အနန္တမေတ္တာ
အဖေ့ရဲ့ညာလက်
အမေ့ရဲ့ဘယ်လက်နဲ့
လူဖြစ်ခဲ့တဲ့ ကျွန်တော်
တွေးလိုက်တိုင်း
ရင်ထဲကိုဆို့တက်လာတဲ့မျက်ရည်နဲ့
သတိရတဲ့စိတ်ကလွဲရင်
သားဘာများလုပ်ပေးခဲ့မိလဲ အမေ.....
"ဒါမှငါ့သားကွ" ဆိုတဲ့ အဖေ့အသံ
မကြားနိုင်တဲ့ ရင်ထဲမှာ
အထပ်ထပ်ပြန်ကြားနေတာ
မေတ္တာမဟုတ်လား အဖေ......
ဒီအသက်အရွယ်အထိ
စိတ်ပူနေတတ်တဲ့ အမေ
လောကကြီးမှာ သားလမ်းလျှောက်နေပေမဲ့
အမေ့ရင်ထဲမှာတော့
သားလမ်းမလျှောက်တတ်သေးဘူးအမေ .....
"ဘုရားတရားများများလုပ်နော်"ဆိုတဲ့ အဖေ နဲ့အမေ
ဘယ်ပန်းချီမှရေးလို့မမှီသလို
ဘယ်လိုဆပ်ဆပ်လည်းမကုန်တဲ့ကျေးဇူးတွေကို
ရတနာသုံးပါးပြီးရင်
သား ....
အမြဲကန်တော့နေပါတယ် ......
ရင်ဆူး
၆.၁၁.၂၀၁၁
၂၄နှစ်ပြည့်မွေးနေ့အမှတ်တရ
Views
မိဘကျေးဇူးဆပ်နိုင်တဲ့သားကောင်းရတနာဖြစ်ပါစေနော်
ReplyDeleteကဗျာ်လေးကိုဖတ်ပြီး သီချင်းလေးနားထောင်သွားတယ်နော်
ReplyDeleteကဗျာလေးကောင်းတယ်ဗျာ။ မိဘတွေကိုတောင် သတိရသွားစေတယ်ဗျာ။
ReplyDeleteမိဘကျေးဇူးသိတတ်တဲ့သားလိမ္မာလေးပါလားး)
ReplyDeleteပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ အမြဲပိုင်ဆိုင်ပါစေနော်။
လိမ္မာသိတက်တဲ့.သားလေးပဲ...:):)
ReplyDeleteမောင်ငယ်လေးရင်ဆူးရေ
ReplyDeleteငယ်ပါသေးတယ် ချာတိတ်ရယ်ပေါ့ဟယ်
များတို့က မမကြီးဖြစ်နေင်္ပြလေ
၂၄ နှစ်လေ----မိဘ ကိုသိတတ်ပြီးရေးထားတဲ့ကဗျာလေးက
သားလိမ္မာလေးတစ်ယောက်အဖြစ်ဖော်ပြနေတယ်
ခု ၂၅ ထဲမှာပေါ့ ကြာနေပြီခုမှတွေ့တာစိတ်မကောင်းပါဘူးနော်
ခင်မင်တဲ့ sis jasmine
တီတင့် ခရီးသွားနေလို့ အခုမှအလည်လာဖြစ်တော့တယ် မောင်ရင်ဆူးရေ။
ReplyDeleteပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်လေးကအစပြုလို့ ဒီထက်မကကျေးဇူးတရားများသိတတ်ပါစေ။
မွေးကျေးဇူး ကျွေးကျေးဇူးကို မမေ့မလျော့ဆပ်ရင်း လူဖြစ်ရကျိုးနပ်ပါစေကွယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ပျော်ရွှင်ဖွယ်မွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင် မိဘကိုသိတတ်တဲ့ သားကောင်ရတနာဖြစ်ပါစေ.
ReplyDeleteနောက်ကျသွားတဲ့ဆုတောင်းလေးပါနော်
(စကားမစပ် ဖလက်ရှ်တွေများလို့ ဆိုဒ်လေးနေတာထင်တယ်နော်
မန့်ဖို့ကိုတော်တော်လုပ်ယူရတယ် နည်းနည်းပြန်ပြင်ကြည့်ပါလား ရင်ဆူးရေ )
အကြံပေးကြည့်တာပါနော် ..)
