"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Friday, January 27, 2012

Ko Aung Pyae Soe - Nature and Coastal Photography ( 100 % made in myanmar )

Yin Sue | 5:12 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း...၊blogသော်လည်းကောင်း အသုံးပြုမည်ဆိုပါက ကျွန်တော့် email...mps.photographer@gmail.com ကိုemailလေးပို့ပြီး ခွင့်ပြုချက်လေးတောင်းပါခင်ဗျာ...အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Ko Aung Pyae Soe - Nature and Coastal Photography ( 100 % made in myanmar )

Yin Sue | 4:41 AM | Best Blogger Tips
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း...၊blogသော်လည်းကောင်း အသုံးပြုမည်ဆိုပါက ကျွန်တော့် email...mps.photographer@gmail.com ကိုemailလေးပို့ပြီး ခွင့်ပြုချက်လေးတောင်းပါခင်ဗျာ...အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)

Note - Click the Photo to view the full  screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

Thursday, January 26, 2012

Michael Jackson - Beat It

Yin Sue | 5:18 AM | Best Blogger Tips

Michael Jackson - They Don't Really Care About Us( Lyrics)

Yin Sue | 5:14 AM | Best Blogger Tips

Michael Jackson - You Are Not Alone ( Lyrics)

Yin Sue | 4:55 AM | Best Blogger Tips

Michael Jackson - Heal The World ( Lyrics )

Yin Sue | 4:52 AM | Best Blogger Tips

Michael Jackson - Earth Song ( Lyrics )

Yin Sue | 4:44 AM | Best Blogger Tips

Michael Jackson - Black Or White

Yin Sue | 4:24 AM | Best Blogger Tips

We Are The World ( Lyrics )

Yin Sue | 4:12 AM | Best Blogger Tips

We Are The World

Yin Sue | 4:10 AM | Best Blogger Tips

Tuesday, January 24, 2012

" ကြယ်တွေကို သနားတယ် "

Yin Sue | 5:35 AM | Best Blogger Tips

ငါမင်းကိုလွမ်းတိုင်း
ကြယ်တစ်ပွင့်ကြွေမယ်ဆိုရင် 
နောက်မျိုးဆက်တွေ
ကြယ်မမြင်ဘူးမှာ စိုးတယ်.....
                                                                                              ရင်ဆူး
                                                                                             22.1.2012
                                                                                             12:07 PM

" အချစ် "

Yin Sue | 5:18 AM | Best Blogger Tips
လူတစ်ယောက်ကိုချစ်တယ်ဆိုတာ
 သူ့ရဲ့အကောင်းဆုံးတွေကိုဘဲ မြင်ခြင်းမဟုတ်ဘူး...
သူ့အတွက်အကောင်းဆုံးတွေဖြစ်အောင် လုပ်ပေးချင်နေခြင်းဘဲဖြစ်တယ်.....

                                                                                  ရင်ဆူး 
                                                                                  22.1.2012
                                                                                  12:25 PM

Wednesday, January 18, 2012

ဘိုဖြူ - နှင်းဆီ

Yin Sue | 3:33 AM | Best Blogger Tips

အရမ်းကြိုက်တဲ့ သီချင်းလေးပါ....

