"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Monday, April 23, 2012

လုပ်သင့်တာတော့ လုပ်ရမှာဘဲ

Yin Sue | 5:39 AM | Best Blogger Tips
Views

တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့ အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။

ဒီလိုနဲ့ လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက်ဖြတ်လာတယ်။
သားကမေးတယ် - အဖေ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့
အဖေက - နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။

နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့
သားကမေးတယ် - အဖေ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်။
အဖေကလည်း - ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။

ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း - အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန် ၀လည်းမ၀ဘူး။
                    ဖမ်းသွားရအောင်လို့မေးတယ်။
အဖေကလည်း - ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။
                     အိမ်ရောက်ရင်မင်းအမေကိုချက်စားကြတာပေါ့ သားရယ်တဲ့ …
Views

1 comment:

  1. ဟဟဟ..
    ဖြစ်တတ်ပါတယ်ဗျာ....:)

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............