"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Friday, March 23, 2012

ပြုံးထက်သာ - ဂုဏ်ယူအလွမ်း

Yin Sue | 5:32 AM | Best Blogger Tips
Views
မတ်လ ( ၂၇ ) ရက်နေ့မှာ ကျရောက်မယ့် ( ၆၇ ) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီသီချင်းလေး တင်ခြင်းဖြစ်ပါသည်။ ဒီသီချင်းလေးကို အယ်လ်ခွန်းရီက သီဆိုခဲ့ပြီး တစ်ချိန်က နာမည်အရမ်းကြီးခဲ့တယ်လို့ သိရပါတယ်။ ရှေ့တန်းထွက်နေတဲ့ ရဲဘော်တွေအတွက်ပူပန်နေရတဲ့ ရဲမေများရဲ့ ခံစားချက်လေးကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ အခု ဒီသချင်းလေးကို ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင်မှာ မပြုံးထက်သာက ပြန်လည်သီဆိုပေးထားတာဖြစ်ပါတယ်။တိုင်းပြည်ကို ကျရာနေရာကနေ စွမ်းစွမ်းတမံ အသက်ကို ပဓာန မထားဘဲ ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်သားများကို လေးစားလို့ ဒီသီချင်းလေးတင်ခြင်းဖြစ်ပါတယ်။ ခံစားနားဆင်ပေးကြပါလို့...ရင်ဆူး။
Views

8 comments:

  1. ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့.. တကယ်ကို ခံစားနားဆင်သွားပါတယ်.. သီချင်းလေးအတွက် တကယ်ကျေးဇူးတင်ပါတယ်.

    ReplyDelete
  2. သီချင်းလေးမိုက်တယ်ကွာ ရှယ်ပဲ ကူးသွားပြီ

    ReplyDelete
  3. ဟုတ်ကဲ့...ရင်းဆူ နားထောင်သွားတယ်နော် မိုက်တယ်ကွာ မလိမ်မာဘူး လူဆိုး...

    ReplyDelete
  4. သီချင်းလေးကို သေချာနားထောင်သွားပါတယ် ညီလေးရေ...
    တပ်မိသားစု တွေထဲမှာ နေခဲ့ဘူးတဲ့သူမို့ သီချင်းနားထောင်ရ
    တာ ပိုပြီးလေးနက်တယ် လို့ ခံစားမိပါတယ် ညီလေးရေ...
    သီချင်းလေးအတွက် ကျေးဇူး တင်ပါတယ် ညီလေးရေ..
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  5. အရမ်းကိုကောင်းတဲ့သီချင်းလေးပါ

    ReplyDelete
  6. တမျိုးတော့ခံစားမိပါတယ်ရင်ဆူးရေ
    ဘယ်လိုခံစားမှုလည်းတော့သိဘူး...

    ReplyDelete
  7. သီချင်းလေးနားထောင်ခဲ့တယ် အယ်ခွန်းရီသီချင်းတွေကိုကြိုက်တဲ့အမတစ်ယောက်ရှိတယ်
    အရမ်းကြိုက်ခဲ့တာ--ဒီသီချင်းလေးလဲကောင်းတာပဲနော်

    ReplyDelete
  8. thanks for this songs , so good for us fri

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............