"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Wednesday, April 11, 2012

ကျွန်တော့ မဟေသီ - ၃

Yin Sue | 7:01 AM | Best Blogger Tips
Views
ဒီရက်ပိုင်းအတွင်း မအားလို့ ပုံတွေချည်းဘဲ တင်ဖြစ်နေတာကိုတောင် ငြီးငွေ့မသွားဘဲ လာပြီးအားပေးနေကြတဲ့သူငယ်ချင်းတွေကိုရော ကျွန်တော့လို မအားလို့ မလာနိုင်ကြတဲ့သူငယ်ချင်းတွေကိုရော အားလုံးကို တောင်းပန်ပါတယ်.....ဒီကဗျာလေးကတော့ ကျွန်တော့ရဲ့အချစ်ဆုံး မဟေသီလေးအကြောင်းကို ရေးထားတဲ့ ကဗျာလေးပါ....
သူငယ်ချင်းတွေကိုလည်း ဒီကဗျာလေးနဲ့ မိတ်ဆက်လိုက်ပြီနော်....
ကဗျာလေးကို အားပေးကြပါဦး........
အားလုံးကို ခင်တဲ့ ......ရင်ဆူး
အားငယ်တတ်တဲ့ စိတ်ဓါတ်ကို ငါမုန်းတယ်
အားငယ်တတ်တဲ့ မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?

ထက်ထက်မြက်မြက်ရှိတာကို ငါသဘောကျတယ်
ရိုးအလွန်းတဲ့မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?

ကြောက်ရွံ့တတ်တဲ့ စိတ်ဓါတ်ကို ငါမုန်းတယ်
ကြောက်ရွံ့လွယ်တဲ့ မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?

ပွင့်ပွင့်လင်းလင်းရှိတာကို ငါသဘောကျတယ်
အရှက်အကြောက်ကြီးလွန်းတဲ့ မင်းက ဘာကြောင့်
ငါ့ရဲ့အချစ်ဆုံး ဖြစ်နေရတာလဲ ?

နင်အားငယ်တိုင်း ငါ့လက်ကိုဆုပ်ကိုင်တယ်
အဲ့ဒီအချိန်မှာ 
နင်စိတ်ဖြေနိုင်သလို
ငါကလည်း နင့်ရှေ့က တံတိုင်းတစ်ခုဖြစ်ခဲ့တယ်

နင်ရိုးအလွန်းလို့ ပြသနာတက်တိုင်း ငါ့ကိုတိုင်တတ်တယ်
အဲ့ဒီအချိန်မှာ
နင်ငိုနေတတ်သလို
ငါကလည်း မျက်ရည်သုတ်ပြီး နှစ်သိမ့်ခဲ့ရတယ်

နင်ကြောက်ရွံ့တိုင်း ငါ့ရင်ထဲတိုးဝင်တတ်တယ်
အဲ့ဒီအချိန်မှာ 
နင်လုံခြုံသွားသလို
ငါကလည်း နင့်ရဲ့သူရဲကောင်း ဖြစ်ခဲ့ရတယ်

နင်ရှက်ရွံ့တိုင်း ငါ့လက်မောင်းလေးကို ထုတတ်တယ်
အဲ့ဒီအချိန်မှာ
နင့်ပါးလေးရဲနေသလို
ငါကလည်း ပျော်ရွှင်ခဲ့ရတယ်

တကယ်တော့
အချစ်ဆိုတာ
ခြားနားခြင်းတွေကို ကျောခိုင်းထားတဲ့
နားလည်မှု့ရှိသော နှလုံးသား ၂ စုံ ထပ်တူညီခြင်းသာ ဖြစ်တယ်
ဒါကြောင့် မင်းဟာ ငါ့ရဲ့ အချစ်ဆုံး ဖြစ်နေခြင်းသာ........

                                                                         ရင်ဆူး
                                                                        11.4.2012
                                                                        5:00 PM


Views

20 comments:

  1. ရင်ဆူးရေ
    မဟေသီ ၃ ဆိုတာ ၃ ယောက်မြောက်လား
    ကဗျာ နံပါတ် ၃လား
    ရှင်းရှင်းလုပ်ပါ
    ခြားနားခြင်းတွေကို အမြဲကျောခိုင်းနိုင်ရင်တော့အကောင်းဆုံးပါပဲ
    ခင်တဲ့

    ReplyDelete
    Replies
    1. ကဗျာ နံပါတ်ပါ မကြီးဂျက်ရယ်.....ကျွန်တော့ကို အရိုက်ခံရအောင် စပြန်ပြီ....ဟီးးးးးးးးးးးးးးးးးး

      Delete
  2. ချစ်မိပြီ ဆိုတော့လဲ ဒီလိုဘဲပေါ့ ညီရေ... ချစ်မိတဲ့နောက်တော့ ကျန်တာတွေက အသေးအဖွဲ ဖြစ်သွားတာ နေမှာပေါ့နော...

    ReplyDelete
  3. တကယ်တော့
    အချစ်ဆိုတာ
    ခြားနားခြင်းတွေကို ကျောခိုင်းထားတဲ့
    နားလည်မှု့ရှိသော နှလုံးသား ၂ စုံ ထပ်တူညီခြင်းသာ ဖြစ်တယ် တဲ့
    အဲဒီစာသားလေးတွေကို သူသိသွားအောင်ပြောပြဦးမယ်အစ်ကို. အရမ်းကောင်းတာပဲ.။

    ReplyDelete
  4. ကဗျာလေးက တစ်ကယ့်ခံစားချက်ကိုရေးထားတော့ တစ်ကယ်အသက်ဝင်တယ်..။ နောက်လည်း များများရေးပါ သူငယ်ချင်း အားပေးနေပါတယ် :)

    ReplyDelete
  5. အားကျတယ် .. အားကျတယ်ဝေ့...း)
    ကဗျာလေးကောင်းလေး ခံစားသွားတယ်နော်..
    မဟေသီလေးတော့ပျော်နေမှာဘဲ ...

