"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Saturday, April 21, 2012

အဆင်ပြေသားဘဲ

Yin Sue | 4:27 AM | Best Blogger Tips
Views

သို့ ............
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်။ကြည်.ပြီးတော့
သာသုံးပေတော့
အချစ်လေး
မင်းရဲ့
ကိုကို ..............
~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့ ...........
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူးတင်ပါတယ်။လောက်လဲလောက်ငှပါတယ်။
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့်လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
သူတို.အားလုံးကသဘောကောင်းကြပါတယ်။လိုလိုလားလားနဲ.အနမ်းတွေကိုယူသွားပါတယ်။
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။
ဒီလ တော့သုံးဖို.ကောင်းကောင်းလောက်ပါတယ်။နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး ...........
Views

2 comments:

  1. ဟဟဟဟဟ... ရီရတယ်

    ReplyDelete
  2. သယ်ရင်း ရေ...မရီဖြစ်အောင် ပါးစပ် ပိတ်ထားတာကို မရဘူးဟ..အားရ ပါးရ ရယ်သွားပါလေရဲ့ဗျာ...ဗျဲ ဟဲ ဟဲ..........

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............