"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"
Saturday, January 25, 2014
သံသရာရှည်ကြောင်း တရား
Yin Sue | 2:22 PM | Best Blogger Tips
Views
" သံသရာ ရှည်ကြောင်း တရား "
ကို
ဘယ်နေရာမှာမှ
မင်းနဲ့မလွတ်ကင်းတာ
မင်းနဲ့မပါတ်သက်တာ မရှိတော့ဘူး
မင်း
ဘာအကြောင်းကိုမှ
ကိုနဲ့မတိုင်ပင်ဘဲ
ကို့ကို အသိမပေးဘဲ မလုပ်တော့ဘူး
ဒီလိုနေကြလို့ ဘ၀မှာ ပူချင်ပူပါစေလေ
ကိုတို့နှလုံးသားတွေ အေးနေဖို့ဘဲလိုတယ်
အေးစက်ဖို့ မဟုတ်ဘူး
အေးအေးဆေးဆေးနဲ့ ဆက်သွားဖို့ဘဲ .....
အပူထဲ ဖြတ်လည်း တူတူ
အအေးထဲ ဖြတ်လည်း တူတူ ဆိုတဲ့နောက်
တစ်ယောက်အရိပ်နဲ့တစ်ယောက် လုံနေတယ်ဆိုတာ ဆန်းလို့လားကွယ် .....
မင်းက လိုချင်တာလေးရတော့ ပျော်မယ်
ကိုက မင်းလိုချင်တာလေးပေးနိုင်တော့ ပျော်မယ်
ကို့ကို ဆုတောင်းပါဆိုရင်တော့
" တစ်ဘ၀လုံး မင်းဆန္ဒတွေ ဖြည့်နိုင်တဲ့သူဖြစ်ဖို့ဘဲ ဆုတောင်းချင်တယ် "
မင်းကို ဆုတစ်ခုတောင်း ဆိုရင်ရော ?
အဲ့ဒါတွေဟာ အတ္တတွေပေါ့
အတ္တဆိုတာ ပူလား အေးလား သိသိကြီးနဲ့
အတ္တဆိုတာ ကောင်းလား ဆိုးလား သိသိကြီးနဲ့
ကိုတို့ မစွန့်လွှတ်နိုင်ခဲ့ကြ
သံသရာရှည်ကြောင်းတရားတွေဟာ
ခိုင်ခိုင်မြဲမြဲ
ဝင်သက် ထွက်သက်တိုင်းမှာ ချည်နှောင်နေလေရဲ့ .....
ငါလို့ မတွေးဘဲ " သူ " လို့တွေးနေသူနဲ့
ငါလို့ မတွေးဘဲ " ကို " လို့ တွေးနေသူနှစ်ဦးဟာ
အတ္တမကင်းဘူးဆိုလည်း နေပါစေ ...
အသက်ရှုတိုင်း ထပ်တူကျနေတာနဲ့တင် သံသရာရှည်လည်း သေပျော်ပါပြီ .....
                                                            ရင်ဆူး
                                                          25.1.2014
                                                          11:30 PM
Views
3 comments:
  1. ကြယ်ပြာJanuary 25, 2014 at 8:02 PM
    ငါ ဒီကဗျာလေး အရမ်းကိုကြိုက်တယ်ဟာ။
    ReplyDelete
  2. အဲ့ဒါတွေဟာ အတ္တတွေပေါ့
    အတ္တဆိုတာ ပူလား အေးလား သိသိကြီးနဲ့
    အတ္တဆိုတာ ကောင်းလား ဆိုးလား သိသိကြီးနဲ့
    ကိုတို့ မစွန့်လွှတ်နိုင်ခဲ့ကြ
    သံသရာရှည်ကြောင်းတရားတွေဟာ
    ခိုင်ခိုင်မြဲမြဲ
    ရင်ဆူးရေ------ကောင်းလိုက်တဲ့စာသားလေးတွေ
    ReplyDelete
  3. သံသရာရှည်လည်းနေပျော်ကြသူများအကြောင်း
    လာဖတ်သွားတယ် ကိုရင်ဆူးရေ
    ReplyDelete
သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............