ်ချက်။   ။ မြန်မာတိုင်း(မ်) မှ ကူးယူ ဖော်ပြပါသည်။

Thursday, March 22, 2012

ထပ်တူကျခြင်း

Yin Sue | 6:52 AM | Best Blogger Tips
လူတွေက
 မင်းကြောင့် ကြိုးစားကြတယ်
မင်းကြောင့် ဘ၀ပျက်ကြတယ်
လူတွေက
မင်းကြောင့် အောင်မြင်ကြတယ်
မင်းကြောင့် ရှုံးနိမ့်ကြတယ်
လူတွေက 
မင်းကြောင့် စိတ်ချမ်းသာကြတယ်
မင်းကြောင့် ပူပင်ကြတယ်
လူတွေက 
မင်းကြောင့် ပျော်ရွှင်ကြတယ်
မင်းကြောင့် ငိုကြွေးကြတယ်
လူတွေက 
မင်းကြောင့်.......
......................
ဒါပေမယ့်
နောက်ဆုံး ငါသိလိုက်တာက
ဒုတိယဘုရားသခင်ဆိုတာ ၂ ယောက်ရှိတယ်.....

                                                      ရင်ဆူး
                                                     22.3.2012
                                                    4:00 AM

Wednesday, March 21, 2012

ဆိုတေး - တိတ်တိတ်လေး

Yin Sue | 11:13 AM | Best Blogger Tips
လောကကြီးမှာ 
တိတ်တိတ်လေး နေလို့ရတယ်
တိတ်တိတ်လေး သေလို့ရတယ်
ဒါပေမဲ့ 
သူ့ကိုတကယ်ချစ်ရင်
ဘယ်တော့မှ တိတ်တိတ်လေးမချစ်ပါနဲ့.........
                               
                                                                  ရင်ဆူး
                                                                 21.3.2012
                                                                 10:15 PM

Ko Ar Kar - Myanmar - 3

Yin Sue | 6:47 AM | Best Blogger Tips
ကိုအာကာ၏ ပုံလေးဖြစ်ပါတယ်.......လိုချင်သောသူများ ကိုအာကာ zcoscar@gmail.com ထံတွင် ခွင့်ပြုချက်လေး တောင်းပြီး ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ.......

Note - Click the Photo to view the full  screen !  

တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Ko Ar Kar - Myanmar - 2

Yin Sue | 4:17 AM | Best Blogger Tips
ကိုအာကာ၏ ပုံလေးဖြစ်ပါတယ်.......လိုချင်သောသူများ ကိုအာကာ zcoscar@gmail.com ထံတွင် ခွင့်ပြုချက်လေး တောင်းပြီး ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ.......

Note - Click the Photo to view the full  screen !  

တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Tuesday, March 20, 2012

Ko Ar Kar - Myanmar - 1

Yin Sue | 6:40 AM | Best Blogger Tips
ကိုအာကာ၏ ပုံလေးဖြစ်ပါတယ်.......လိုချင်သောသူများ ကိုအာကာ zcoscar@gmail.com ထံတွင် ခွင့်ပြုချက်လေး တောင်းပြီး ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ.......

Note - Click the Photo to view the full  screen !  
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Ko Kyaw Kyaw Winn - My Native, My Village & My Family - 7

Yin Sue | 5:58 AM | Best Blogger Tips
ဆရာ ကျော်ကျော်ဝင်း၏ ပုံလေးဖြစ်ပါတယ်.....လိုချင်သောသူများ ဆရာကျော်ကျော်ဝင်း kokyawkyawwin@gmail.com ထံတွင် ခွင့်ပြုချက်တောင်းပြီး ယူပေးကြပါရန် မေတ္တာရပ်ခံပါသည်....

Note - Click the Photo to view the full  screen ! 
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Ko Aung Pyae Soe - My Photography !!! - 2 ( Misty Morning III )

Yin Sue | 3:17 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !  
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Monday, March 19, 2012

Ko Aung Pyae Soe - My Photography !!! - 1

Yin Sue | 10:13 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Saturday, March 17, 2012

