ရင်နှင့်ရင်းသော အရာအားလုံးကို မြတ်နိုးသည်....ကျွန်တော်ခံစားလို့ ရသမျှအားလုံး တင်ထားပေးတာပါ .....
Saturday, December 31, 2011
Tuesday, December 27, 2011
Monday, December 26, 2011
" ကြင်သူသက်ထား ဇနီးမယား "
Yin Sue | 11:54 AM |
Poems
အိမ်ထောင်တစ်သက်တစ်ကျွန်းနှင့် ပါရမီဖြည့်စေရန်
ကျွန်တော်ရင်ဆူးသည်
ချိုရှရှစကားသံများဖြင့် ဖမ်းစားတတ်သော
မျက်ဝန်းညိုညိုများဖြင့် ပြုံးတတ်သော
နှုတ်ခမ်းဖူးဖူးများဖြင့် စွဲဆောင်တတ်သော
ထိုမိန်းမပျိုအား...
ကျွန်တော်ဧ။် အတွေးများအတွင်း
ပိုင်နက်ကျူးကျော် သိမ်းပိုက်မှု့ဖြင့်လည်းကောင်း...
ကျွန်တော်ဧ။် အိမ်မက်များကို
ခိုးယူသွားသူအဖြစ်လည်းကောင်း...
ကျွန်တော်ဧ။် အလုပ်ဝတ္တရားများကို
နှောင့်ယှက်မှု့ဖြင့်လည်းကောင်း...
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားအောင်
သွေးဆောင်ဖြားယောင်းမှု့ဖြင့်လည်းကောင်း...
အစရှိသဖြင့်
ဆွဲလို့မကုန်သော စွဲချက်များဖြင့်
ဖူးစာရေးနတ်မင်းကြီးထံ တိုင်ကြားရာ
နှလုံးသားခုံရုံးမှ
အပြစ်ရှိကြောင်း ထင်ရှားသဖြင့်
ထိုမိန်းမပျိုအား
၅.၂.၂၀၁၁ နေ့စွဲပါ ဆုံးဖြတ်ချက်အရ
ပုဒ်မ ၁၅၀၀/ ၅၂၈ ဖြင့်
အိမ်ထောင်တစ်သက်တစ်ကျွန်းနှင့် ပါရမီဖြည့်စေရန် အမိန့်ချမှတ်လိုက်သည်.....
ရင်ဆူး
26.12.2011
10:25PM
Friday, December 23, 2011
Friday, December 9, 2011
Tuesday, December 6, 2011
Thursday, November 17, 2011
Tuesday, November 15, 2011
Sunday, November 6, 2011
ဘယ်ပန်းချီရေးလို့မမှီ (၂၄ နှစ်ပြည့်မွေးနေ့အဖြစ် အဖေ နဲ့ အမေကို သားကန်တော့လိုက်ပါတယ်)
Yin Sue | 10:10 AM |
Poems
အနန္တမေတ္တာ
အဖေ့ရဲ့ညာလက်
အမေ့ရဲ့ဘယ်လက်နဲ့
လူဖြစ်ခဲ့တဲ့ ကျွန်တော်
တွေးလိုက်တိုင်း
ရင်ထဲကိုဆို့တက်လာတဲ့မျက်ရည်နဲ့
သတိရတဲ့စိတ်ကလွဲရင်
သားဘာများလုပ်ပေးခဲ့မိလဲ အမေ.....
"ဒါမှငါ့သားကွ" ဆိုတဲ့ အဖေ့အသံ
မကြားနိုင်တဲ့ ရင်ထဲမှာ
အထပ်ထပ်ပြန်ကြားနေတာ
မေတ္တာမဟုတ်လား အဖေ......
ဒီအသက်အရွယ်အထိ
စိတ်ပူနေတတ်တဲ့ အမေ
လောကကြီးမှာ သားလမ်းလျှောက်နေပေမဲ့
အမေ့ရင်ထဲမှာတော့
သားလမ်းမလျှောက်တတ်သေးဘူးအမေ .....
