ငါက ကဗျာဆရာတစ်ယောက်မဟုတ်ဘူး
ဒါပေမဲ့ မင်းအကြောင်း ကဗျာလှလှလေးတွေ ရေးဖွဲ့ပေးချင်တာ
ငါက ပညာရှင်ကြီးမဟုတ်ဘူး
ဒါပေမဲ့ မင်းဘ၀ကို လမ်းပြပေးချင်တာ
ငါက သူရဲကောင်းကြီးမဟုတ်ဘူး
ဒါပေမဲ့ မင်းရှေ့က အမြဲတမ်း မားမားမတ်မတ် ရပ်တည်ပေးချင်တာ
ငါက စိတ်ပညာရှင်ကြီး မဟုတ်ဘူး
ဒါပေမဲ့ မင်းစိတ်ကို ကြံ့ခိုင်အောင် အားပေးချင်တာ
ငါက မင်းမဟုတ်ဘူး
ဒါပေမဲ့ မင်းစိတ်ကို အမြဲတမ်း နားလည်ပေးချင်တာ
နောက်ဆုံး ငါက ဘာမှမဟုတ်ခဲ့ရင်တောင်
ငါကသာ မင်းအတွက် အရာရာဖြစ်ချင်ခဲ့တာပါ ချစ်သူရယ်...........
ရင်ဆူး
30.4.2012
10:30 AM
Views
အဲဒါအတ္တတွေမဟုတ်ပါဘူး.. ချစ်သူအပေါ်မှာထားတဲ့ မြတ်နိုးတန်ဖိုးထားမှုတွေပါ . ကဗျာလေးမိုက်တယ် သယ်ရင်း ပျော်ရွှင်ပါစေ. နေကောင်းကျန်းမာပါစေ. အလွမ်းတွေနဲ့ ကင်းဝေးပါစေ :)
ReplyDeleteရင်ဆူးရေ
ReplyDeleteကဗျာလေးကောင်းတယ်ဝေ့
ရင်ဆူးခံစားချက်ဆိုလို့အပြေးလေးလာရောက်ခံစားသွားပါတယ်။။။
ReplyDeleteထိုအရာသည် အတ္တဆိုပါမှု အဲအတ္တကို သိမ်းထားလိုက်ပါ။။။
ကဗျာဆရာမဟုတ်လို့သာပဲ.. (း
ReplyDeleteငါ့ဆရာ..ကိုယ်တွက်ဘာမှမဟုတ်ရင်သသူ့အတွက်ကိုယ်ကအရာရာမဖြစ်နဲ့ဆရာ...နာကျင်တယ်ဆိုတာ စာလေးတိုသလောက်
ReplyDeleteဘဝကိုအရှည်ကြီးဆွဲဆန့်ပစ်တတ်တာ
ချစ်သူဆိုတာ အခြားသူအတွက် ဘာမှ မဟုတ်တောင် တစ်ဦးတစ်ယောက်အတွက်တော့ သူရဲကောင်းပါ။
ReplyDeleteကဗျာဆရာမဟုတ်ဘူးဆိုတဲ့ ရင်ဆူးရေ။ ခံစားချက်လေးတွေကနေ
ReplyDeleteဖြစ်တည်လာတဲ့ စာသားတွေစုစည်းရင်းက ဖြစ်ပေါ်လာတဲ့ ကဗျာကောင်းလေးတစ်ပုဒ်တော့
ဖတ်ခွင့်ရသွားတာမို့ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီလိုပါပဲ။ အချစ်နဲ့ပတ်သတ်လာရင် လူတွေရဲ့ ခံစားချက်တွေက သူ့အတွက်ပါပဲ။ ကျွန်တော်လဲ လက်ခံတယ်။
ReplyDeleteငါဟာမင်းအတွက်ဘုရားရှင်ပေးသော
ReplyDeleteဆုလဘ် ကလေးပါချစ်သူ
ကဗျာလှလှလေးတွေဖန်တီးတတ်တယ်နော်...လေးစားပါတယ်ဂျာ....
ReplyDelete“နောက်ဆုံး ငါက ဘာမှမဟုတ်ခဲ့ရင်တောင်
ReplyDeleteငါကသာ မင်းအတွက် အရာရာဖြစ်ချင်ခဲ့တာပါ ချစ်သူရယ်...........” ... စာသားကောင်းလေးတွေနဲ့ အစ်ကို့ရဲ့ ကဗျာလေးတွေကို ကြိုက်တယ် ... :)