ညီတော်မောင်မေမြို့မိုးရဲ့တဂ်ပို့စ်

Yin Sue | 3:31 PM | Best Blogger Tips
ညီလေးမေမြို့မိုးက အစ်ကိုရေ ရေးပေးပါဦး...တဂ်ထားတယ်ပြောလို့ ဘာလဲဟ ဆိုပြီး သွားကြည့်လိုက်တာ...မျက်လုံးကိုပြူးသွားတာဘဲ.......ခေါင်းစဉ်ကြီးကလဲကြည့်ဦးလေ....
ရင်နာခဲ့ရတဲ့နေ့တဲ့ ....ကျွန်တော်လည်း ဒီအကြောင်းကြားနေခဲ့တာ ကြာတော့ကြာပါပြီ....... မြန်မာမပီသဘူးလို့ဘဲ ပြောမလား... နေနိုင်တဲ့ကောင်လို့ဘဲပြောမလားမသိပါဘူး.... သေချာလည်းဖတ်မကြည့်ခဲ့ဘူး...
ဒီလိုဒီလိုတွေရှိတယ်လို့တော့ကြားတယ်ပေါ့ဗျာ..
ကျွန်တော်လည်း အဲဒီကိစ္စတွေ နားမလည်ဘဲကိုးဗျာ.......နားမလည်ဘဲ သွားဖတ်တော့ရော မထူးဘူးဆိုပြီးမဖတ်တာလည်း ပါတာပေါ့......အဲ့နေ့က ၁၄.၃.၂၀၁၂ ။ တော်တော်ထူးတယ်လို့ဘဲ ပြောရမယ်......ထူးထူးဆန်းဆန်းကျောင်းပျက်တဲ့နေ့ပေါ့...
ကြုံတုန်းကြွားတာ....ဟီး......ကျောင်းမသွားတဲ့နေ့မှာကြားလိုက်ရတဲ့သတင်းတွေကလည်း
အထူးအဆန်းတွေချည်းဘဲ......ကျွန်တော်တို့ဆီမှာတော့မနက်၁၁လာက်ရှိမှာပေါ့.........ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတဲ့သတင်းက  နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ နေ့စားအလုပ်သမားများအတွက် နိုင်ငံတော်မှအပိုဆုကြေးထောက်ပံ့မှု့ထုတ်ပြန်ချက်တဲ့.........ဘယ်လောက်ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့သတင်းလဲ.......ကိုလည်း ၀မ်းသာအားရနဲ့ ကို့ဘလော့ ကပေါက်တိ ကပေါက်ချာလေးမှာ တစ်ခါမှ မတင်ဘူးတဲ့BreakingNewsဆိုပြီး Title အသစ်နဲ့ကောက်တင်လိုက်ပါရောလား.......ကိုပေါ့.....
ဘယ်သူမှလည်း မတင်ရသေးဘူးဆိုပြီး......ဘယ်တင်ရဦးမလဲ......သူများတွေ အလုပ်သွားနေကြ ၊ ကျောင်းသွားနေကြတဲ့ အချိန်ကိုး၊ ကိုသာ အပျင်းကြီးပြီး ကျောင်းပြေးနေတာ...၊ အဲပျော်လို့မှ မဆုံးသေးဘူး ညနေကျ ထပ်တက်လာပါတယ်.......ဘာတဲ့  BREAKING NEWSBangladesh wins Myanmar battle  တဲ့ .....တော်တော်ကျက်သရေကိုတုန်းတဲ့ လင့်ခ် ......ဆောရီးဗျာ....ပြောရင်း ထပေါက်ကွဲသွားလို့.....အဲဒါဖတ်ပြီး တော်တော် ညစ်သွားတယ်....     
"We've got all we wanted," an elated foreign minister told bdnews24.com on Wednesday by phone from Hamburg, Germany, where the International Tribunal for Law of the Seas (ITLOS) is based. 

Dr Dipu Moni said Bangladesh got more than it claimed in its long-running dispute with Myanmar. 

"Bangladesh claimed 107,000 square kilometres while it got 111,000 square kilometers area in the Bay of Bengal,"
သူတို့ပြောပုံအတိုင်းဆို သူတို့တောင်းတာထက် ပိုတောင်ရသေးတယ်ဆိုဘဲ......
ဟုတ်မဟုတ်တော့ အောက်ကပုံကိုသာကြည့်ပြီး ဆုံးဖြတ်ကြပါ.......
ကျွန်တော် ယုန်တော့ မဟုတ်ပါဘူး....နှာစေးနေတယ်....:P

ဒါကတော့မြန်မာ နဲ့ ဘင်္ဂလား တို့အပြိုင်အဆိုင် အဆိုတင်သွင်းတဲ့ ပုံတဲ့

သူများတွေလည် ဒါဘဲတင်ကြတာဘဲ.....ကျွန်တော်လည်း ဒါဘဲတွေ့တယ်.....အနီးစပ်ဆုံး နားလည်နိုင်တာလည်း  ဒါဘဲရှိတာဘဲလေ.....ကျန်တာ မသိဘူး.......
ပွင့်ပွင့်လင်းလင်းပြောတာ...ဟီး...ကြားထဲက အမဲရောင်လိုင်းကတော့ 
INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA ကနေမတ်လ၁၄ရက်မှာ
ဆုံးဖြတ်ချက်ချခဲ့တဲ့လိုင်းလေးပေါ့ဗျာ..နှစ်နိုင်ငံလုံးကလည်းဒီခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာမယ်လို့လည်းကတိက၀တ်ပြုထားတယ်တဲ့၊အယူခံဝင်ခွင့်လည်းမရှိဘူးပေါ့
ကျွန်တော့ညဏ်တစ်ထွာတစ်မိုက်နဲ့တော့ဒီကိစ္စကြီးကိုမဝေဖန်ရဲပါဘူး....ဝေဖန်လောက်အောင်လည်း ဘာမှမသိတာကိုး.......သူများတွေကတော့ ပြောပါတယ်.....ဘင်္ဂလားနိုင်တယ်တို့ ၊တစ်ချို့ကတော့လည်း မြန်မာ မရှုံးဘူးလို့.....ပြောကြတာဘဲ.....ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရှင်မဖြူကျွန်းကတော့ မြန်မာမပိုင်တော့ဘူးတဲ့.......အဲဒါတစ်ခုဘဲသေချာတယ်........
အဲ့ဒါအတွက်တော့မြန်မာလူမျိုးတစ်ယောက်အနေနဲ့လုံးဝခံပြင်းတယ်....မချင့်မရဲဖြစ်တယ်....
သမိုင်းနဲ့ချီပြီးလည်း မပြောချင်ပါဘူး.....ဘာပဲဖြစ်ဖြစ် ဒီအမှု့မှာ ပါဝင်ကြတဲ့လူတွေအကုန်လုံး
 ( မြန်မာဘက်က) အကောင်းဆုံးလုပ်ကြတယ်လို့ ယုံကြည်ပါတယ်...ဘာလို့လည်း ဆိုတော့ သူတို့လည်း မြန်မာထဲက မြန်မာလေ......လုပ်နိုင်တဲ့လူ လုပ်လို့ ရှုံးတယ်ဆိုရင်တောင် မလုပ်နိုင်တဲ့ ကျွန်တော်တို့ မခံချင်တာကလွဲပြီး ဘာမှဖြစ်လို့မရဘူးလေ.....မဟုတ်ဘူးလား......ကိုမှ မတတ်နိုင်တဲ့ကိစ္စကိုး.....ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကတော့ "ရခိုင်ကမ်းခြေနဲ့အနီးပိုင်းမှာ ကိုကပိုရပါတယ်....ဘင်္ဂလားဒေ့ရှ်ဘက်ကသူတို့နိုင်တယ်လို့ ကြေငြာတယ်...ဟုတ်သယောင်တော့ရှိပါတယ်...ဒီဘက်(မြန်မာ)ကစိုးရိမ်နေတဲ့ ၊ရချင်တဲ့ဟာတွေရရှိဖို့ကိုလည်း ခုံသမာဓိများက ဆောင်ရွက်ပေးခဲ့ပါတယ်..အထူးသဖြင့် A1နဲ့A3(ရေနံနှင့်ဓါတ်ငွေ့သိုက်) လုပ်ကွက်တွေလုံးဝမဆုံးရှုံးခဲ့ပါဘူး၊ မီဒီယာအချို့ရဲ့ ရေးသားဖော်ပြမှု့ကြောင့်အဓိပ္ပါယ်ကောက်လွဲပြီး ပြည်သူများစိုးရိမ်စိတ်လွန်ကဲကာ မခံမရပ်နိုင်ဖြစ်လာနိုင်တာရယ်၊ ပုံကြီးချဲ့ပြောဆိုလာရင်လည်း မမှန်ဘူးဆိုတာကို ရှင်းပြရခြင်းဖြစ်ပါတယ်လို့" ပြောပါတယ်...ဘာပဲဖြစ်ဖြစ် မကောင်းပြောတဲ့လူတွေဆိုတာလည်း ရှိနေတာဘဲလေ....အဲ့နေ့ကလည်း ဖေ့စ်ဘုတ်ပေါ်မှာ တက်လာလိုက်တဲ့ ကွန်မန့်တွေ ဘာတွေမှန်းကိုမသိဘူး.....ရှင်းရှင်းပြောရရင် မြန်မာတွေက ဘာမှမလုပ်ဘဲ အာချောင်နေကြတာ....ပြောသာပြောချင်ကြတာ....အလုပ်ကျတော့မလုပ်ချင်ကြဘူး......လုပ်တဲ့လူလည်းအကောင်းမမြင်နိုင်ဘူး......ကိုယ်ကိုယ်တိုင်လည်းမလုပ်ချင်ဘူး......မသိတော့ပါဘူး.....
ကျွန်တော်လည်းဘယ်တော့ ခဲသံ၊ ဆဲသံ ကြားရမလဲမသိဘူး.....ကို့ဟာကို မနေနိုင်ဘူး...ပြောမိပြန်ပြီ......ဘာပဲပြောပြော ကျွန်တော့အမြင်ကတော့ သူများနဲ့လည်း တူချင်မှတူမယ်.......ပြောပါဆိုလို့သာပြောရမှာ ခပ်လန့်လန့်ဘဲ....ဟဲ......ဒါနဲ့ ညီတော်မောင် မေမြို့မိုး မေးထားတဲ့မေးခွန်းလေးတွေဖြေပါဦးမယ်.....