"ဘုရားတရားများများလုပ်နော်"ဆိုတဲ့ အဖေ နဲ့အမေ
ဘယ်ပန်းချီမှရေးလို့မမှီသလို
ဘယ်လိုဆပ်ဆပ်လည်းမကုန်တဲ့ကျေးဇူးတွေကို
ရတနာသုံးပါးပြီးရင်
သား ....
အမြဲကန်တော့နေပါတယ် ......
ရင်ဆူး
၆.၁၁.၂၀၁၁
၂၄နှစ်ပြည့်မွေးနေ့အမှတ်တရ
Thursday, November 3, 2011
ဇော်ဝင်းထွဋ် + အီတိုး - ပဲ့ကိုင်ရှင်
Yin Sue | 4:07 PM |
Myanmar Songs
ဒီနေရာကနေပြီး အဖေ့ကို သား ကန်တော့နေပါတယ် ......
ဇော်ဝင်းထွဋ် - ကောင်းကင်မေမေ
Yin Sue | 4:04 PM |
Myanmar Songs
အမေ့ကို ဒီနေရာကနေ သား ကန်တော့နေပါတယ်.................အမေ
ဇော်ဝင်းထွဋ် - အနှိုင်းမဲ့
Yin Sue | 4:01 PM |
Myanmar Songs
ကျွန်တော့အတွက် အမှတ်တရ အဖြစ်ဆုံးသီချင်းလေးပါ .....
ကျွန်တော့ ချစ်ဇနီးလေးအတွက် ရည်ရွယ်ပါတယ် .....
G-လတ် - ကြိုနေစေချင်တယ်
Yin Sue | 3:22 PM |
Myanmar Songs
ကျွန်တော် ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုပါ.....
ကျွန်တော့် ဇနီးလေး အတွက်ပါ.....
ထူးအယ်လင်း + မီးမီးခဲ - မင်း
Yin Sue | 3:11 PM |
Myanmar Songs
မင်းရဲ့ဝေ့ကနဲ့မော့အကြည့်မှာ
ကတိုက်တရိုက်ခုန်ဆင်းသွားတဲ့ ရင်ခုန်သံတွေ
မင်းခြေရင်းမှာ
ခံစားမှုတွေထပ်လို့
ဖွဲ့စည်းမှုတွေပျက်......လို့
" အရမ်းချစ်တယ် "ဆိုတဲ့ စကားဘဲ
ဒီရင်က ပြောတတ်လာခဲ့တယ်.......
လှိုင်ဦးမော် - ရင်ခုန်နေတုန်းလေ
Yin Sue | 2:51 PM |
Myanmar Songs
ဘယ်အချိန်ဘဲဖြစ်ဖြစ်
မင်းလာမတိုင်းကြည့်နဲ့
မင်းအတွက် ခုန်တဲ့ ရင်ခုန်သံတွေ
၁၅၀၀ ကနေ တစ်ပြားသားမှ မလျော့ဘူး.......
ရင်ဆူး
29.10.2011
6:13 PM
G-လတ် - ဝေးပြီးတဲ့နောက်
Yin Sue | 1:49 PM |
Myanmar Songs
ဝေးပြီးတော့မှ ပြန်လာစေချင်သေးလို့လား......
မဖြစ်နိုင်တော့တဲ့ ဘ၀တွေ
မင်းနဲ့ငါ မှ ရှိတာမဟုတ်ပါဘူး
မင်းမသိတော့တဲ့ ဆုံမှတ် သီအိုရီ ငါပြန်မပြောချင်ဘူး
မင်းမတတ်မြောက်ခဲ့တဲ့ နယူတန် ရဲ့ 3rd Law ငါပြန်မသင်ပေးချင်ဘူး
မင်းတတ်တာက
အပြုံးတစ်ခုနဲ့ ငွေဖြစ်နည်း
စကားတစ်ခွန်းနဲ့ အသေသတ်နည်း
ပြီးတော့
ငါပြောပြောနေတဲ့
အချစ် နဲ့ ငွေကို ထပ်တူချခြင်းဘဲ ....
