ရင်နှင့်ရင်းသော အရာအားလုံးကို မြတ်နိုးသည်....ကျွန်တော်ခံစားလို့ ရသမျှအားလုံး တင်ထားပေးတာပါ .....
Saturday, December 31, 2011
Tuesday, December 27, 2011
Monday, December 26, 2011
" ကြင်သူသက်ထား ဇနီးမယား "
Yin Sue | 11:54 AM |
Poems

အိမ်ထောင်တစ်သက်တစ်ကျွန်းနှင့် ပါရမီဖြည့်စေရန်
ကျွန်တော်ရင်ဆူးသည်
ချိုရှရှစကားသံများဖြင့် ဖမ်းစားတတ်သော
မျက်ဝန်းညိုညိုများဖြင့် ပြုံးတတ်သော
နှုတ်ခမ်းဖူးဖူးများဖြင့် စွဲဆောင်တတ်သော
ထိုမိန်းမပျိုအား...
ကျွန်တော်ဧ။် အတွေးများအတွင်း
ပိုင်နက်ကျူးကျော် သိမ်းပိုက်မှု့ဖြင့်လည်းကောင်း...
ကျွန်တော်ဧ။် အိမ်မက်များကို
ခိုးယူသွားသူအဖြစ်လည်းကောင်း...
ကျွန်တော်ဧ။် အလုပ်ဝတ္တရားများကို
နှောင့်ယှက်မှု့ဖြင့်လည်းကောင်း...
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားအောင်
သွေးဆောင်ဖြားယောင်းမှု့ဖြင့်လည်းကောင်း...
အစရှိသဖြင့်
ဆွဲလို့မကုန်သော စွဲချက်များဖြင့်
ဖူးစာရေးနတ်မင်းကြီးထံ တိုင်ကြားရာ
နှလုံးသားခုံရုံးမှ
အပြစ်ရှိကြောင်း ထင်ရှားသဖြင့်
ထိုမိန်းမပျိုအား
၅.၂.၂၀၁၁ နေ့စွဲပါ ဆုံးဖြတ်ချက်အရ
ပုဒ်မ ၁၅၀၀/ ၅၂၈ ဖြင့်
အိမ်ထောင်တစ်သက်တစ်ကျွန်းနှင့် ပါရမီဖြည့်စေရန် အမိန့်ချမှတ်လိုက်သည်.....
ရင်ဆူး
26.12.2011
10:25PM
Friday, December 23, 2011
Friday, December 9, 2011
Tuesday, December 6, 2011
Subscribe to:
Posts (Atom)