" ပစ္စုပ္ပန် "
မနက်မနက်သောက်တဲ့ ကော်ဖီခွက်တွေမှာ
မင်းအငွေ့အသက်လေးများ ပါမလားဆိုပြီး
မင်းအငွေ့အသက်လေးများ ပါမလားဆိုပြီး
ရှာရှာကြည့်နေရတဲ့အချိန်တွေဟာ ပိုပိုခါးလာ
ကို့မျက်နှာမှာ ကုတ်ရာခြစ်ရာတွေရှိနေတာ သိသွားရင်
မင်းမရှိလို့ဆိုပြီး ၀မ်းနည်းနေမလား
ဒီလက်သည်းတွေကလည်း အလိုက်မသိ
ကို့မျက်နှာမှာ ကုတ်ရာခြစ်ရာတွေရှိနေတာ သိသွားရင်
မင်းမရှိလို့ဆိုပြီး ၀မ်းနည်းနေမလား
ဒီလက်သည်းတွေကလည်း အလိုက်မသိ
မင်းမရှိမှ ပိုပိုရှည်လာ
ကိုယ့်လက်ရာကိုယ် မစားချင်ဘူး
မီးပူထိုးမထားတဲ့အကျီင်္တွေ မ၀တ်ချင်ဘူး
အပြင်သွားခါနီးတိုင်း ဘာလိုလိုနေမှန်း မသိဘူး
လိုတာမရ ရတာ မလိုတာ မဟုတ်ဘူး
လိုတာရပြီးမှ ရတာလေး ပြန်လိုချင်နေတာ
အိမ်မှာချိတ်ထားတဲ့ ဓါတ်ပုံလေးထဲ
ကိုတို့အပြုံးတွေ ထားခဲ့မှတော့
ကလိထိုးရယ်ခိုင်းလည်း ဘယ်ရယ်တတ်တော့မလဲ
နေ့စွဲတိုင်းက ပြဿဒါးဖြစ်နေတော့
ပြက္ခဒိန်တွေလည်း မကြည့်တော့ဘူး
ကောင်းတာတွေလည်း မလုပ်တော့ဘူး
နာရီတွေကိုဘဲ ထိုင်လှည့်နေမိတော့တယ်
ရာသီဥတု မကောင်းလို့
ရေများများသောက်ပါ
အသီးအနှံများများစားပါ
လိုတဲ့ဆေးတွေ အမြဲဆောင်ထားပါ
စိုးရိမ်ရေအမှတ်ဆိုတာ အချိန်တိုင်းကျော်နေခဲ့တော့
ကျော်နေမိတဲ့အချိန်တိုင်း စိုးရိမ်စိတ်နဲ့ စိတ်ပူတယ် .....
ရင်ဆူး
26.1.2014
1:00 AM
Views
0 comments:
သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............