(တကယ်တော့ ဘယ်ငှက်မှ ခဲနှစ်ခါ အမှန် မခံဘူးဆိုတာ အခုထိ မင်းမသိသေးဘူးနော်)
ဖြူဖြူကျော်သိန်း - မိုးလင်းတော့
Yin Sue | 12:58 PM |
Myanmar Songs
Phyu Phyu Kyaw Thein(Moe Lin Dot)
လင်းလင်း - အရှေ့ဘက်တောင်တန်းကတန်ဆောင်တိုင်
Yin Sue | 11:09 AM |
Myanmar Songs
၂၀၀၉ တန်ဆောင်တိုင်ကိုလွမ်းရင်း ......
Tuesday, November 1, 2011
Saturday, October 29, 2011
" မင်းစိတ်နဲ့ငါ "
Yin Sue | 11:04 PM |
Poems
လိုက်ဖက်တဲ့ ဘ၀တွေဖြစ်မယ်ဆိုရင်
မင်းနဲ့အတူ
အပြုံးနဲ့လည်း ပျော်ချင်တယ်
သုခနဲ့လည်း ငိုချင်တယ် .....
မင်းလက်ကလေးကိုင်ထားရင်
ကမ္ဘာကို ပိုင်ထားသလိုပါဘဲ
ပြည့်စုံမှုဆိုတာ
မင်းနဲ့စလို့
မင်းနဲ့ဘဲ ဆုံးခဲ့ရတယ်
ဒါကြောင့် ...
မင်းနဲ့ပါတ်သက်ရင်
ချို့တဲ့မှုဆိုတာလည်း မရှိဘူး
နိမ့်ကျမှုဆိုတာလည်း မသိဘူး .....
ဘယ်လောက်ထိ ချစ်သွားမှန်းမသိအောင်
ဘာပဲဖြစ်ဖြစ်ဆိုတဲ့ စိတ်နဲ့ချစ်ခဲ့တယ်
ကို နဲ့ မင်း
နှစ်လွှာဖက်နဲ့ စွယ်တော်ရွက်မဟုတ်ဘူး
နွေဦးနဲ့ လေရူးလည်း မဟုတ်ဘူး
ဒါပေမဲ့ ...
'ကို' ဟာ 'မင်း' ဖြစ်လို့
'မင်း' ဟာ 'ကို' ဖြစ်ခဲ့တယ် .....
Friday, October 28, 2011
"စိုးစိတ်"
Yin Sue | 3:55 PM |
Poems
နံနက်တိုင်း
အလင်းနဲ့အတူ
ရောက်လာတတ်သူ ...မင်း
အတွေးတိုင်း
အချစ်နှင့်အတူ
ရောက်လာတတ်သူ ...မင်း
ညတိုင်း
ကို နဲ့အတူ
မင်းရော အိမ်မက်မက်ရဲ့လား ...?
ဘ၀တိုင်း
နှစ်ယောက်အတူ
ချစ်ခွင့်ကြုံပါ့မလား ...?
ရင်ဆူး
1.4.2010
12:00
"တစ်ခုတည်းသောဘ၀"
Yin Sue | 3:42 PM |
Poems
မျက်ဝန်းချိုချို တွေနဲ့'သူ'
ကို့ရင်ထဲကို ခက်ခက်ခဲခဲဝင်ခဲ့ပြီးမှ
လွယ်လွယ်နဲ့ ထွက်မသွားပါနဲ့နော်
ဒို့နှစ်ယောက်
ဒုက္ခတွေ့တိုင်း ကျောချင်းကပ်လို့
သုခတွေ့တိုင်း ရင်ချင်းအပ်မယ်နော် .....
မျက်ဝန်းညိုညိုတွေနဲ့'သူ'
မင်းအကြောင်းတွေ တွေးမိတိုင်း
ပါးပြင်လေးက နွေးလို့
ကို့ရင်ထဲမှာ အေးလို့
ကို့အပြုံးထဲမှာ နှင်းတွေဖွေးနေပြီ .....
