သင်းသင်းလေးကျန်နေတဲ့ သင်္ကြန်
လူစုံတုန်း ဖြေချလိုက်တဲ့ အထဲမှာ
အလွမ်းတွေ ခပ်များများပါသွားရင် ဆောရီးပါ ခိုင်
ကို့မှာ စုမိဆောင်းမိတာဆိုလို့ သူတို့လေးတွေဘဲရှိလို့ပါ
ကိုဟာ အမှတ်အသားနည်းသလောက်
အစွဲအလန်းတော့ ကြီးတယ် ခိုင်
နောက်ဆုံးကျခဲ့တဲ့ သင်္ကြန်ဟာ
အခုချိန်ထိ ရင်ထဲမှာ သင်းသင်းလေး ကျန်နေတုန်းဘဲ
တမိုးအောက်အတူတူရှိနေတာတောင်
ရေစောစောလောင်းနိုင်တဲ့သူဖြစ်ဖို့
အိပ်ယာစောစော ထခဲ့သူဟာ ကိုပါ
မင်းတစ်ဘ၀လုံး အေးမြပါစေဆိုပြီး လောင်းခဲ့ဘူးတယ်
တန်ခူးရောက်တိုင်း
ကို့ရင်ထဲ လာလာပွင့်တဲ့
ပိတောက်တွေဟာ မင်းပဲပေါ့
အခုလည်း တစ်ညလုံး မင်းရနံ့တွေနဲ့ မွှေးနေဦးမယ် ...
ရင်ဆူး
10.4.2014
11:00 PM

0 comments:
သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............