ဝိုင်စုခိုင်သိန်း - နှုတ်ဆက်ပါတယ်

Yin Sue | 3:00 AM | Best Blogger Tips

ဝိုင်းစုခိုင်သိန်း - လိပ်ပြာဝှက်တမ်း

Yin Sue | 2:50 AM | Best Blogger Tips

ဝိုင်းစုခိုင်သိန်း - အလွမ်းဆုလာဘ်

Yin Sue | 2:48 AM | Best Blogger Tips

ဝိုင်းစုခိုင်သိန်း - အချစ်နဲ့အလွမ်း

Yin Sue | 2:46 AM | Best Blogger Tips

ဆိုတေး - မြန်မာမလေး

Yin Sue | 2:44 AM | Best Blogger Tips

G-လတ် - အိမ်အပြန်အလွမ်း

Yin Sue | 2:24 AM | Best Blogger Tips

G-လတ် - မင်းရဲ့အိမ်

Yin Sue | 1:36 AM | Best Blogger Tips

ဇော်ဝင်းထွဋ် - ဘယ်သူရှိမလဲ

Yin Sue | 1:20 AM | Best Blogger Tips

ဇော်ဝင်းထွဋ် - ဘာလိုလို

Yin Sue | 1:09 AM | Best Blogger Tips

ဇော်ဝင်းထွဋ် - တစ်ယောက်တည်းလွမ်း

Yin Sue | 1:07 AM | Best Blogger Tips

ဇော်ဝင်းထွဋ် - ငါ့ရင်ခွင်ကို

Yin Sue | 12:54 AM | Best Blogger Tips

Tuesday, January 17, 2012

ဒီအမျိုးသမီးအသက်ဘယ်လောက်ရှိပြီလဲ

Yin Sue | 11:58 PM | Best Blogger Tips
အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။ ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။ “ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား” “၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။ “အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။ နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။ ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့” “မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။ ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက် လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမ မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။ “အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။ “ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်” အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။ သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး မေးလိုက်ပြန်တယ်။ အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။ အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့ အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊ သေချာပေါက်ကို ပြောနိုင်မှာပါ” အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က အနိုင်ယူ သွားခဲ့တယ်။ သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။ “ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့” အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ် ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက စိတ်မရှည်တော့ဘူး။ “ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ” ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ နောက်ဆုံး အကြိမ် ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။ “ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား” အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး ဖြစ်နေတာပေါ့။ “တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ” “ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။ “ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။ “မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”

ဝိုင်ဝိုင်း - သင်ခန်းစာ

Yin Sue | 12:16 PM | Best Blogger Tips

ထွန်းထွန်း - မီးအိမ်ရှင်မလေး

Yin Sue | 12:08 PM | Best Blogger Tips

ဆိုတေး - မီးအိမ်ရှင်

Yin Sue | 12:07 PM | Best Blogger Tips

ဟဲလေး - ထား

Yin Sue | 12:02 PM | Best Blogger Tips

စိုင်းထီးဆိုင် - မြင်းမိုရ်မို့လား

Yin Sue | 11:55 AM | Best Blogger Tips

စိုင်းထီးဆိုင် - သံလွင်ချောင်းခြား

Yin Sue | 11:53 AM | Best Blogger Tips

စိုင်းထီးဆိုင် - နေရစ်တော့ကွယ် သွားတော့မယ်

Yin Sue | 11:51 AM | Best Blogger Tips

စိုင်းထီးဆိုင် - အချစ်ဆိုတာ လျို့ဝှက်ချက်တစ်ခုပါ

Yin Sue | 11:49 AM | Best Blogger Tips

စိုင်းထီးဆိုင် - စဉ်းစားပါဦး

Yin Sue | 11:47 AM | Best Blogger Tips

စိုင်းထီးဆိုင် - ဒီထက်ပိုပြီး မတတ်နိုင်ဘူး

Yin Sue | 11:44 AM | Best Blogger Tips

ဝါသနာ

Yin Sue | 11:36 AM | Best Blogger Tips
…ဂျော်နီ ကျောင်းအသစ်မှာ ကျောင်းတက်ရမှာမို့ သူ့ဖေဖေက ဆရာမကို လိုက်အပ်တယ်။ သားက အလောင်းအစား အလွန်ဝါသနာပါတဲ့အကြောင်းလည်း ဆရာမကို သူက သတိပေးတယ်။ ဆရာမက ကိစ္စမရှိပါဘူး၊ ဒီထက်မကဆိုးတဲ့ ကျောင်းသားတွေ ကိုတောင် သူကိုင်တွယ်နိုင်ပါတယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့ဖို့ပြောတယ်။ …ညနေကျောင်းဆင်းချိန်ကျတော့ သူ့ဖေဖေက ဂျော်နီကို လာကြိုရင်း အခြေအနေ ဘယ်လိုရှိသလဲလို့ သူ့ဆရာမကို မေးတယ်။ “ကျွန်မ သူ့အလောင်းအစား ၀ါသနာကို ရိုက်ချိုးပစ်လိုက်ပြီ” ဆရာမက ပြောတယ်။ “သူ ကျွန်မတင်ပါးမှာ မှဲ့ကြီးတစ်လုံးရှိတယ်လို့ ငါးဒေါ်လာကြေးအလောင်းအစား ထပ်လာတယ်။ ခုတော့ သူ ရှုံးသွားပြီလေ” “တောက်…ဒီကောင်ကွာ” ဂျော်နီ့ဖေဖေ အတော် ဒေါကန်သွားပုံရတယ်။ “ဘာဖြစ်လို့လဲရှင့်” ဆရာမ မျက်စိလည်သွားတယ်။ “မနက်က ဒီကောင် ကျုပ်နဲ့ ဒေါ်လာတစ်ရာကြေး အလောင်းအစား လုပ်သွားတယ်လေ။ ဒီနေ့ ဆရာမ တင်ပါးကို သူရအောင် ကြည့်ခဲ့မယ်တဲ့”