အပြောချိုချိုတွေနဲ့'သူ'
ကို့စကားခါးခါးတွေပြောမိတိုင်း
နားလည်မှုနဲ့ ခွင့်လွှတ်ပေးနိုင်ခဲ့လို့
မင်းဟာ ကို့ရဲ့
တစ်ယောက်တည်းသော မိန်းမနဲ့
တစ်ခုတည်းသော ဘ၀ပါ .....
အတ္တကြီးတယ် ပြောချင်ပြော
မင်းကို ငါ့ရင်ထဲမှာ ထည့်ထားပြီး
အရိပ်ကလေးတောင် မထွက်အောင်
သိမ်းပိုက်ထားချင်တယ် .....
အေးလာတိုင်း
မင်းရင်ငွေ့နွေးနွေးလေးကို လွမ်းတယ်
မိုးသောက်တိုင်း
မင်းအနမ်းမွှေးမွှေးလေးကို လွမ်းတယ်
မင်းရော နှလုံးခုန်တိုင်း
ကို့ကို သတိရရဲ့လား .....?
ရင်ဆူး
21.2.2011
8:45 PM
ရင်ဆူး
21.2.2011
8:45 PM
"တွဲလက်"
Yin Sue | 3:31 PM |
Poems
ရင်ရဲ့အဝေး
ရောက်သောအချိန်တိုင်း
ဘယ်ဘက်ရင်အုံကိုစမ်း လွမ်းနေရတယ် .....
ကိုမြင်သမျှ မင်းအရိပ်
ကိုတွေးသမျှ မင်းစိတ်ပါ
သံသယမဟုတ်တဲ့ စိုးရိမ်စိတ်ဟာ အပြစ်လား ?
ပြောလို့ဆို ဆူတဲ့အချိန်တိုင်း ပျော်မယ်ထင်လား ?
ကို့စိတ်နဲ့ မငိုပါနဲ့
မင်းပါးပြင်လေး ပူမှာစိုးတယ် .....
ကိုပေးသမျှ ဒဏ်ရာကို အမှတ်တရ
ကိုနဲ့ပါတ်သက်သမျှ သုခလို့
မြင်နိုင်တဲ့မင်း
လေတိုက်တိုင်း
ဒုက္ခတွေပါလာရင်တောင်
တွဲလက်တွေ မဖြုတ်ဘူး .....
ရင်ဆူး
9.3.2010
11:00 PM
ရောက်သောအချိန်တိုင်း
ဘယ်ဘက်ရင်အုံကိုစမ်း လွမ်းနေရတယ် .....
ကိုမြင်သမျှ မင်းအရိပ်
ကိုတွေးသမျှ မင်းစိတ်ပါ
သံသယမဟုတ်တဲ့ စိုးရိမ်စိတ်ဟာ အပြစ်လား ?
ပြောလို့ဆို ဆူတဲ့အချိန်တိုင်း ပျော်မယ်ထင်လား ?
ကို့စိတ်နဲ့ မငိုပါနဲ့
မင်းပါးပြင်လေး ပူမှာစိုးတယ် .....
ကိုပေးသမျှ ဒဏ်ရာကို အမှတ်တရ
ကိုနဲ့ပါတ်သက်သမျှ သုခလို့
မြင်နိုင်တဲ့မင်း
လေတိုက်တိုင်း
ဒုက္ခတွေပါလာရင်တောင်
တွဲလက်တွေ မဖြုတ်ဘူး .....
ရင်ဆူး
9.3.2010
11:00 PM
"၂၄ နာရီသာတဲ့လမင်း"
Yin Sue | 3:23 PM |
Poems
'နင်နော်' ဆိုတဲ့စကား
'သွား'လို့ပြောတဲ့
မင်းစကားသံ ချိုချိုလေးကြားမှာ
ရုန်းလိုက် နစ်လိုက်
ငိုလိုက် ရယ်လိုက်နဲ့ဘဲ
နှစ်ကိုယ့်တစ်စိတ်နဲ့ သူငယ်ချင်း .....
