ရွာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ဘယ်လိုမလွတ်မကင်းဖြစ်ခဲ့တာတွေကိုအရသာခံပြီးကြွားလေ့ရှိလို့
သူ့မိန်းမဒေါ်ချောကအမြင်ကပ်သတဲ့။သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့တောင်ဘက်ရွာကို လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။
အဖေ ။ ။ ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့အကုန်လုံးက
မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ -
သား ။ ။ ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ -
အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင် အရှေ့ရွာ
အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့မိန်းမတွေချည်းပဲဆိုတော့ ...
သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆိုမောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -
အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို လှမ်းအော်ပြောလိုက်တာကတော့
ဒေါ်ချော။ ။သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ...
မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းကို သူနဲ့ရပြီးမွေးခဲ့တာမဟုတ်ဘူး -
Views
ရယ်ရတယ်နော်. :D
ReplyDeleteဟားဟား ကောင်းရော
ReplyDeleteရင်ဆူးရေ... ဖတ်ပြီး ရယ်သွားပါတယ်။ :)
ReplyDeleteဟားဟားဟား
ReplyDeleteအားရပါးရရယ်သွားကြောင်းပါဗျာ
ဟားဟား ရယ်ရတယ် ညီလေး ဆူးရေ...
ReplyDeleteလူပါး ပုလင်းကွဲ ထိဆိုတာဒါမျိုးထင်တယ် :P