ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးတွေထဲက ကျွန်တော်ကြိုက်တဲ့ အပိုဒ်လေးတွေပါ။ခံစားပေးကြပါဦးနော်။ရင်ခုန်သံတစ်အုပ်လို့ အမည်ပေးထားပါတယ်......
" ရင်ခုန်သံတစ်အုပ် "
ပန်းတစ်ပွင့်ကို နွမ်းလို့ ပစ်ဖူးချင် ပစ်ဖူးပါလိမ့်မယ်
လူတစ်ယောက်ကို လွမ်းဖို့တော့ ဘယ်သူက ချစ်ဖူးမှာတဲ့လဲ?
အဝေးရောက် သံယောဇဉ်တွေနဲ့
ကြယ်စင်ဖမ်းသူရူးတစ်ယောက်ရဲ့ရင်မှာ
" တကယ်လို့များ "ဆိုတဲ့
မျှော်လင့်ခြင်းတွေ ရှိတယ်......
ဘယ်သူ့အတွက်
မွေးဖွားလာရမှန်း မသိပေမဲ့
မင်းအတွက် " ငါ "
အသက်ဆက်ရှင်နေပါရစေ.....
အသက်ဆက်ရှင်နေပါရစေ.....
မင်းကျောခိုင်းသွားလိုက်တာနဲ့
အမှောင်အတိကျသွားမဲ့ ကမ္ဘာမှာ ငါနေတယ်.....
ငါ့ဘ၀တစ်ခုလုံးရဲ့
အကြီးမားဆုံး အတ္တဆိုတာ
မင်းရဲ့ အရိုးရှင်းဆုံး အပြုံးလေးတစ်ခုပါပဲ.....
အလွမ်းဆိုတာ
ပုံဆောင်ခဲတစ်ခုအဖြစ် ဖော်ပြရခက်သလို
လွယ်လွယ်နဲ့လည်း အငွေ့မပျံတတ်ဘူးလေ.....
ငါဆိုတဲ့ အကောင်က
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး
မင်းအတွက်
အသက်ရှူပေးချင်တဲ့ ကောင်ပါ.....
စကားတစ်ခွန်းတော့ ပြောပါရစေ
မင်းအမိန့်ပြန်တမ်းထုတ်ခဲ့ရင်တောင်
ငါ့နှလုံးသား လွတ်မှာ ကျွတ်မှာ မဟုတ်ဘူး.....
(ဒီဟာလေးပဲကျွန်တော်ရေးတာပါ...ရင်ဆူး)
ရင်ဆူး
ရင်ဆူး
8.8.2011
2:55 PM
Views
ကဗျာလေးကောင်းလိုက်တာ..
ReplyDeleteချစ်သူကို ချစ်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှမ်းနေတဲ့ ကဗျာလေးဘဲ..
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး မင်းအတွက် အသက်ရှုပေးချင်တယ်တဲ့လား ။။
ကဗျာလေးခံစားခဲ့ကြောင်း
ReplyDeleteမောင်လေးရင်ဆူး...
ReplyDelete(ပန်းတစ်ပွင့်ကို နွမ်းလို့ ပစ်ဖူးချင် ပစ်ဖူးပါလိမ့်မယ်
လူတစ်ယောက်ကို လွမ်းဖို့တော့ ဘယ်သူက ချစ်ဖူးမှာတဲ့လဲ?) ဒီကဗျာလေးကို အရမ်းနှစ်သက်ခဲ့မိလို့ ရင်ဘတ်ထဲ သိမ်းထားခဲ့တာ နှစ်တွေတောင် အတော်ကြာခဲ့ပေါ့။ လွမ်းဘို့ ချစ်ခဲ့တာမဟုတ်ခဲ့ပေမဲ့ ကံကြမ္မာရဲ့ အလှည့်ပြောင်း ခုံမင်ကာ တွယ်တာချင်ပေမဲ့ နေရစ်ခဲ့ပါလို့ထားခဲ့သူကိုမှ ချစ်မိရင်း လွမ်းခဲ့ဖူးတာပါ။ ခုတော့ အချစ်မြားနတ်မောင်ပို့ဆောင်မှု့ကြောင့် အမှောင်တိတိကျနေတဲ့ နှလုံးသား အလင်းရောင်စဉ်တွေနဲ့ ကြည်လင်လှပနေခဲ့ပါပြီ။
ပျော်ရွှင်ပါစေ....
ခင်မင်တဲ့
မကြီးလွမ်း
အငွေ့အသက် အမှတ်စဉ် (2)ကိုသဘောကျတယ်ကွာ...ဘာလဲတော့ပြောပြလို့မရပေမယ့်...ရင်ဘတ်အောင့်သွားတယ်...(ဦးသီ)
ReplyDelete