သံယောဇဉ် ဆိုတာ
ဟောင်းနွမ်းလေလေ
တန်ဖိုးရှိလေလေပါဘဲ
ဒီထိုင်နေကျ နေရာ
သောက်နေကျ ကော်ဖီခါးခါးနဲ့
မြင်နေကျ မျက်နှာလှလှလေးကြောင့်
ကို... လူလားမြောက်ခဲ့ရတယ် .....
အာဒံရှိလို့ ဧ၀ဖြစ်တယ်ဆိုပေမယ်.
ကို့အတွက်တော့ ...
မင်းရှိလို့ 'ကို' ဖြစ်ခွင့်ရတာပါ .....
ဒီရင်ရဲ့ကျိန်စာတွေကို ပယ်ဖျက်
လူပြန်ဖြစ်ခွင့်ပေးခဲ့တဲ့ မင်းဟာ
ကို့ကမ္ဘာထဲက ...
၂၄ နာရီသာတဲ့ လမင်းနဲ့
ဝင်သက်ထွက်သက်တိုင်းရဲ့
ဘုရင်မတစ်ပါးပါဘဲ... ချစ်သူရယ် .....
ရင်ဆူး
24.4.2010
2:45 PM
"ဘာကြောင့်"
Yin Sue | 2:58 PM |
Poems
မင်းပုံရိပ် ကို့စိတ်မှာရှိပေမဲ့
မင်းဓါတ်ပုံလေး
မကြည့်ဘဲ မအိပ်နိုင်ဘူး .....
မကြည့်ဘဲ မအိပ်နိုင်ဘူး .....
မင်းရယ်သံလေး ကို့နားထဲမှာ ကြားနေပေမဲ့
မင်းရေးတဲ့စာတွေ
မဖတ်ဘဲ မအိပ်နိုင်ဘူး .....
မင်းရေးတဲ့စာတွေ
မဖတ်ဘဲ မအိပ်နိုင်ဘူး .....
မင်းအရမ်းချစ်မှန်းသိပေမဲ့
စိတ်ချနော်ဆိုတဲ့ စကားလေး
မကြားဘဲ မအိပ်နိုင်ဘူး .....
နေ့တိုင်း
ကို့မျက်လုံး ကိုမကြည့်ဖြစ်ဘူး
ကို့မျက်လုံး ကိုမကြည့်ဖြစ်ဘူး
နေ့တိုင်း
ကို့အကြောင်း ကိုမတွေးဖြစ်ဘူး
နေ့တိုင်း
ဘာကြောင့် မင်းအကြောင်းတွေ
တွေးနေမိရတာလဲ .....?
ရင်ဆူး
29.3.2010
"ဆွဲငင်သောမြေပြင်နှင့် ကြွေကျဦးမယ့် တိမ်များ
Yin Sue | 2:28 PM |
Poems
မိုးထဲမှာ ရွာတဲ့ မြူတွေလို
အရမ်းလှ အရမ်းအေးချမ်းပြီး
တစ်ခြားဘာမှမမြင်စေတာ အချစ်ဆိုရင်
အခုဖြစ်တာတွေက
ကို့အပြစ်တွေလား ?
အရမ်းလှ အရမ်းအေးချမ်းပြီး
တစ်ခြားဘာမှမမြင်စေတာ အချစ်ဆိုရင်
အခုဖြစ်တာတွေက
ကို့အပြစ်တွေလား ?
ကို့အချစ်တွေလား ?