၁။ ဘင်္ဂလားဒေ့ရှ် အနိုင်ရသွားတဲ့ ရေပိုင်နက်ကိစ္စဘယ်လိုမြင်သလဲ?
 ဘယ်လိုမြင်သလဲဆိုတော့ ကတော့ အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ကိုချသွားတယ်လို့မြင်ပါတယ်....နှစ်နိုင်ငံလုံးကလည်း လက်ခံတယ်ဆိုတော့ ဘယ်ဘက်က မှ မနိုင်သလို မရှုံးဘူးလို့လည်း မြင်ပါတယ်....မဟုတ်ရင် ဘယ်နေကြမှာလဲနော်......:P

၂။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ဘယ်လိုခံစားရသလဲ?
ဘယ်လိုခံစားရသလဲဆိုတော့ စိန့်မာတင်ကျွန်း(ရှင်မဖြူကျွန်း) လေး ဘင်္ဂလားလက်ထဲပါသွားတာတော့ ကိုစားနေတာ ခွေးလုစားသလို ခံရခက်ပါတယ်......ကျန်တာတော့ ကိုနဲ့မထိုက်လို့မရတာလို့ဘဲတွေးလိုက်ပါတယ်...မတွေးလို့လည်း မထူးဘူးလေ...ဟုတ်ဘူးလားနော်....:D 

၃။တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့ဘယ်လိုလုပ်သင့်လဲ?
အရမ်းလှပါတယ်...မေးခွန်းလေးက ....ဖြေရမှာတော့ တော်တော်ခက်မယ်......လူတိုင်းနီးပါးကတော့ ကိုယ့်တိုင်းပြည်ကို ချစ်ကြတာဘဲဗျနော.....ဒါပေမဲ့ချစ်ပုံချင်းကျတော့မတူဘူးဗျ......ကို့တိုင်းပြည်ကို အကျိုးဖြစ်အောင်တွေး အကျိုးဖြစ်အောင်လုပ်ပြီး ချစ်ကြသူများရှိသလို ကို့တိုင်းပြည်ကို မျက်စိမှိတ်စွတ်အော်ပြီး ချစ်နေကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါ.....ပြောလိုက်ဦးမယ် မနေနိုင်လို့.....ဒီမိုကရေစီအရေးထက် ဒီအရေးကို လူတွေ အာရုံစိုက်ခဲ့ကြပါသလား? ....ကျွန်တော်လည်း ဒါကို သတိဘဲထားခဲ့မိတာပါ......ဘာလုပ်သင့်တယ်လို့ထင်လဲဆိုရင် တိုင်းပြည်ကို ချစ်တဲ့လူဆိုတာ ချစ်နေယုံနဲ့မပြီးပါဘူး.....ကို့တိုင်းပြည် ကောင်းရာ ကောင်းကျိုး ကို ကိုတတ်နိုင်တဲ့ဘက်က အတတ်နိုင်ဆုံး လုပ်စေချင်ပါတယ်.....နောက်ပြီးမလုပ်နိုင်ရင်တောင် လုပ်နေတဲ့လူတွေကို မနှောင့်ယှက်ကြပါနဲ့လို့ ပြောချင်ပါတယ်....
သူခိုးပြေးမှ ထိုးကွင်းထလို့ ဘယ်ရမလဲနော်......