သက်သေ

Yin Sue | 11:29 AM | Best Blogger Tips
အတန်းထဲတွင်ဖြစ်သည်။ဆရာမက မေးသည်။ "ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရတာလဲ" "ဝေလငါးနဲ့ အိပ်လို့" "ပီတာ ၊ အခုချက်ချင်း အခန်းထဲကထွက်သွားစမ်း" ထို့နော်က ဆရာမကဆက်မေးသည။ "ကျောက်ပုစွန်ရဲ့မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွကနေရတာလဲ၊ ဘယ်သူသိကြသလဲကွယ်။" "ဝေလငါးနဲ့ ငါးလိပ်ကျောက်နဲ့ အိပ်တာ သူမြင်လိုက်လို့"

လျို့ဝှက်ချက်

Yin Sue | 11:25 AM | Best Blogger Tips
တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ? ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်... "ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့ နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။ ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။ ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး ဆက်သွားကြပြန်ပါတယ်။ တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့ ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!" လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ..."

အမေနဲ့သမီး ရေကူးကန်မှာ

Yin Sue | 11:23 AM | Best Blogger Tips
*အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ * ** *ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။* ** * ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ * ** *နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။ * ** * လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။*

" ဆက်မဖတ်နဲ့နော် "

Yin Sue | 11:22 AM | Best Blogger Tips
ဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် ပြောနေတာပါ။ ခင်ဗျား ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။ ကျနော်က ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။ အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။ အလားတူဘဲ .. မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ များသထက် များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။ ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့ မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း အခက်သား၊ မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။ အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါဘဲ။ ကျနော်ပြောမယ်။

Alan Jackson - Remember When ( Lyrics )

Yin Sue | 8:11 AM | Best Blogger Tips

Friday, January 13, 2012

Tuesday, January 10, 2012

အလွမ်း ( 2011 Christmas အမှတ်တရ )

Yin Sue | 1:46 AM | Best Blogger Tips
သုံညအောက်ရောက်နေတာတောင်
ငါ့နှလုံးသားတွေက မင်းအတူပူနေတုန်း
ငါ့နှလုံးသွေးတွေက မင်းအတွက်ဆူနေတုန်းပါ .....

ချစ်တယ်ဆိုတာ လွမ်းဖို့မဟုတ်ပေမဲ့
လွမ်းနေတဲ့သူတွေကတော့ ချစ်နေလို့ဆိုတာ မင်းသိလား ..... 

ကုန်ကုန်ပြောမယ်ကွာ
မင်းကိုလွမ်းလွန်းလို့တူးမိတဲ့ အတိတ်တွေက ...
ကမ္ဘာကြီးသာဆိုရင်
ကမ္ဘာပျက်လောက်ပြီ ... အချစ်ရဲ့ .....

                                                                                                       ရင်ဆူး
                                                                                                   25.12.2011
                                                                                                     1:30 PM
Christmas ကိုမုန်းတယ်... တစ်ယောက်တည်းလွမ်းနေရလို့
                                                                                                     
