"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Sunday, April 27, 2014

လွမ်းလို့သေသွားတာ ငါ့စိတ်တွေပေါ့

Yin Sue | 5:20 AM | Best Blogger Tips
Views

လွမ်းလို့သေသွားတာ ငါ့စိတ်တွေပေါ့

အိပ်ယာအောက်ရေ၀င်တာလား ?
ဘူးလေးရာ ဖရုံဆင့်တာလား မသိဘူးခိုင်
လွမ်းနေတုန်း ရေပက်တာတွေမြင်တော့
မင်းတစ်ကိုယ်လုံး ရေစိုနေမလား တွေးမိတယ်
ငါ့တစ်ကိုယ်လုံး ရေစိုသွားသေးလား ကြည့်မိတယ်
စိုတော့ .... စိုတယ်
ရင်ထဲမှာ မျက်ရည်တွေ
အဲ့ဒီလိုနဲ့ ...
ငါ့စိတ်တွေ သေသွားပြန်တယ်
မျက်ရည်နစ်လို့ .....

                       ရင်ဆူး
                   14.04.2014
                      5:43 PM


Views

0 comments:

Comment here

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............