    ReplyDelete
  6. တကယ်တော့
    အချစ်ဆိုတာ
    ခြားနားခြင်းတွေကို ကျောခိုင်းထားတဲ့
    နားလည်မှု့ရှိသော နှလုံးသား ၂ စုံ ထပ်တူညီခြင်းသာ ဖြစ်တယ်
    ဒါကြောင့် မင်းဟာ ငါ့ရဲ့ အချစ်ဆုံး ဖြစ်နေခြင်းသာ......အရမ်းကြိုက်တယ် အဲစာသားလေးကို
    ဆက်ရေးနေ ရင်ဆူး ကဗျာဆရာဖြစ်ရင်ကိုယ့်အမတွေကိုမ မမေ့နဲ့နော်..

    ReplyDelete
    Replies
    1. မကြီးလမင်းကလည်း မေ့စရာလား.....ဒီမောင်နှမတွေကို.....ဟီးးးးးး~~:((((

      Delete
  7. ကဗျာက ကြွေစရာပဲ
    အစ်ကို့မဟေသီတော့ မသိဘူး
    ကျွန်တော်တော့ ကဗျာမှာ မျောသွားတာပဲ

    ReplyDelete
  8. အဟား လုပ်ကုန်ကြပြီ ဟ....

    အားကျ မခံပဲ ဟေ့.... ဟုတ်ပါ့ မဟေသီ ၃ ဆိုတော့

    ၁ တွေ ၂ တွေ ရှိအုန်းမယ် ထင်တယ်... အားကျလိုက်တာ :P

    ကဗျာလေးကို လာရောက် ခံစားသွားပါတယ် ညီလေး ဆူး ရေ...

    အကို တို့တော့ ဘ၀မှာ တယောက်ဆို တယောက်

    ပိတောက် ဆို ပိတောက် ပဲ ... လက်ရှိကတော့ ၁၂ ယောက်မြောက် ညီလေးရေ.. :P

    ReplyDelete
  9. နာလိုဘူး... :P

    ReplyDelete
  10. ရင်ဆူးရဲ့ မဟေသီလေးဖတ်မိရင်လည်း ကျေနပ်သဘောကျသွားမှာ သေချာပါတယ်။
    နှစ်ယောက်လုံး အတာကူးတဲ့ နှစ်ဦးချိန်ခါမှာ ကိုယ်စိတ်နှစ်ဖြာ ပျော်ရွှင်လန်းဆန်းပါစေနော်။

    ReplyDelete
  11. ရင်ဆူးရေ.. မဟေသီလေးနဲ့ ဒီသင်္ကြန် ပျော်နေတယ်ပေါ့လေ.. (း

    ReplyDelete
    Replies
    1. တစ်ယောက်တစ်နိုင်ငံစီမှာပါ သယ်ရင်းရာ....ပျော်ချင်တာ မပျော်နိုင်ပါဘူး....လွမ်းနေလို့ ပို့စ်အသစ်တောင် မတင်နိုင်ဘူးဟာ....

      Delete
  12. အိုး...မဟေသီကတော့ ဘယ်လိုနေသလဲမသိဘူးနော်..
    ဒီလိုကဗျာလေးနဲ့ ချစ်ခွင့်လေး ပေးနေရင်တော့
    တလောကလုံးမှာကံအကောင်းဆုံးလူသားလို့တောင်
    ဟစ်ကြွေးလိုက်ချင်တယ်

    ReplyDelete
  13. “ခြားနားခြင်းတွေကို ကျောခိုင်းထားတဲ့
    နားလည်မှု့ရှိသော နှလုံးသား ၂ စုံ ထပ်တူညီခြင်းသာ ဖြစ်တယ်” .... ကဗျာလေးကိုဖတ်ရင်း ကြည်နူးမှုလေးရသွားတယ် ... :)

    ReplyDelete
  14. အန်တီလေးမေခင်July 30, 2012 at 2:13 AM

    ခြားနားချင်းတွေကိုကျောခိုင်းထားတဲ.
    နားလည်မှု.ရှိသောနှလုံးသားနှစ်စုံထပ်တူညီခြင်းသာဖြစ်
    ကဗျာလေးအသက်တစ်ရာနှစ်ဆယ်ရှည်စေသတည်း
    ဆုတောင်းလျှက်။ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  15. အန်တီလေးမေခင်July 30, 2012 at 2:17 AM

ဲခြားနားခြင်းတွေကိုကျောခိုင်းထားတဲ့
    နားလည်မှု့ရှိသောနှလုံးသား2စုံထပ်တူညီခြင်းသာဖြစ်တယ်
    ကဗျာလေးအသက်တစ်ရာနှစ်ဆယ်ရှည်စေသတည်းဆုတောင်းပေးလျက်။
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  16. မြတ်နိုးသူ(MUFL)July 30, 2012 at 2:27 AM

    ကိုရင်ဆူးသူများတွေများချစ်တတ်လိုက်တာနော်
    သိပ်မရေးနဲ့နော်တော်ကြာအားကျပြီး
    တော်ကြာဒီက ကလေးမလေးလဲဈာန်လျှောကုန်တော့မှာပဲ
    အားပေးသွားတယ်နော်

    ReplyDelete
  17. ကဗျာတွေ လှပနေတယ်။

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............