"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Friday, January 6, 2012

ဟာသထဲက ဟာသ

Yin Sue | 5:01 AM | Best Blogger Tips
Views
အပိုင်း (၁)
တစ်ခါက အင်္ဂလိပ် ၊ ပြင်သစ် ၊ တရုတ်လူမျိုး (၃) ဦးသည် သဲကန္တာရ တစ်ခုတွင် ခရီးအတူ သွားကြသည်။
တစ်နေရာရောက်သော် ပုလင်းတစ်လုံးကိုတွေ့သည်။ပုလင်းအဖုံးကိုဖွင့်လိုက်သောအခါ ထိုပုလင်းကိုစောင့်သော နတ်သားတစ်ပါးထွက်လာသည်။နတ်သားက တစ်ယောက်စီကို ကြိုက်နှစ်သက်ရာ ဆန္ဒ (၃) မျိုးစီ တောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
ဒုတိယ ဆန္ဒကရော
"ပိုက်ဆံတွေထပ်လိုချင်ပါသေးတယ်"
တတိယ ဆန္ဒကရော
"ကျွန်တော်မျိုး နေရပ်ကို ပို့ပေးပါ"
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ပိုက်ပြီး မိမိနေရပ်ကို ပြန်သွားလေသည်။

ပြင်သစ်လူမျိုးအားလည်း မေးရာ ပြင်သစ်လူမျိုးက ပထမဦးစွာ
"မိန်းမလှလှလေးတစ်ယောက်လိုချင်ပါတယ်"
ဒုတိယ ဆန္ဒကရော
"မိန်းမလှလှလေး နောက်ထပ်တစ်ယောက် ထပ်လိုချင်ပါတယ်"
တတိယ ဆန္ဒပြောပါ
"ကျွန်တော်မျိုး နိုင်ငံကိုပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာလည်း မိန်းမလှလေးတွေ နှင့် မိမိနိုင်ငံ ပြန်ရောက်သွားလေသည်။

နောက်ဆုံး တရုတ်လူမျိုးအလှည့်တွင် "ကျွန်တော်မျိုးရေဆာတယ် ရေတစ်ပုလင်း အရင်ပေးပါ။"
ဒုတိယ ဆန္ဒပြောပါ
"နောက်ထပ်ရေတစ်ပုလင်းပေးပါ"
တတိယ ဆန္ဒပြောပါ
"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိယနေတယ်။သူတို့ ဒီပြန်ရောက်အောင် လုပ်ပေးပါ"


အပိုင်း (၂)

အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့်အတူ ခရီးဆက်ပြန်သည်။တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး ထွက်လာပြန်သည်။နတ်သာက တစ်ယောက်စီကို ဆန္ဒ (၂)မျိုးစီ တောင်းစေသည်။

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးအကောက်ကြံမည်စိုးသဖြင့် တရုတ်လူမျိုးအား အရင်တောင်းစေသည်။တရုတ်လူမျိုးက "ကျွန်တော်အား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သားက နောက်ဆုံးဆုတောင်းကရော
တရုတ်လူမျိုးက " နောက်ဆုံးတစ်ခုတောင်းဆိုချင်တာက အရှင်ဒီက ထွက်သွားပါ"
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာပျောက်ကွယ်သွားလေသည်။

အပိုင်း (၃)

အင်္ဂလိပ်နှင့်ပြင်သစ်လည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။နတ်သားတစ်ပါးထွက်လာပြီး တစ်ယောက်စီကို ကြိုက်နှစ်သက်ရာ ဆန္ဒတစ်မျိုးစီ တောင်းဆိုစေသည်။
အင်္ဂလိပ်လူမျိုးက "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုးက "ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုးက "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"

အပိုင်း (၄)

အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုပ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။နတ်သားတစ်ပါးထွက်လာပြီး သူတို့ (၃)ဦးကို ဆန္ဒတစ်ခုဘဲ တောင်းစေသည်။ အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို တောင်းဆိုစေပြီး နတ်သားကိုလည်း တရုတ်လူမျိုး၏ ဆန္ဒမပြည့်ဝစေရန် တိုးတိုးပြောလိုက်လေသည်။
တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ကျွန်တော်မျိုးနဲ့ဒုက္ခ ခံနေရတာကို မကြည့်ရက်လို့ပါ" ဟူသတည်း။

Views

1 comment:

  1. အရမ်းတော်တယ်....တရုတ်ကလဲ စိတ်ပုပ်လိုက်တာ

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............