"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Saturday, March 31, 2012

အိုင်းရင်းဇင်မာမြင့် - တစ်နှစ်နွမ်း တစ်နှစ်ဆန်း

Yin Sue | 5:28 AM | Best Blogger Tips
Views
အင်း သင်္ကြန်လည်း နီးလာပြီဗျာ........စိတ်တွေလည်း ဂယောက်ဂယက်ပေါ့......ကိုရောက်နေတဲ့နိုင်ငံက ရေကစားလို့လည်းမရ....ခက်တော့ခက်တာဘဲ.....လွမ်းတာတော့ ဘယ်လိုပြောရမှန်းကိုမသိအောင် လွမ်းနေတယ်ဗျာ....... ဘာလုပ်လုပ် သတိရစရာတွေချည်းဘဲ ဖြစ်နေတယ်........အဲ့ဒါကြောင့် ဘာသင်္ကြန်သီချင်းမှ နားမထောင်ဖြစ်အောင်နေတာဘဲ.....ဒါပေမဲ့လည်း ဖေ့စ်ဘုတ်ပေါ်တက်မိတာနဲ့ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်းသူငယ်ချင်းတစ်ယောက် Like လုပ်ထားတဲ့ဒီသီချင်းလေးကို တွေ့တယ်ဗျာ.....လွမ်းသာလွမ်းတာ သင်္ကြန်သီချင်းဆိုတော့လည်းနားထောင်ဖြစ်လိုက်တာပေါ့..... ဒီသီချင်းလေးကို တေးရေးဆရာ ဆရာမျိုးနွယ်ဆွေရဲ့ ဂီတသက်တမ်းနှစ် ၅၀ပြည့်ရွှေရတု"သင်္ကြန်ဆု"
ဆိုတဲ့ရှိုးပွဲလေးမှာအိုင်းရင်းဇင်မာမြင့်ကဆိုထားပါတယ်...ဒီသီချင်းလေးက နှစ်တိုင်းထွက်နေကြပုံစံ
မဟုတ်တဲ့အပြင် သီချင်းလေးနဲ့အိုင်းရင်းဇင်မာမြင့်အသံနဲ့လည်းတော်တော်လိုက်တယ်
ဒီသီချင်းလေးကတော့ တေးရေးဆရာ ဆရာမျိုးနွယ်ဆွေက ၁၉၈၇ခုနှစ်ကတည်းကရေးခဲ့တဲ့
သီချင်းလေးဖြစ်ပြီး...ထွက်နေကြပုံစံမဟုတ်တာရယ် ၁၉၈၇ ခုနှစ်ကတည်းကရေးတာဆိုပေမဲ့သိပ်လည်း ခေတ်ဟောင်းပုံစံဖြစ်မနေတာရယ်ကြောင့်တော်တော်ကြိုက်သွားတယ်...ဒီနှစ်တော့သင်္ကြန်သီချင်းတွေထဲကဒီသီချင်းလေးကိုတော်တော်ကြိုက်မိနေတယ်.....ကြိုက်ပြီဆိုရင်သူများတွေလည်းသိစေချင်
နားထောင်စေချင်တဲ့စိတ်ကတားလို့မရပြန်ဘူး....အဲ့ဒါကြောင့် သူငယ်ချင်းတွေနားထောင်လို့ရအောင် ဒီသီချင်းလေးကို ကျွန်တော့ဘလော့လေးမှာ သင်္ကြန်အမှတ်တရအနေနဲ့တင်လိုက်ပါတယ်....
နားထောင်ပေးကြပါဦး........ခင်မင်တဲ့ ရင်ဆူး......




Views

7 comments:

  1. မောင်လေးရေ...

    မကြီးလာနားထောင်သွားတယ်။
    နောက်တစ်ခါဆို အိုင်းရင်းဇင်မာမြင့်မဟုတ်ဘဲ
    ရင်ဆူး ဆိုတာလေးပါ တင်ပေးပါဗျို့


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. ခံစားနားဆင်သွားပါတယ်ဗျာ...:)

    ReplyDelete
  3. သူငယ်ချင်းရေ ငါလည်း အပေါ်က အစ်မရေးထားသလို ရေးသွားပါတယ်.. :)

    ReplyDelete
  4. ဗမာဆန်တဲ့ သီချင်းလေးကို ဗမာလို ဆိုသွားတာကတော့ ကုလားမချောချောလေးဖြစ်ပါတယ်...ဟီးဟီး...
    (သန့်ရှင်းစွာ နောက်ပြောင်ခြင်းသာဖြစ်ပါသည်။ မည်သည့် လူမျိုးရေးမှ မပါပါ။)

    ReplyDelete
  5. ဆိုတဲ့သူက ကပြားမလေးထင်ပါရဲ့ ကောင်းပါတယ်
    သူဆိုထားတာလေး

    ReplyDelete
  6. ရင်ဆူးရေ မမလည်းသင်္ကြန်လွမ်းလို့ဆိုထားတာရှိတယ် ချစ်သူခွင့်ပြုယူပြီတင်ပေးမယ်.. :P

    ReplyDelete
  7. ရင်ဆူးရေ ...ချစ်စံအိမ်လေးက ချစ်သူဆီခွင့်တောင်းရ ဦးမယ်ဆိုတော့။ သူက အရင်ဆင်ဆာဖြတ် ညှပ်ကပ်လုပ်ဦးမလို့လား ..အဟီး ..
    ရင်ဆူးရော ချစ်သူဆီခွင့်တောင်းစရာ လိုလား။ အုပ်ထိန်းသူလိုရင် မကြီးလွမ်းကိုပြောနော်. အဖော် အနောက်ကနေ လိုက်ပေးမလို့...အဟီး

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............