ကဲ ညီတော်မောင်မိုးရေ အစ်ကိုတော့ ရေးတတ်သလို ထင်သလို ရေးလိုက်ပြီ.....ခဲပျံတွေ တုတ်ပျံတွေလာရင်လည်း လာကူကောက်ပေးဦးနော်......သေချာတာကတော့ ဆဲသံတွေလာမယ်ထင်တယ်......ဟီး....

မှတ်ချက်။ ။ စာတွေက စီထားတာ အဆင်မပြေဘူးဖြစ်နေတယ်....လုပ်လို့မရလို့ ဒီတိုင်းထားလိုက်တယ်....သည်းခံပြီးဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်.....ကျွန်တော်အထင်နဲ့ ကျွန်တော့်အမြင်ကို ရေးခြင်းသာဖြစ်ပါသည်။အမြင်မတူလို့ ၀င်ဆူလို့လည်း ရသလို ၀င်ဆဲသွားလည်း ကျွန်တော်ခံပါမည်။ဒါနဲ့ ကျွန်တော့ထက် ရေးတာသားတာ အပုံကြီးသာတဲ့ သူငယ်ချင်းတွေကိုလည်း ထပ်ပြီး ရေးပေးပါလို့ တောင်းဆိုပါရစေ။
အိမ်မက်ဆိုးများ မက်စေသော်ဝ်......ဒူ........
၁။ရောင်စုံအခန်းငယ်( မင်းအရိပ်)
၂။အလွမ်းမြို့ကလေး(မကြီးလွမ်း)
၃။အိမ်လွမ်းသူ(အောင်အောင်)

Thursday, March 15, 2012

Wednesday, March 14, 2012

နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင့်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း

Yin Sue | 1:06 AM | Best Blogger Tips
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ (၂၀၁၂ ခုနှစ်) မတ်လ ၁၄ ရက်စွဲပါ အမိန့်ကြေငြာစာအမှတမ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် (ကျပ်သုံးသောင်းတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း၊ အစိုးရဌာန်များနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသက်မှတ်ထားသော လုပ်ခ (ကျပ်တစ်ထောင့်တစ်ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကို ထပ်မံခံစားခွင့် ပြုမည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ (ကျပ်နှစ်ထောင့်တစ်ရာတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

မှတ်ချက် - Mrtv - 4 (Facebook Page) မှ ကူးယူဖော်ပြပါသည်။

Tuesday, March 13, 2012

Ko Aung Pyae Soe - My Eyes On Innlay Lake ! - 5

Yin Sue | 4:36 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Ko Aung Pyae Soe - My Eyes On Innlay Lake ! - 4

Yin Sue | 4:35 AM | Best Blogger Tips
Second prize in www.betterphoto.com USA,May 2010, Travel & Place Category  
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....


Ko Aung Pyae Soe - My Eyes On Innlay Lake ! - 3

Yin Sue | 4:27 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း... ၊blog သော်လည်းကောင်း 
အသုံးပြုမည်ဆိုပါက ကျွန်တော့်email...mps.photographer@gmail.com ကို email လေးပို့ပြီးခွင့်ပြုချက်လေးတောင်းပါခင်ဗျာ....အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Sunday, March 11, 2012

အချစ်ကိုတွေ့ရှိခြင်း

Yin Sue | 8:55 AM | Best Blogger Tips
ဒီကဗျာလေးကတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက် သူ့ကောင်မလေးကို ပေးချင်တယ်ဆိုလို့ကျွန်တော်ရေးပေးခဲ့ဖူးတဲ့ ကဗျာလေးပါ။သူ့ခံစားချက်လေးတွေပေါ့။အခုတော့ သူလည်းအိမ်ထောင်ကျသွားပါပြီ။အဲဒီကောင်မလေးနဲ့လည်း မဟုတ်ပါဘူး။ဒါကတော့ ဒီကဗျာလေးရဲ့ရာဇ၀င်ပါ။သူငယ်ချင်းတို့လည်းသူ့နေရာကနေ ၀င်ခံစားကြည့်ကြည့်ပေါ့.....

" အချစ်ကိုတွေ့ရှိခြင်း "

မဖုံးနိုင် မဖိနိုင် သတိရစိတ်တွေကြောင့်
ငါ့စိတ်နဲ့ငါ ပြသနာဖြစ်နေတာ
နေထွက်က နေ၀င်
မရုန်းနိုင်တဲ့ အဲဒီစိတ်နဲ့ဘဲ
မိုးအကြိမ်ကြိမ် လင်းခဲ့ရ
လအကြိမ်ကြိမ် သာခဲ့ရ
ငါ့နားထဲမှာ
ခပ်သဲ့သဲ့ရယ်သံလေးသာ ခုတ်မောင်းနေလေရဲ့.....

အမှတ်တမဲ့ မင်းအလှတွေကြောင့်
တခုတ်တရ ပျိုးခဲ့တဲ့မေတ္တာတွေ
ဘာအကြောင်းနဲ့မှ အငွေ့ပျံမသွားပါရစေနဲ့.....

ခါးသက်သက် ငါ့ဘ၀ထဲကို
အပြုံးချိုချိုတွေ ဘာကြောင့်ချပေးခဲ့တာလဲ
မဖြူစင်နိုင်တဲ့ ငါ့စိတ်တွေကို
"အချစ်"လို့ ကင်ပွန်းတပ်ရင်
ငါ့အတွက်တော့...
"ဘ၀" ဆိုတာ မင်းပဲ.....

