"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Thursday, November 3, 2011

G-လတ် - ဝေးပြီးတဲ့နောက်

Yin Sue | 1:49 PM | Best Blogger Tips
Views

ဝေးပြီးတော့မှ ပြန်လာစေချင်သေးလို့လား......
မဖြစ်နိုင်တော့တဲ့ ဘ၀တွေ 
မင်းနဲ့ငါ မှ ရှိတာမဟုတ်ပါဘူး
မင်းမသိတော့တဲ့ ဆုံမှတ် သီအိုရီ ငါပြန်မပြောချင်ဘူး
မင်းမတတ်မြောက်ခဲ့တဲ့ နယူတန် ရဲ့ 3rd Law  ငါပြန်မသင်ပေးချင်ဘူး

မင်းတတ်တာက 
အပြုံးတစ်ခုနဲ့ ငွေဖြစ်နည်း
စကားတစ်ခွန်းနဲ့ အသေသတ်နည်း
ပြီးတော့ 
ငါပြောပြောနေတဲ့ 
အချစ် နဲ့ ငွေကို ထပ်တူချခြင်းဘဲ ....
(တကယ်တော့ ဘယ်ငှက်မှ ခဲနှစ်ခါ အမှန် မခံဘူးဆိုတာ အခုထိ မင်းမသိသေးဘူးနော်)
Views

0 comments:

Comment here

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............