သေဖူးလို့လည်း
ပျဉ်ဖိုးနားလည်တယ်
ချစ်လွန်းလို့လည်း
မင်းမုန်းမှာ ကြောက်တယ်
ပျဉ်ဖိုးနားလည်တယ်
ချစ်လွန်းလို့လည်း
မင်းမုန်းမှာ ကြောက်တယ်
ဒီနှစ်ခုကြားဗျာများလွန်းပြီး
ကံကြမ္မာက ခြေထိုးတိုင်း
ကိုကဒေါသနဲ့ဆိုသလို
မင်းကပြုံးပြုံးလေးနဲ့ငိုတယ်
ကိုမချစ်တော့မှာ စိုးလို့....တဲ့
ကံကြမ္မာက ခြေထိုးတိုင်း
ကိုကဒေါသနဲ့ဆိုသလို
မင်းကပြုံးပြုံးလေးနဲ့ငိုတယ်
ကိုမချစ်တော့မှာ စိုးလို့....တဲ့
ဒီမျက်ရည်နဲ့တင်
သွေးတွေဆူပြီး
ရင်ကိုပူစေသော ပန်းကလေး
ရင်ကိုပူစေသော ပန်းကလေး
စိတ်ချချနေနော်
မင်းသိထားရမှာက
မြေပြင်တွေ ဆွဲအားမဲ့ခဲ့ရင်တောင်
ဒီတိမ်တွေ ကြွေကျလာဦးမယ်ဆိုတဲ့ အကြောင်း .....
ရင်ဆူး
ဒီတိမ်တွေ ကြွေကျလာဦးမယ်ဆိုတဲ့ အကြောင်း .....
ရင်ဆူး
"လွဲသောအချစ်နှင့်ချစ်သော အလွဲများ"
Yin Sue | 2:13 PM |
Poems
နေခဲ့မယ်ဆိုရင်တောင်
မထားခဲ့နိုင်တဲ့ ကို့ကို
"ချစ်လွန်းလို့ နားလည်ပေးပါတယ်
ကိုပျော်ဖို့အတွက် ရင်ကွဲချင်ကွဲလို့"လည်း
မထားခဲ့နိုင်တဲ့ ကို့ကို
"ချစ်လွန်းလို့ နားလည်ပေးပါတယ်
ကိုပျော်ဖို့အတွက် ရင်ကွဲချင်ကွဲလို့"လည်း
မင်း မပြောသင့်ဘူး .....
အချစ်ဆိုတာ
လမ်းကြုံတိုင်းလိုက်လို့ရတဲ့
အချစ်ဆိုတာ
လမ်းကြုံတိုင်းလိုက်လို့ရတဲ့
ဘတ်စ်ကားမဟုတ်သလို
အယုတ်၊ အလတ်၊ အမြတ်မရွေးကျွေးတဲ့
အလှူပွဲလည်း မဟုတ်ဘူး ...
နှစ်ယောက်လုံးရဲ့ မေတ္တာ
နှစ်ယောက်လုံးရဲ့ အကြင်နာနဲ့
နားလည်မှုတစ်ခုကို
တည်ဆောက်ကြရတာ .....
ဘ၀အတွက်
မိုးရွာလာရင်တောင် ရေခံမှာ မဟုတ်သလို
အကျိုးလိုလို့လည်း ညောင်ရေသွန်းမှာ မဟုတ်ဘူး
ဒါပေမဲ့
ကို့အတွက် မင်းဟာ
အဆိပ်ပင်ဆိုရင်တောင်
ရေလောင်း ပေါင်းသင်ပြီး
အယုတ်၊ အလတ်၊ အမြတ်မရွေးကျွေးတဲ့
အလှူပွဲလည်း မဟုတ်ဘူး ...
နှစ်ယောက်လုံးရဲ့ မေတ္တာ
နှစ်ယောက်လုံးရဲ့ အကြင်နာနဲ့
နားလည်မှုတစ်ခုကို
တည်ဆောက်ကြရတာ .....
ဘ၀အတွက်
မိုးရွာလာရင်တောင် ရေခံမှာ မဟုတ်သလို
အကျိုးလိုလို့လည်း ညောင်ရေသွန်းမှာ မဟုတ်ဘူး
ဒါပေမဲ့
ကို့အတွက် မင်းဟာ
အဆိပ်ပင်ဆိုရင်တောင်
ရေလောင်း ပေါင်းသင်ပြီး
ဒီရင်မှာ တယုတယ ပျိုးထားလိုက်မယ် .....
ရင်ဆူး
6.4.2010
ရင်ဆူး
6.4.2010
1:00 PM
Subscribe to:
Posts (Atom)