                                                                                             ရင်ဆူး



" အချစ်ကိုတွေ့ရှိခြင်း "



Saturday, March 10, 2012

ဆုံးဖြတ်

Yin Sue | 7:47 AM | Best Blogger Tips
" ဆုံးဖြတ် " 

တို့နှစ်ယောက်စလုံးမှာ
ဆက်ထုံးတွေ ကိုယ်စီ
နောင်တတွေ ကိုယ်စီ
ပြီးတော့...
အချစ်စိတ်တွေ ကိုယ်စီနဲ့
ကျန်ခဲ့တဲ့ အတိတ်တွေကိုမေ့
ထီးတစ်ချောင်းအောက်မှာ 
တစ်ယောက်လက်ကို တစ်ယောက်တွဲ
ဒုက္ခဆိုတာ ဘာလဲ?
ခက်ခဲမှု့ဆိုတာ ဘယ်လိုလဲ?
ဒီလိုရဲရဲဟစ်ကြွေး
လေဆန်တဲ့လမ်းကို
အသက်ဆုံးတဲ့ထိလျှောက်
နောက်ဆုံးထိ 
လက်တွဲမဖြုတ်ကြေး.....

ဆုံးဖြတ်

Fun - We Are Young.ft.Janelle Mona'e

Yin Sue | 4:14 AM | Best Blogger Tips

Top - 1 Song In Billboard

Fun - We Are Young . ft .Janelle Mona'e ( Lyrics )

Yin Sue | 3:26 AM | Best Blogger Tips

Top - 1 song In Billboard 

Friday, March 9, 2012

ဗိုင်းရပ်စ်

Yin Sue | 9:19 AM | Best Blogger Tips
"ဘယ်တုန်းက၀င်နေမှန်းမသိတဲ့ဗိုင်းရပ်စ်တစ်ကောင်ကြောင့်
ငါ့အသည်းဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတာ ဆိုရင်တောင် ငါသတ်မပစ်ရက်ပါဘူးကွယ်"

စိတ်ကူးပေါက်တုန်း ရေးထားမိတဲ့ စာသားလေးပါ။      ဒီကဗျာလေးနဲ့လည်း တိုက်ဆိုင်နေလို့ ထည့်ရေးမိတာပါဗျာ.....လာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းတို့ရော ဒီလို ဗိုင်းရပ်စ်မျိုးနဲ့ တွေ့ရင်ဘာလုပ်ကြမှာလဲ?.... 


" ဗိုင်းရပ်စ် " 

သနပ်ခါး နုနုလေးတွေ 
အပြုံး ချိုချိုလေးတွေနဲ့ 
ငါ့ရင်အစုံကို တိုးဝှေ့ ...

ထိလွယ်ရှလွယ် မျက်ဝန်းတစ်စုံ 
သိပ်လက်တွေ့ဆန်တဲ့ စကားလှလှလေးတွေနဲ့ 
ငါ့အိမ်မက်တွေကို အသက်သွင်းတတ်တဲ့ 
နှောင်ကြိုးရှင်လေးရေ ... 

 မင်းရဲ့ ဆတ်ကနဲ့ လှည့်အကြည့်မှာ 
ငါ့ရင်ခုန်သံတွေ ကတိုက်ကရိုက်ခုန်ဆင်းလို့ 
မြတ်မြတ်နိုးနိုး ချစ်တယ်ဆိုတဲ့ အသိက 
ကူးစက်လွယ် .....
ပျံနှံ့လွယ် ..... 
                                             ရင်ဆူး

ဗိုင်းရပ်စ်



ဟဲလေး + ဇမ်နူး - အသဲကွဲသောနေ့

Yin Sue | 3:15 AM | Best Blogger Tips

ချစ်သူနဲ့အတူရှိမနေနိုင်တဲ့ နေ့ရက်တိုင်းဟာ ကျွန်တော့အတွက်တော့ အသဲကွဲနေ့တွေပါဘဲ...(ရင်ဆူး)

Wednesday, March 7, 2012

မမကို ချစ်တယ်...

Yin Sue | 9:03 AM | Best Blogger Tips

ထိုင်သရုပ်ဆောင်တွေနဲ့ နောက်က မြန်မာမှု့လေးတွေ ပါအောင်ထည့်ထားတာတဲ့.....
ထိုင်းရောက် မြန်မာတစ်ယောက်က လုပ်တယ်ဆိုဘဲ...... ထိုင်းမှာရိုက်ထားတယ်ဆိုလား ပြောတာဘဲ.....ဘယ်သူဆိုထားမှန်းတော့မသိဘူး.....သိတော့မသိပါဘူး..မသိတာတွေများလို့ မပြောတော့ဘူး.....သီချင်းလေးဘဲ နားထောင်ကြည့်လိုက်နော်.....
မမကို ချစ်တဲ့ သူငယ်ချင်းတွေကတော့ ရူးမှာပေါ့....

Sunday, March 4, 2012

ငါးထောင်တန်ဖုန်းအပေါ် ကျွန်တော့အမြင်( Tag Post )

Yin Sue | 3:19 AM | Best Blogger Tips
အခုတလော...ဘလော့ဂါတွေတစ်ယောက်နဲ့တစ်ယောက်ငါးထောင်တန်ဖုန်းအပေါ်အမြင်ချင်းဖလှယ်
တာလေးတွေလိုက်ဖတ်ဖြစ်ပါတယ်.....ဘာပဲပြောပြော....ဒီလိုလေးလုပ်တာလည်းအကျိုးလေးတော့
ဖြစ်စေတာပေါ့....ကျွန်တော်တို့လိုဘလော့ဂါ၊ မဂါလေးတွေအမြင်ထက်ဆရာ့ဆရာ
ဘလော့ဂါကြီးတွေအမြင်က ပိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုပြီးသုံးသပ်နိုင်မှာပါ....ဘာပဲပြောပြော သူတို့ရေးလိုက်တာဟာပရိတ်သတ်တွေရဲ့စိတ်ထဲကိုအနည်းနဲ့အများတော့ဝင်သွားစေပါတယ်.....
အဲဒီလိုရေးတဲ့စီနီယာဘလော့ဂါကြီးတွေကိုလည်းလေးစားသလို ကျးဇူးလည်းတင်ပါတယ်.....
ကျွန်တော့သူငယ်ချင်းတမီးစံက တက်ဂ်ပါတယ်ဆိုလို့သာရေးရတာ....
ကျွန်တော်ရင်ဆူး....စာမရေးတတ်ဘူးဗျ.......ကဗျာဘဲရေးတာ....ဒါပေသိ ရေးပါဆိုတော့လည်း....သိသလောက်တော့ရေးမယ်ဗျာ.....အမှားလေးတွေပါလည်း...နားလည်ခွင့်လွှတ်သည်းခံပေးကြပါလို့လည်း အရင်ဆုံးတောင်းပန်ပါတယ်.....
ကဲတက်ဂ်စာလေး စပြီး မြည်းစမ်းကြည့်ရအောင်ဗျာ......