Friday, January 6, 2012

လည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း

Yin Sue | 10:48 AM | Best Blogger Tips
အင်တာနက်ပေါ်မှာတွေ့သော ပုံများကို ကျွန်တော်က ဓါတ်ပုံဝါသနာပါသူများ ခံစားနိုင်ရန်တင်ပေးခြင်းဖြစ်ပါသည်....ဓါတ်ပုံဆရာများအားလုံးကို ကျွန်တော်မသိပါ.....သိသလောက်ခွင့်ပြုချက်တောင်းပါမည်.......မသိဘဲတင်မိသည်များကိုလည်း ဒီနေရာမှတောင်းပန်ပါသည်.......ဆရာတို့ဓါတ်ပုံများကို မတင်စေချင်လျှင် ကျွန်တော့်ထံ မေးလ်ပို့ပြီး ကန့်ကွက်နိုင်ပါသည်......ဓါတ်ပုံပညာကိုလေးစားပြီး....ဓါတ်ပုံများကိုချစ်တတ်သော ရင်ဆူး..xenovsixhlaingyenaing@gmail.com 

Note - Click the Photo to view the full  screen ! 
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

လည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း

Yin Sue | 10:48 AM | Best Blogger Tips
အင်တာနက်ပေါ်မှာတွေ့သော ပုံများကို ကျွန်တော်က ဓါတ်ပုံဝါသနာပါသူများ ခံစားနိုင်ရန်တင်ပေးခြင်းဖြစ်ပါသည်....ဓါတ်ပုံဆရာများအားလုံးကို ကျွန်တော်မသိပါ.....သိသလောက်ခွင့်ပြုချက်တောင်းပါမည်.......မသိဘဲတင်မိသည်များကိုလည်း ဒီနေရာမှတောင်းပန်ပါသည်.......ဆရာတို့ဓါတ်ပုံများကို မတင်စေချင်လျှင် ကျွန်တော့်ထံ မေးလ်ပို့ပြီး ကန့်ကွက်နိုင်ပါသည်......ဓါတ်ပုံပညာကိုလေးစားပြီး....ဓါတ်ပုံများကိုချစ်တတ်သော ရင်ဆူး..xenovsixhlaingyenaing@gmail.com 

Note - Click the Photo to view the full  screen ! 
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

လည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း

Yin Sue | 10:47 AM | Best Blogger Tips

Yin Sue | 10:46 AM | Best Blogger Tips

Ko Ar Kar - Myanmar - 4 - လည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း

Yin Sue | 10:46 AM | Best Blogger Tips
ကိုအာကာ၏ ပုံလေးဖြစ်ပါတယ်.......လိုချင်သောသူများ ကိုအာကာ zcoscar@gmail.com ထံတွင် ခွင့်ပြုချက်လေး တောင်းပြီး ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ.......

Note - Click the Photo to view the full  screen ! 
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

လည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း

Yin Sue | 10:45 AM | Best Blogger Tips

အင်တာနက်ပေါ်မှာတွေ့သော ပုံများကို ကျွန်တော်က ဓါတ်ပုံဝါသနာပါသူများ ခံစားနိုင်ရန်တင်ပေးခြင်းဖြစ်ပါသည်....ဓါတ်ပုံဆရာများအားလုံးကို ကျွန်တော်မသိပါ.....သိသလောက်ခွင့်ပြုချက်တောင်းပါမည်.......မသိဘဲတင်မိသည်များကိုလည်း ဒီနေရာမှတောင်းပန်ပါသည်.......ဆရာတို့ဓါတ်ပုံများကို မတင်စေချင်လျှင် ကျွန်တော့်ထံ မေးလ်ပို့ပြီး ကန့်ကွက်နိုင်ပါသည်......ဓါတ်ပုံပညာကိုလေးစားပြီး....ဓါတ်ပုံများကိုချစ်တတ်သော ရင်ဆူး..xenovsixhlaingyenaing@gmail.com 

Note - Click the Photo to view the full  screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ.... 

လည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း

Yin Sue | 10:45 AM | Best Blogger Tips

အင်တာနက်ပေါ်မှာတွေ့သော ပုံများကို ကျွန်တော်က ဓါတ်ပုံဝါသနာပါသူများ ခံစားနိုင်ရန်တင်ပေးခြင်းဖြစ်ပါသည်....ဓါတ်ပုံဆရာများအားလုံးကို ကျွန်တော်မသိပါ.....သိသလောက်ခွင့်ပြုချက်တောင်းပါမည်.......မသိဘဲတင်မိသည်များကိုလည်း ဒီနေရာမှတောင်းပန်ပါသည်.......ဆရာတို့ဓါတ်ပုံများကို မတင်စေချင်လျှင် ကျွန်တော့်ထံ မေးလ်ပို့ပြီး ကန့်ကွက်နိုင်ပါသည်......ဓါတ်ပုံပညာကိုလေးစားပြီး....ဓါတ်ပုံများကိုချစ်တတ်သော ရင်ဆူး..xenovsixhlaingyenaing@gmail.com 

Note - Click the Photo to view the full  screen ! 
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....