ခင်တဲ့
မဒိုးကန်
ကျေးဇူးပါ မကြီး ဒိုးကန်ရေ.....မလုပ်တတ်လုပ်တတ်နဲ့ လုပ်ထားကြည့်လိုက်ပါမယ်...
Deleteကဗျာလေး ဖတ်ရင်း သားလိမ္မာလေး တစ်ယောက်ကို တွေ့ လိုက်ရတယ်... လာလည် စာဖတ်ရင်း လင့်လဲ ယူသွားတယ် ညီရေ...
ReplyDeleteကောင်းတယ်ဗျာ။ ကြိုက်သွားပြီ။ မိဘမေတ္တာဘွဲ့ရေးချင်ပေမယ့် အဲဒီလို အတွေးကောင်းကောင်းမရတာကခက်နေတယ် ကိုရင်ဆူးရေ....။နာမည်အတိုင်းပဲ ကဗျာကလည်း ရင်ကို တည့်တည့် ထိတယ်။ ဆူးတယ်ပေါ့။ဒါပေမယ့် မနာဘူး။ ကြိုက်ဆူးပေါ့။
ReplyDeleteညီလေး ရင်ဆူး ရေ... ကဗျာလေးကို အခုလိုနောက်ကျ
ReplyDeleteပြီးမှ လာဖတ်မိတာခွင့်လွတ်ပါ ညီလေးရေ... မိဘကျေးဇူး၊
မိဘမေတ္တာကိုသိတတ်၊ နားလည်တတ်၊ ကျေးဇူးဆပ်တတ်
တဲ့သူကလောကမှာ ဘယ်တော့မှ ဒုက္ခဆင်းရဲမရောက်သလို
အမိအဖရဲ့ကျေးဇူးကို ဆပ်တဲ့သူရဲ့ ကုသိုလ်အကျိုးပေးကလည်း
နောင်ဘ၀အထိတောင်မစောင့်ပဲ ဒီဘ၀မှာတင်ချက်ချင်းကောင်း
ကျိုးပေးပါတယ် ညီလေးရေ... အခုလိုအမိအဖတွေရဲ့ကြီးမား
တဲ့မေတ္တာတရားကို ညီလေးသိနေတာကို ကကုသိုလ်ရနေပါပြီ
ညီလေး... အကိုတို့တွေလူကြီးတွေလိုအရွယ်တွေ ရလာ၊ ရင့်
ကျက်လာကြပေမယ့် မိဘတွေရဲ့ အမြင်မှာ အကိုတို့တွေ ဟာနို့
နံ့မစင်သေးတဲ့ကလေးငယ်တွေလိုမြင်ပြီး အကိုတို့၊ ညီလေးတို့တွေ
အတွက် စိုးရိမ်ပူနေကြတာ ဒီမိဘတွေပါပဲ ညီလေးရေ... သူတို့
မိဘတွေအနေနဲ့ မိဘတာဝန်တွေကျေခဲ့သလို ကိုယ်တွေလည်း သား
သမိးတွေအနေနဲ့ သားသမီး တာဝန်တွေ ကျေအောင်ထမ်းဆောင်ရင်း
အချိန်ရှိတုန်းလေး အမိအဖရဲ့ကျေးဇူးတွေကိုဆပ်နိုင်ပါစေလို့ အကို ညီ
လေးအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းခဲ့ပါတယ် ညီလေးရေ..
ကြုံကြိုက်လို့ သားသမီးကျင့်ဝတ်လေး ကိုရေးခဲ့ပါတယ်... သိပြီးဖြစ်
နေမှာ... ပိုပြီးမှတ်မိလွယ်သွားအောင်ပါ ညီလေးရေ...
သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ ။ ။
အဓိပ္ပာယ်လေးကတော့သိမှာမို့မရေးတော့ပါဘူး ညီလေးရေ...
ဘ၀မှာအစစအရာရာ အောင်မြင်ပြီး ပျော်ရွင်ချမ်းမြေ့စရာကောင်း
တဲ့မိသားစု ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ...
ခင်မင်စွာဖြင့်
ရာဇာထွေး
နောက်ကျတဲ့ မွေးနေ့ဆုတောင်းပေမဲ့
ReplyDeleteတစ်သက်တာ တစ်ဘဝစာလုံး ပျော်ရွှင် ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ဆုတောင်းပေးတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီ ညီမ များနဲ့ အားလုံးသော သူငယ်ချင်းများကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ......
ReplyDeleteရင်ဆူး