၁။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့သင်မြင်ပါသလား?
 ကျွန်တော့အမြင်တော့ တန်ဖိုး မနည်းတနည်းပေါ့ဗျာ......အရင်က သုံးနေတဲ့ ၁၅ သိန်းတန်ဖုန်းတွေလောက်မများသလို.....အောက်ခြေလူတန်းစားထိ သုံးနိုင်အောင်လည်း တန်ဖိုးမနည်းပါဘူး...အဲဒါကြောင့် တန်ဖိုးနည်းဖုန်းလို့တော့ ပြောလို့မရဘူးပေါ့ဗျာ.....ဒါပေမဲ့ အရင်ထက်တော့ အဆင်ပြေသွားတယ်.....ဖုန်းကိုင်နိုင်သူလူဦးရေ ပိုတိုးလာမယ်ပေါ့ဗျာ....ဒါပေမဲ့....အရင်ထက် ဖုန်းပြောရတာ ပိုအဆင်ပြေမယ်လို့တော့ ကျွန်တော်မထင်ပါဘူး....ဘာလို့လဲဆိုတော့ ၁၅ သိန်းတန်ဖုန်းတုန်းက ဘယ်လိုနေလဲ ခေါ်ကြရတာ....ကောင်းတယ်မဆိုနိုင်ပေမဲ့ မဆိုးဘူးနော်....၅ သိန်းဖုန်းတွေကျတော့ မဆိုးဘူးဆိုနိုင်ပေမဲ့ ......ဆိုးလာပြီဗျ.....အဲအခု ငါးထောင်တန်ဖုန်းမပြောနဲ့ နှစ်သိန်းဝန်းကျင်ဖုန်းဆိုရင် တွေးသာကြည့်တော့ဗျာ......သေချာတာက ၁၅ သိန်းဖုန်းထက်တော့ ခေါ်ရတာခက်မှာဘဲဗျ.....
ကဲ ဒီလိုဆို မခက်ကြဘူးလား....နောက်ဆို ဖုန်းကတော့လူတိုင်းကိုင်နိုင်ပါရဲ့....ဖုန်းတော့ လူတိုင်းဆက်လို့မရဘူးဆိုတာမျိုးဖြစ်လာနိုင်တယ်နော်........စဉ်းစားကြပါဦး..:P

၂။ ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ?
 ကျွန်တော်ကတော့ ဘာပဲပြောပြော ဖြစ်လာအောင်လုပ်နေတဲ့လူများကို ထောက်ခံပါတယ်.....ဘာလို့လဲဆိုတော့....ထိုင်နေတာထက်စာရင် လုပ်နေတာက တစ်ခုခုတော့ ဖြစ်လာစေမှာပါ.....ပူဆာတဲ့ကလေးမုန့်စားရတယ်လေဗျာ....ဟုတ်ဘူးလား.....လုပ်တာတော့လုပ်ကြပါ....လုပ်ရင်လည်း ရတဲ့အထိလုပ်ကြပါ...ဒါပေသိ....စတေကာသမားတွေနဲ့ တီရှပ်သမားတွေ ၀မ်းသာရုံလောက်နဲ့ဆိုရင်တော့မလုပ်တာဘဲ ကောင်းတယ်လို့ဆိုချင်ပါတယ်......

၃။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ?
ကျွန်တော်ကတော့ မပြောတတ်ပါ.....ဖြစ်နိုင်တာက အဲလိုလုပ်တာဟာ ဘာပဲပြောပြော လူကြီးတွေ ဒီကိစ္စကို အာရုံတော့ ပိုထားမိစေတာပေါ့.....အဲလိုလုပ်ခြင်းဟာ အထိုက်အလျောက်တော့ အကျိုးရှိမယ်လို့ ကျွန်တော်လည်း မျှော်လင့်မိပါတယ်.....လေနဲ့ဘဲ ပြောတာထက် အဲလို စာနဲ့ပေနဲ့ပြောတာကပိုပြီးတရားနည်းလမ်းလည်းကျပါတယ်......ဦးဆောင်ဦးရွက်လုပ်နိုင်တဲ့သူတွေကို
လည်း လေးစားပါတယ်.....ချီးကျူးပါတယ်.....ဒါပေမဲ့ မရှိတဲ့ မိဘကိုလည်း ဇွတ်အတင်းမပူဆာမိဖို့ကတော့ အရေးကြီးတယ်ဗျာ.....မိဘကတော့ လုပ်ပေးနိုင်ရင် သားသမီးတိုင်းကို ဖုန်းမပြောနဲ့ကားတောင်စီးစေချင်ကြတာချည်းပါဘဲ.....မိဘဆိုတာမုန့်ဖိုးတင်ကြည့်ရတာမဟုတ်ဘူးလေ.....ကျောင်းလခနဲ့ဟင်းဖိုးနဲ့အ၀တ်အစားဖိုးနဲ့အကုန်ကြည့်ရတာပေါ့....အဲဒါလေးလည်းတွေးမိစေချင်ပါတယ်.....အားလုံးကို.....
မိဘကတော့ သားသမီးတိုင်းကို ဖုန်းတင်ကိုင်နိုင်စေချင်တာမဟုတ်ဘူး....ကားတောင်စီးစေချင်ကြတာပဲ...


