"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Friday, October 28, 2011

"ဆွဲငင်သောမြေပြင်နှင့် ကြွေကျဦးမယ့် တိမ်များ

Yin Sue | 2:28 PM | Best Blogger Tips
Views
မိုးထဲမှာ ရွာတဲ့ မြူတွေလို
အရမ်းလှ အရမ်းအေးချမ်းပြီး
တစ်ခြားဘာမှမမြင်စေတာ အချစ်ဆိုရင်
အခုဖြစ်တာတွေက
ကို့အပြစ်တွေလား ?
ကို့အချစ်တွေလား ?

သေဖူးလို့လည်း
ပျဉ်ဖိုးနားလည်တယ်
ချစ်လွန်းလို့လည်း
မင်းမုန်းမှာ ကြောက်တယ်
ဒီနှစ်ခုကြားဗျာများလွန်းပြီး
ကံကြမ္မာက ခြေထိုးတိုင်း
ကိုကဒေါသနဲ့ဆိုသလို
မင်းကပြုံးပြုံးလေးနဲ့ငိုတယ်
ကိုမချစ်တော့မှာ စိုးလို့....တဲ့

ဒီမျက်ရည်နဲ့တင်
သွေးတွေဆူပြီး
ရင်ကိုပူစေသော ပန်းကလေး
စိတ်ချချနေနော်
မင်းသိထားရမှာက
မြေပြင်တွေ ဆွဲအားမဲ့ခဲ့ရင်တောင်
ဒီတိမ်တွေ ကြွေကျလာဦးမယ်ဆိုတဲ့ အကြောင်း .....
                                                                                                              ရင်ဆူး
Views

0 comments:

Comment here

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............