လည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း

Yin Sue | 10:44 AM | Best Blogger Tips

Yin Sue | 10:43 AM | Best Blogger Tips

Yin Sue | 10:42 AM | Best Blogger Tips

သင်ဝမ်းနည်းတဲ့ အခါ ဒီစာလေး ဖတ်ကြည့်ပါ

Yin Sue | 10:39 AM | Best Blogger Tips
မိတ်ဆွေ....
သင်ဝမ်းနည်းတဲ့အခါ...
ဒီစာလေးဖတ်ကြည့်ပါ...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
...
အခုမဟုတ်ဘူးလေ ...ငတုံးလေးရဲ့...
ဝမ်းနည်းတဲ့အခါမှလို့ ပြောထားတာလေ...P:

ဒီလိုလား

Yin Sue | 10:33 AM | Best Blogger Tips
အမေရိကရှိ ဂျော့၊ ဂျွန် နှင့် မိုက်ဟူသော ခွဲစိတ်ဆရာဝန် (၃)ဦး စကားလက်ဆုံကျနေသည်။
ဂျွန်- အမေရိကမှာ ငါက အတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။
ဂျော့ နှင့်မိုက် - မင်းက ဘာတွေစွမ်းဆောင်ခဲ့လို့လဲ၊ လင်းစမ်းပါဦး။

ဂျွန် - လက်ချောင်း (၇)ချောင်းပြတ်သွားတဲ့ လူတစ်ယောက်ကို ငါလက်ချောင်းတွေ ပြန်ဆက်ပေးဘူးတယ်၊ ငါဆက်တာကောင်းမကောင်းတော့ မသိဘူး အခုသူ ကမ္ဘာကျော် စန္ဒယားပညာရှင်ဖြစ်နေပြီ။

ဂျော့- မင်းဟာက ဘာဟုတ်သေးလို့လဲကွာ။ ငါခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို ခြေထောက်ပြန်ဆက်ပေးခဲ့တယ်။ ၂နှစ်လောက်လဲကြာရော အဲဒီလူက ဧ၀ရတ်တောင်ကို တတ်နိုင်သွားပြီကွ။

မိုက် - (အားငယ်စိတ်ပျက်သော လေသံဖြင့်) အင်း မင်းတို့တွေ တော်ကြပါတယ်ကွာ။
လွန်ခဲ့တဲ့ (၃) နှစ်လောက်က မြင်းစီးလာတဲ့ ဂျော်ကီတစ်ယောက် အရှိန်ပြင်းတဲ့ ကားနဲ့ တိုက်မိတာ လူကော မြင်းကော ခေါင်းတွေ ပွင့်ကုန်တယ်၊ ဦးနှောက်တွေကို ဖွေးလို့၊ အဲဒီလူရဲ့ ခေါင်းကို ငါပြန်ဆက်ပေးနိုင်ခဲ့တယ် ၊ ဒါပေမဲ့ ---

ဂျော့နဲ့ဂျွန် - ဟာတော်လှချည်လား၊ ဒါပေမဲ့ ဘာဖြစ်လို့လဲဟ။
မိုက် - အရေးတကြီးနဲ့ဆိုတော့ မြင်းဦးနှောက် နဲ့ သူ့ဦးနှောက် လွဲပြီးထည့်ပေးလိုက်တယ်။
ဂျော့နဲ့ဂျွန် - အောင်မလေး ဒုက္ခဘဲ ဒီလူ အခု အခြေအနေ ကောင်းရဲ့လား။ သူအခု  ဘယ်မှာလဲ။
မိုက် - ကောင်းမကောင်းတော့ မသိဘူးကွာ ၊ အခုတော့ အမေရိကန်သမ္မတ ဖြစ်နေလေရဲ့။

