ရင်နှင့်ရင်းသော အရာအားလုံးကို မြတ်နိုးသည်....ကျွန်တော်ခံစားလို့ ရသမျှအားလုံး တင်ထားပေးတာပါ .....
Wednesday, February 15, 2012
Memory of 2012 Valentines Day - 2
Yin Sue | 1:45 PM |
Poems
Memory of 2012 Valentines Day - 1
Yin Sue | 1:40 PM |
Poems
Friday, February 10, 2012
Ko Aung Pyae Soe - Nature and Coastal Photography ( 100 % made in myanmar )
Yin Sue | 5:33 AM |
Photo Lovers
ဒီထဲကပုံများကို မိမိတို့website သော်လည်းကောင်း...၊blogသော်လည်းကောင်း အသုံးပြုမည်ဆိုပါက ကျွန်တော့် email...mps.photographer@gmail.com ကိုemailလေးပို့ပြီး ခွင့်ပြုချက်လေးတောင်းပါခင်ဗျာ...အားလုံးနားလည်ကြလိမ့်မယ်လို့
ထင်ပါတယ်..desktop wallpaper လောက်တော့သုံးလို့ရပါတယ်...အားလုံးကိုကျေးဇူးတင်ပါတယ်....
(ကိုအောင်ပြည့်စိုး Album ထဲကစာသားလေးကို ပြန်တင်ပေးထားခြင်းပါ ခွင့်ပြုချက်လေးတောင်းစေချင်ပါသည် ...)
Note - Click the Photo to view the full screen !
တစ်ခြားဓါတ်ပုံများကိုကြည့်ချင်ပါက ဒီနေရာလေး ကိုနှိပ်ပါ....
Monday, February 6, 2012
နှစ်ပါတ်လည် အမှတ်တရ
Yin Sue | 10:20 AM |
Poems
Saturday, February 4, 2012
Friday, February 3, 2012
ထောင်သားများ
Yin Sue | 4:00 AM |
Jokes
ထောင်သားများ (၁၊ ၂၊ ၃၊ ၄၊ ၅၊၆ ) အချင်းချင်းစကားပြောနေကြသည်။
၁ - ကျွန်တော်က အလုပ်ထဲမှာ ပြတင်းပေါက်မှန်ရိုက်ခွဲမိလို့ဗျ..
၂ - ဘယ်လောက်ကျတုန်း။
၁ - ၁၀ နှစ်။
၂ - ဟ...များလှချည်လား။
၁ - များဆို အလုပ်က ရေငုပ်သဘောင်္မှာလုပ်တာကိုး။ ဒါနဲ့ ခင်ဗျားကရော။
၂ - ငါးမိုင်းခွဲပြီး ငါးခိုးမှု့ဗျ။
၁ - ဘယ်လောက်ကျတုန်း။
၂ - အနှစ် ၂၀ ။
၁ - ဟ...များလှချည်လား။
၂ - ဖမ်းတုန်းကတော့ ငါးပဲဗျ။ မိုင်းလဲကွဲသွားရော ရေထဲကရေငုပ်သမား၎ယာက်ပေါ်လာတယ်လေဗျာ....။ ဒါနဲ့ ဟိုတစ်ယောက်ကရော.....
၃ - ကျွန်တော်က စကားသိပ်မပီလို့ အလုပ်ထဲမှာ ၁ နဲက ၂ ကို မှားပြောမိလို့ အနှစ် ၃၀ ။
၂ - ဟ.....စကားမပီတာပဲ။ အလုပ်ထုတ်လိုက်တော်ရောပေါ့...။ဘယ်မှာလုပ်လို့တုန်း။
၃ - ကျည်ဆန်ရထား လမ်းကြောင်းထိန်းချုပ်ရေးခန်းမှာ။
၎ - ကျွန်တော်ကမှ ပိုဆိုးတာ။နိုင်ငံ့အကြီးအကဲကို ၄ တန်းတောင် မအောင်ဘူးလို့ ပြောမိလို့ အနှစ် ၄၀ ။
၁ - ဟုတ်လား။ ဘာလဲ အသရေဖျက်မှု့လား။
၎ - မဟုတ်ဘူး။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု့။
၅ - ကျွန်တော်ကတော့ အစိုးရကို ဝေဖန်တာမဟုတ်ဘဲနဲ့ ကျတာဗျ။
၎ - ဘယ်လောက်တုန်းဗျ။
၅ - အနှစ် ၆၀။
၃ - ခင်ဗျားဟာက လူ ၁၀၀ လောက်သေတဲ့အမှု့တောင် အဲဒီလောက်မကျဘူး။ဘာလုပ်မိလို့တုန်း။
၅ - အီးမေးလ် (၄) စောင်ပို့မိတာဗျာ။Sim card ဈေးကြီးတယ်ဆိုတာရယ်အင်တာနက်
ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက်နှေးတယ်ဆိုတာရယ်၊ ဖုန်းပြောခဈေးကြီးတယ်ဆိုတာရယ်။
၃ - ဘာအမှု့နဲ့တုန်းဗျ။
၅ - အီလက်ထရောနစ်ဥပဒေအရ နိုင်ငံတော် စီးပွားရေးလျှို့ဝှက်ချက် ပေါက်ကြားစေမှု့တဲ့။ ၄စောင် ၄ မှု့ ၁၅ * ၄ = ၆၀နှစ်။
၃ - သြော်....ခင်ဗျားက မင်္ဂလာစုံတွဲပေါက်တာကိုး...။ဒါနဲ့ ဒီတစ်ယောက်က ငြိမ်နေပါလား ဘာမှဝင်မပြောပါလား။ဘယ်လောက်ကျတာတုန်း။
၆ - ဘယ်လောက်ရယ်တော့ အတိအကျမရှိပါဘူး။
၃ - တစ်သက်တစ်ကျွန်းလား။ ဘာအမှု့လဲဗျ။
၆ - အွန်လိုင်းပေါ်မှာ ခိုးကူးခွေတွေဖြန့်ချီမှု့ဗျ။ ငွေဒဏ်ဆောင်ခိုင်းတာ။ မဆောင်နိုင်လို့ ထောင်ထဲဝင်နေရတာ။
၃ - ဟာ....ခင်ဗျားကလဲ....ငွေဒဏ်က ဘယ်လောက်တောင်မို့လို့တုန်းဗျ...။
၆ - ဒေါ်လာ ၅ ဘီလီယံထဲပါဗျာ....(သန်ူး ၁၀၀၀ = ၁ ဘီလီယံ)။ နောက် ၁ နှစ်လောက်နောက်ကျပြီးမှ ၀င်ရရင် ဆောင်နိုင်ပါတယ်ဗျာ။ဖမ်းမိတာ စောသွားတယ်ဗျာ...တောက်။
၁၊ ၂၊ ၃၊ ၄၊ ၅ - တိန်
(Myanmar Joke မှကူးယူဖော်ပြပါသည်။ရယ်စေချင်ယုံသက်သက်ပါ။)

Subscribe to:
Posts (Atom)