၎။ ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာဖို့ကို သင့်အနေနဲ့ ကြိုဆိုပါသလား ?
မကြိုဆိုဘဲနေမလား....ကြိုဆိုတာပေါ့.....လူတိုင်းနီးပါးဖုန်းကိုင်နိုင်ရင် ဘယ်လောက်ထိ လုပ်ရကိုင်ရ အဆင်ပြေမလဲ....ကောင်းပါတယ်....ကြိုက်ပါတယ်...ဖြစ်စေချင်ပါတယ်.....ဒါပေမဲ့ ဖြစ်စေချင်တာတွေက ဖြစ်နိုင်ဥိးမလားဆိုတာတော့တွေးဖို့လိုပါတယ်......ကျွန်တော်ကနည်းပညာရှင်လည်းမဟုတ်တော့
မသိပါဘူး.....ရွှေပြည်တံခွန်ရဲ့နည်းပညာရှင် ဟီလိုရွိုင်းကတော့(၆ )လအတွင်း တာဝါတိုင် အကြီးကြီးတွေမသုံးဘဲ တာဝါတိုင် အသေးလေးတွေဆောက်ပြီး တစ်နိုင်ငံလုံး လိုအပ်တဲ့ ဖုန်းကဒ်တွေကို ထုတ်ပေးမယ်ဆိုတာတော့ဖြစ်နိုင်၏မဖြစ်နိုင်၏စဉ်းစားစေချင်ပါသည်....သူတို့ကိုမယုံဟုမဆိုလိုပါ......
သို့ပေမယ့် ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်ခြင်းသာဖြစ်ပါသည်.....ဒါပေမဲ့အခုလိုငါးထောင်တန်ဖုန်းဆိုတာ ဖြစ်လာဖို့ အစဖော်ပေးတဲ့ ရွှေပြည်တံခွန်ကုမ္မဏီကိုတော့ ကျေးဇူးတင်ရမည်ပင်....

၅။ ငါးထောင်တန်ဖုန်းအပေါ်သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ?
ပြည်ပနိုင်ငံတွေမှာဒီလိုတန်ဖိုးနည်းဖုန်းကဒ်မပြောနဲ့ဖုန်းကဒ်တွေတောင်အလကားပေးနိုင်ပါသည်....
ဒါကလည်း ကုမ္မဏီတွေက လုပ်ခြင်းသာ....အစိုးရက ဘယ်လိုလုပ်ထားသည်ဟုတော့ ကျွန်တော်လည်းမသိပါ.....ဒါပေမဲ့အဲလိုတွေလုပ်ပေးနိုင်ခြင်းသည်....တိုးတက်ပြီးသောင်နိုင်ငံကြီးများသာ
လုပ်နိုင်ပါသည်....အခုကျွန်တော်တို့နိုင်ငံက တိုးတက်နေဆဲတိုင်းပြည်ဟုသာပြောကြသော အခြေအနေသာဖြစ်ပါသည်......အခုမှလမ်းလျှောက်တတ်စကလေးရှိပါသေးသည်.....သူများဂျွမ်းထိုးတာမြင်တိုင်းထိုးစေချင်သော်လည်းမထိုးနိုင်သေးပါ.....ဒါကိုလည်းထည့်စဉ်းစားစေချင်ပါသည်.....လူတိုင်းဖုန်း
ကိုင်စေချင်ပေမဲ့....ဖုန်းထက်အရေးကြီးတဲ့ အပိုင်းတွေ ရှိသေးသည်ဆိုတာကိုလည်း စဉ်းစားစေချင်ပါသည်....ဥပမာ...ပညာရေး၊ ကျန်းမာရေး....အစရှိသဖြင့်ပေါ့.....ဘာပဲပြောပြော အခုအချိန်မှာ နိုင်ငံက အကောင်းဆုံးလမ်းပေါ်ရောက်နေပြီဟုပြောလို့ရပါသည်....သို့သော် အရှိန်ပြင်းပြင်းမောင်းလို့တော့မရနိုင်သေးပါ.....ဒါကြောင့်ဖြေးဖြေးမှန်မှန်နဲ့ဖြစ်လာပါလိမ့်မည်....
စိတ်ရှည်သည်းခံပေးကြပါ....လုပ်သင့်တာတွေကိုလုပ်သင့်တဲ့လူတွေလုပ်နေကြပါသည်.....
အခုရေတွင်းတူးအခုရေကြည်သောက်လို့မရနိုင်ဘူးလို့ကျွန်တော်ထင်ပါသည်....ဖြစ်စေချင်သော်လည်း....မဖြစ်နိုင်သေးခြင်းကိုလည်း နားလည်သည်းခံပေးစေလိုပါသည်.....တစ်ဆင့်ချင်းသွားမှ အဆင်ပြေမည်လို့ ကျွန်တော်ထင်ပါသည်....ဖုန်းတွေ တန်ဖိုးနည်းနည်းနဲ့ ထုတ်ပေးခြင်းထက် ရှိပြီးသား ဖုန်းတွေ အဆင်ပြေအောင် ....ပြည်တွင်းရော...နိုင်ငံခြားကောရော....အ၀င်ရော...အထွက်ရော...မက်ဆေ့ခ်ျရော အားလုံးအပြင် သင့်တင့်သော ဈေးနှုန်းနဲ့ စိတ်အေးချမ်းသာစွာ..ခေါ်နိုင်အောင် အရင်လုပ်သင့်သည်ဟု ထင်ပါသည်....အဲလို အဆင်မပြေသေးဘဲနဲ့ ငါးထောင်တန်ဖုန်းတွေ ထပ်ထုတ်လည်း ဖုန်းကိုင်ထားပြီး သီချင်းနားထောင်ရုံ ၊ ဂိမ်းဆော့ရုံဘဲရှိမည်....အခုလိုဖုန်းလိုင်းမျိုးနဲ့ငါထောင်တန်ဖုန်းတွေ
ထုတ်ပေးရင်တော့ Sony ,HTС, Samsung ,Nokia, Apple အစရှိတဲ့ Handset ကုမ္မဏီကြီးတွေက ကျေးဇူးတင်မဆုံး တစ်ပြုံးပြုံးပင် ဖြစ်နေလိမ့်ဦးမည်ဟု တင်ပြရင်း.......