ဟာသထဲက ဟာသ

Yin Sue | 5:01 AM | Best Blogger Tips
အပိုင်း (၁)
တစ်ခါက အင်္ဂလိပ် ၊ ပြင်သစ် ၊ တရုတ်လူမျိုး (၃) ဦးသည် သဲကန္တာရ တစ်ခုတွင် ခရီးအတူ သွားကြသည်။
တစ်နေရာရောက်သော် ပုလင်းတစ်လုံးကိုတွေ့သည်။ပုလင်းအဖုံးကိုဖွင့်လိုက်သောအခါ ထိုပုလင်းကိုစောင့်သော နတ်သားတစ်ပါးထွက်လာသည်။နတ်သားက တစ်ယောက်စီကို ကြိုက်နှစ်သက်ရာ ဆန္ဒ (၃) မျိုးစီ တောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
ဒုတိယ ဆန္ဒကရော
"ပိုက်ဆံတွေထပ်လိုချင်ပါသေးတယ်"
တတိယ ဆန္ဒကရော
"ကျွန်တော်မျိုး နေရပ်ကို ပို့ပေးပါ"
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ပိုက်ပြီး မိမိနေရပ်ကို ပြန်သွားလေသည်။

ပြင်သစ်လူမျိုးအားလည်း မေးရာ ပြင်သစ်လူမျိုးက ပထမဦးစွာ
"မိန်းမလှလှလေးတစ်ယောက်လိုချင်ပါတယ်"
ဒုတိယ ဆန္ဒကရော
"မိန်းမလှလှလေး နောက်ထပ်တစ်ယောက် ထပ်လိုချင်ပါတယ်"
တတိယ ဆန္ဒပြောပါ
"ကျွန်တော်မျိုး နိုင်ငံကိုပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာလည်း မိန်းမလှလေးတွေ နှင့် မိမိနိုင်ငံ ပြန်ရောက်သွားလေသည်။

နောက်ဆုံး တရုတ်လူမျိုးအလှည့်တွင် "ကျွန်တော်မျိုးရေဆာတယ် ရေတစ်ပုလင်း အရင်ပေးပါ။"
ဒုတိယ ဆန္ဒပြောပါ
"နောက်ထပ်ရေတစ်ပုလင်းပေးပါ"
တတိယ ဆန္ဒပြောပါ
"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိယနေတယ်။သူတို့ ဒီပြန်ရောက်အောင် လုပ်ပေးပါ"

အပိုင်း (၂)

အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့်အတူ ခရီးဆက်ပြန်သည်။တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး ထွက်လာပြန်သည်။နတ်သာက တစ်ယောက်စီကို ဆန္ဒ (၂)မျိုးစီ တောင်းစေသည်။

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးအကောက်ကြံမည်စိုးသဖြင့် တရုတ်လူမျိုးအား အရင်တောင်းစေသည်။တရုတ်လူမျိုးက "ကျွန်တော်အား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သားက နောက်ဆုံးဆုတောင်းကရော
တရုတ်လူမျိုးက " နောက်ဆုံးတစ်ခုတောင်းဆိုချင်တာက အရှင်ဒီက ထွက်သွားပါ"
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာပျောက်ကွယ်သွားလေသည်။

အပိုင်း (၃)

အင်္ဂလိပ်နှင့်ပြင်သစ်လည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။နတ်သားတစ်ပါးထွက်လာပြီး တစ်ယောက်စီကို ကြိုက်နှစ်သက်ရာ ဆန္ဒတစ်မျိုးစီ တောင်းဆိုစေသည်။
အင်္ဂလိပ်လူမျိုးက "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုးက "ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုးက "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"

အပိုင်း (၄)

အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုပ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။နတ်သားတစ်ပါးထွက်လာပြီး သူတို့ (၃)ဦးကို ဆန္ဒတစ်ခုဘဲ တောင်းစေသည်။ အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို တောင်းဆိုစေပြီး နတ်သားကိုလည်း တရုတ်လူမျိုး၏ ဆန္ဒမပြည့်ဝစေရန် တိုးတိုးပြောလိုက်လေသည်။
တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ကျွန်တော်မျိုးနဲ့ဒုက္ခ ခံနေရတာကို မကြည့်ရက်လို့ပါ" ဟူသတည်း။

ပန်းချီ - ၎

Yin Sue | 4:28 AM | Best Blogger Tips