"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Friday, January 6, 2012

ဒီလိုလား

Yin Sue | 10:33 AM | Best Blogger Tips
Views
အမေရိကရှိ ဂျော့၊ ဂျွန် နှင့် မိုက်ဟူသော ခွဲစိတ်ဆရာဝန် (၃)ဦး စကားလက်ဆုံကျနေသည်။
ဂျွန်- အမေရိကမှာ ငါက အတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။
ဂျော့ နှင့်မိုက် - မင်းက ဘာတွေစွမ်းဆောင်ခဲ့လို့လဲ၊ လင်းစမ်းပါဦး။

ဂျွန် - လက်ချောင်း (၇)ချောင်းပြတ်သွားတဲ့ လူတစ်ယောက်ကို ငါလက်ချောင်းတွေ ပြန်ဆက်ပေးဘူးတယ်၊ ငါဆက်တာကောင်းမကောင်းတော့ မသိဘူး အခုသူ ကမ္ဘာကျော် စန္ဒယားပညာရှင်ဖြစ်နေပြီ။

ဂျော့- မင်းဟာက ဘာဟုတ်သေးလို့လဲကွာ။ ငါခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို ခြေထောက်ပြန်ဆက်ပေးခဲ့တယ်။ ၂နှစ်လောက်လဲကြာရော အဲဒီလူက ဧ၀ရတ်တောင်ကို တတ်နိုင်သွားပြီကွ။

မိုက် - (အားငယ်စိတ်ပျက်သော လေသံဖြင့်) အင်း မင်းတို့တွေ တော်ကြပါတယ်ကွာ။
လွန်ခဲ့တဲ့ (၃) နှစ်လောက်က မြင်းစီးလာတဲ့ ဂျော်ကီတစ်ယောက် အရှိန်ပြင်းတဲ့ ကားနဲ့ တိုက်မိတာ လူကော မြင်းကော ခေါင်းတွေ ပွင့်ကုန်တယ်၊ ဦးနှောက်တွေကို ဖွေးလို့၊ အဲဒီလူရဲ့ ခေါင်းကို ငါပြန်ဆက်ပေးနိုင်ခဲ့တယ် ၊ ဒါပေမဲ့ ---

ဂျော့နဲ့ဂျွန် - ဟာတော်လှချည်လား၊ ဒါပေမဲ့ ဘာဖြစ်လို့လဲဟ။
မိုက် - အရေးတကြီးနဲ့ဆိုတော့ မြင်းဦးနှောက် နဲ့ သူ့ဦးနှောက် လွဲပြီးထည့်ပေးလိုက်တယ်။
ဂျော့နဲ့ဂျွန် - အောင်မလေး ဒုက္ခဘဲ ဒီလူ အခု အခြေအနေ ကောင်းရဲ့လား။ သူအခု  ဘယ်မှာလဲ။
မိုက် - ကောင်းမကောင်းတော့ မသိဘူးကွာ ၊ အခုတော့ အမေရိကန်သမ္မတ ဖြစ်နေလေရဲ့။




Views

0 comments:

Comment here

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............