မင်းအပြုံးလေး မြင်ရဖို့အတွက်
ငါအားလုံးကို တိုက်ယူထားတယ် ချစ်သူ
မင်းပျော်ပျော်နေပါ.....
မင်းအလိုချင်ဆုံးဆန္ဒအတွက်
ငါ့ဘ၀ကို ပေးအပ်ထားတယ် ချစ်သူ
မင်းစိတ်ချချနေပါ.....
မင်းဘ၀လေးလှပဖို့အတွက်
ငါအလွမ်းတွေကို မိတ်ဆွေဖွဲ့ထားတယ် ချစ်သူ
မင်းနားလည်ပေးပါ.....
ဒီရက်တွေက
မင်းအတွက် လေထန်နေခဲ့ရင်
လေဆန်ဖို့ အတောင်တစ်စုံ ငါပေးထားခဲ့တယ်.....
ဒီရက်တွေက
မင်းအတွက် မိုးသည်းနေခဲ့ရင်
မိုးခိုဖို့ ရင်ခွင်တစ်စုံ ငါပေးထားခဲ့တယ်.....
မကြောက်ပါနဲ့
အားမငယ်ပါနဲ့
လေထန်ပြီးရင် လေငြိမ်ရမယ်
မိုးသည်းပြီးရင် မိုးတိတ်ရမယ်
ဒီလိုဘဲ
အလွမ်းတွေကုန်သွားရင် ဒို့အတူ အချစ်နဲ့နေကြမယ်လေ.....
ရင်ဆူး
2.5.2011
1:30 AM
Views


တယ်ဆိုတဲ့ကဗျာပါလား အားပေးခဲ့ပါတယ်..
ReplyDeleteလေသံနားထောင်ရတာ လူပျိုကြီးလုပ်မဲ့ပုံမဟုတ်ပါဘူး :D
အလွမ်းရက်တွေ အမြန်ဆုံးကုန်ဆုံးပြီး မျှော်လင့်ခြင်းနေ့စွဲလေးတွေ
ReplyDeleteရောက်လာပါစေလို့ ရင်ဆူးရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အားမာန်ဖြည့်ပေးတဲ့ ကဗျာလေးပါလားးးးးးး
ReplyDeleteချစ်သူဖတ်ဖို့အသင့်တော်ဆုံးပါပဲ
မင်းအလိုချင်ဆုံးဆန္ဒအတွက်
ReplyDeleteငါ့ဘ၀ကို ပေးအပ်ထားတယ် ချစ်သူ
မင်းစိတ်ချချနေပါ.....
ကြိတ်ထားဟငါ့ကောင် စိတ်ချချနေနော်တဲ့ ဟဲဟဲ ငါမှတ်မိနေသေးသဟ
ကဗျာကောင်းလေးအားလာပေးသဟေ့
ကဗျာလေးဖတ်ပြီးကြည်နူးမိတယ်..
ReplyDeleteမကြောက်ဘူး
ReplyDeleteအားမငယ်ဘူး
စနေ ပြီးရင်တနင်္ဂနွေလာမယ်နော်
သိတ်တော့အချစ်မကြီးနဲ့ဆရာ..
ReplyDeleteအချစ်တွေ နဲ့တင် မနေနဲ့လေဂျာ
ReplyDeleteတားတားတွေမီးမီးတွေ နဲပါနေမှ
ပျော်စရာ ကောင်းမှာပေါ့ ဟုတ်ဝူးလားး)
ဒုတိယ
“မကြောက်ပါနဲ့
ReplyDeleteအားမငယ်ပါနဲ့
လေထန်ပြီးရင် လေငြိမ်ရမယ်
မိုးသည်းပြီးရင် မိုးတိတ်ရမယ်
ဒီလိုဘဲ
အလွမ်းတွေကုန်သွားရင် ဒို့အတူ အချစ်နဲ့နေကြမယ်လေ.....” နှစ်သက်ဖွယ်စာသားလေးတွေနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေးကို အားပေးသွားပါတယ်ရှင် ... :)