မှတ်ချက်။  ။ ကျွန်တော် ရင်ဆူး စာရေးတတ်သလို ရေးထားခြင်း ၊ တွေးမိသလို ရေးထားခြင်းသာ...မည်သူ့ကိုမျှ မထိခိုက်မနစ်နာစေချင်သလို ၊ မည်သူ့ဘက်မှလည်း လိုက်ပြီး ရေးထားခြင်းမဟုတ်ပါ။ စာဖတ်သူများကိုလည်း အကောင်းဆုံးတွေးစေချင်သလို ၊ ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားစေလိုပါသည်.......အခုလို သည်းခံပြီးဖတ်ပေးတဲ့သူငယ်ချင်းတွေ စာဖတ်ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါသည်.....

                                                                လေးစားစွာဖြင့် ......ရင်ဆူး

နောက်ပြီး ကျန်တဲ့သူငယ်ချင်းတွေကိုလည်း အမြင်လေးတွေ တင်ပြပေးပါဦးလို့ ထပ်ပြီး...တက်ဂ်လိုက်ပါတယ်.......
၁။လမင်းသို့
၂။ရောင်စုံအခန်းငယ်
၃။အလွမ်းမြို့ကလေး(မကြီးလွမ်း)



Saturday, March 3, 2012

ချစ်ခြင်းဖွဲ့သီအိုရီ

Yin Sue | 10:51 AM | Best Blogger Tips
ငိုလိုက်ရတာထက်
ရီချင်ယောင်ဆောင်ရတာ ပိုခက်တယ် 
ဂရုစိုက်ရတာထက် 
ဥပက္ခာပြုရတာ ပိုခက်တယ် 
လိမ်ညာရတာထက်
ဝန်ခံရတာ ပိုခက်တယ် 
ချစ်နေရတာထက် 
မုန်းချင်ယောင်ဆောင်နေရတာ ပိုခက်တယ် 
ဒါကြောင့် 
ငါငိုနေတာကို ဂရုစိုက်ပေးပါ 
လိမ်ညာနေတာကိုလည်း အချစ်လို့နားလည်ပေးပါ 
ချစ်တဲ့.....ကို။ 
                                                                ရင်ဆူး 
                                                               1.3.2012 
                                                               3:45AM

Friday, March 2, 2012

G-လတ် - Classic Poetry Ayerwaddy

Yin Sue | 11:37 AM | Best Blogger Tips

ကောင်းကောင်း - ကျွန်တော်ချစ်တဲ့သူမှာ ချစ်သူရှိတယ်

Yin Sue | 9:43 AM | Best Blogger Tips

ကျွန်တော်ခံစားမိသမျှ အငွေ့အသက်လေးများ - ၂

Yin Sue | 7:35 AM | Best Blogger Tips
ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးတွေထဲက ကျွန်တော်ကြိုက်တဲ့ အပိုဒ်လေးတွေပါ။ခံစားပေးကြပါဦးနော်။ရင်ခုန်သံတစ်အုပ်လို့ အမည်ပေးထားပါတယ်......

" ရင်ခုန်သံတစ်အုပ် "

ပန်းတစ်ပွင့်ကို နွမ်းလို့ ပစ်ဖူးချင် ပစ်ဖူးပါလိမ့်မယ်
လူတစ်ယောက်ကို လွမ်းဖို့တော့ ဘယ်သူက ချစ်ဖူးမှာတဲ့လဲ?

အဝေးရောက် သံယောဇဉ်တွေနဲ့
ကြယ်စင်ဖမ်းသူရူးတစ်ယောက်ရဲ့ရင်မှာ
" တကယ်လို့များ "ဆိုတဲ့
မျှော်လင့်ခြင်းတွေ ရှိတယ်......

ဘယ်သူ့အတွက်
မွေးဖွားလာရမှန်း မသိပေမဲ့
မင်းအတွက် " ငါ "
အသက်ဆက်ရှင်နေပါရစေ.....

မင်းကျောခိုင်းသွားလိုက်တာနဲ့
အမှောင်အတိကျသွားမဲ့ ကမ္ဘာမှာ ငါနေတယ်.....

ငါ့ဘ၀တစ်ခုလုံးရဲ့
အကြီးမားဆုံး အတ္တဆိုတာ
မင်းရဲ့ အရိုးရှင်းဆုံး အပြုံးလေးတစ်ခုပါပဲ.....

အလွမ်းဆိုတာ
ပုံဆောင်ခဲတစ်ခုအဖြစ် ဖော်ပြရခက်သလို
လွယ်လွယ်နဲ့လည်း အငွေ့မပျံတတ်ဘူးလေ.....

ငါဆိုတဲ့ အကောင်က
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး
မင်းအတွက်
အသက်ရှူပေးချင်တဲ့ ကောင်ပါ.....

စကားတစ်ခွန်းတော့ ပြောပါရစေ
မင်းအမိန့်ပြန်တမ်းထုတ်ခဲ့ရင်တောင်
ငါ့နှလုံးသား လွတ်မှာ ကျွတ်မှာ မဟုတ်ဘူး.....
                                                                  (ဒီဟာလေးပဲကျွန်တော်ရေးတာပါ...ရင်ဆူး)
                                                                                     ရင်ဆူး
                                                                                                   8.8.2011
                                                                                                   2:55 PM