"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Friday, February 3, 2012

ထောင်သားများ

Yin Sue | 4:00 AM | Best Blogger Tips
Views
ထောင်သားများ (၁၊ ၂၊ ၃၊ ၄၊ ၅၊၆ ) အချင်းချင်းစကားပြောနေကြသည်။
၁ - ကျွန်တော်က အလုပ်ထဲမှာ ပြတင်းပေါက်မှန်ရိုက်ခွဲမိလို့ဗျ..
၂ - ဘယ်လောက်ကျတုန်း။

၁ - ၁၀ နှစ်။
၂ - ဟ...များလှချည်လား။

၁ - များဆို အလုပ်က ရေငုပ်သဘောင်္မှာလုပ်တာကိုး။ ဒါနဲ့ ခင်ဗျားကရော။
၂ - ငါးမိုင်းခွဲပြီး ငါးခိုးမှု့ဗျ။

၁ - ဘယ်လောက်ကျတုန်း။
၂ - အနှစ် ၂၀ ။

၁ - ဟ...များလှချည်လား။
၂ - ဖမ်းတုန်းကတော့ ငါးပဲဗျ။ မိုင်းလဲကွဲသွားရော ရေထဲကရေငုပ်သမား၎ယာက်ပေါ်လာတယ်လေဗျာ....။               ဒါနဲ့ ဟိုတစ်ယောက်ကရော.....

၃ - ကျွန်တော်က စကားသိပ်မပီလို့ အလုပ်ထဲမှာ ၁ နဲက ၂ ကို မှားပြောမိလို့ အနှစ် ၃၀ ။
၂ - ဟ.....စကားမပီတာပဲ။ အလုပ်ထုတ်လိုက်တော်ရောပေါ့...။ဘယ်မှာလုပ်လို့တုန်း။

၃ - ကျည်ဆန်ရထား လမ်းကြောင်းထိန်းချုပ်ရေးခန်းမှာ။
၎ - ကျွန်တော်ကမှ ပိုဆိုးတာ။နိုင်ငံ့အကြီးအကဲကို ၄ တန်းတောင် မအောင်ဘူးလို့ ပြောမိလို့ အနှစ် ၄၀ ။

၁ - ဟုတ်လား။ ဘာလဲ အသရေဖျက်မှု့လား။
၎ - မဟုတ်ဘူး။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု့။

၅ - ကျွန်တော်ကတော့ အစိုးရကို ဝေဖန်တာမဟုတ်ဘဲနဲ့ ကျတာဗျ။
၎ - ဘယ်လောက်တုန်းဗျ။

၅ - အနှစ် ၆၀။
၃ - ခင်ဗျားဟာက လူ ၁၀၀ လောက်သေတဲ့အမှု့တောင် အဲဒီလောက်မကျဘူး။ဘာလုပ်မိလို့တုန်း။

၅ - အီးမေးလ် (၄) စောင်ပို့မိတာဗျာ။Sim card ဈေးကြီးတယ်ဆိုတာရယ်အင်တာနက်
ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက်နှေးတယ်ဆိုတာရယ်၊ ဖုန်းပြောခဈေးကြီးတယ်ဆိုတာရယ်။
၃ - ဘာအမှု့နဲ့တုန်းဗျ။

၅ - အီလက်ထရောနစ်ဥပဒေအရ နိုင်ငံတော် စီးပွားရေးလျှို့ဝှက်ချက် ပေါက်ကြားစေမှု့တဲ့။ ၄စောင် ၄ မှု့ ၁၅ * ၄ = ၆၀နှစ်။
၃ - သြော်....ခင်ဗျားက မင်္ဂလာစုံတွဲပေါက်တာကိုး...။ဒါနဲ့ ဒီတစ်ယောက်က ငြိမ်နေပါလား ဘာမှဝင်မပြောပါလား။ဘယ်လောက်ကျတာတုန်း။

၆ - ဘယ်လောက်ရယ်တော့ အတိအကျမရှိပါဘူး။
၃ - တစ်သက်တစ်ကျွန်းလား။ ဘာအမှု့လဲဗျ။

၆ - အွန်လိုင်းပေါ်မှာ ခိုးကူးခွေတွေဖြန့်ချီမှု့ဗျ။ ငွေဒဏ်ဆောင်ခိုင်းတာ။ မဆောင်နိုင်လို့ ထောင်ထဲဝင်နေရတာ။
၃ - ဟာ....ခင်ဗျားကလဲ....ငွေဒဏ်က ဘယ်လောက်တောင်မို့လို့တုန်းဗျ...။

၆ - ဒေါ်လာ ၅ ဘီလီယံထဲပါဗျာ....(သန်ူး ၁၀၀၀ = ၁ ဘီလီယံ)။ နောက် ၁ နှစ်လောက်နောက်ကျပြီးမှ ၀င်ရရင် ဆောင်နိုင်ပါတယ်ဗျာ။ဖမ်းမိတာ စောသွားတယ်ဗျာ...တောက်။
၁၊ ၂၊ ၃၊ ၄၊ ၅ - တိန်

(Myanmar Joke မှကူးယူဖော်ပြပါသည်။ရယ်စေချင်ယုံသက်သက်ပါ။)
Views

0 comments:

Comment here

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............