"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Wednesday, March 14, 2012

နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင့်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း

Yin Sue | 1:06 AM | Best Blogger Tips
Views
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ (၂၀၁၂ ခုနှစ်) မတ်လ ၁၄ ရက်စွဲပါ အမိန့်ကြေငြာစာအမှတမ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် (ကျပ်သုံးသောင်းတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း၊ အစိုးရဌာန်များနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသက်မှတ်ထားသော လုပ်ခ (ကျပ်တစ်ထောင့်တစ်ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကို ထပ်မံခံစားခွင့် ပြုမည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ (ကျပ်နှစ်ထောင့်တစ်ရာတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

မှတ်ချက် - Mrtv - 4 (Facebook Page) မှ ကူးယူဖော်ပြပါသည်။
Views

6 comments:

  1. သူငယ်ချင်းရေ
    ဒီနေ့တော့ မှတ်ချက်ရေးလို့ရပါပြီ
    ကြည်းရေလေ၀န်ထမ်းပဲလား အခြားဝန်ထမ်းတွေရောပါဘူးလား
    ကောင်းပါတယ် ကောင်းပါတယ်

    ReplyDelete
  2. သတင်းလေးလာရောက်ဖတ်ခဲ့ပါပြီ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. သတင်းလေးဖတ်သွားပါတယ် ညီလေးရေ...
    မရှင်းလို့ ၃၊ ၄ခေါက်ပြန်ဖတ်သွားပါတယ်..(နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများ)
    လို့ဆိုထားတော့ အစိုးရ၀န်ထမ်းအားလုံးကို တိုးပေးတဲ့သဘောပေါ့....မရှင်းတာက
    (အစိုးရဌာန်များနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသက်မှတ်ထားသော လုပ်ခ(ကျပ်တစ်ထောင့်တစ်
    ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကိုထပ်မံခံစားခွင့် ပြု
    မည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ (ကျပ်နှစ်ထောင့်တစ်ရာတိတိ)
    ခံစားခွင့်ပြုရန်)ဆိုတော့ ဥပမာ စည်ပင်ကနေ့စားသမားတွေလိုမျိုးလို့အကိုထင်ပါတယ်...
    ဒါဆိုရင် အခြေခံအလုပ်သမားတွေ၊ ပုဂ္ဂလိက ကုမ္မဏီဝန်ထမ်းတွေ၊ စက်ရုံလုပ်သားတွေ
    ဆောက်လုပ်ရေးလုပ်သားတွေ၊ သာမန်အရပ်သားပြည်သူတွေရဲ့လစာကကောအခုထုတ်ပြန်
    ချက်မှာ အကျုံးမ၀င်ဘူးလို့ အကိုထင်ပါတယ်... ဒါဆိုရင်တော့သာမန်လက်လုပ်လက်
    စားသမားတွေအတွက် သိပ်မကောင်းပါဘူး... အစီုးရ၀န်ထမ်းလစာတိုးမယ် ဆိုရင်ရင်
    ဘောင်တန်းပြီးလိုက်တိုးတတ်တဲ့ အခြေခံကုန်စိမ်းနှုန်းကြောင့် လက်လုပ်လက်စားသမား
    တွေအတွက် အတော်ခက်ခဲသွားမယ်လို့ အကိုထင်ပါတယ်.. ဒီထုတ်ပြန်ချက်ဟာ အစီုး
    ရဌာန၊ ပုဂ္ဂလိကဌာန တွေအားလုံးမှာလုပ်ကိုင်နေကြတဲ့ ၀န်ထမ်း၊ အလုပ်သမားတွေအ
    တွက်ပါ အကျုံးဝင်မယ် ဆိုရင်တော့ မင်္ဂလာသတင်းပါ ညီလေးရေ...
    သတင်းလေးအတွက်ကျေးဇူးတင်ပါတယ် ညီလေးရေ...
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  4. သတင်းကောင်းလေးကို လာရောက်ဖတ်သွားပါတယ်.. တကယ်ဝမ်းသာစရာကောင်းပါတယ်..
    ခင်တဲ့.. Snow

    ReplyDelete
  5. ဘယ်သူတိုးတိုးတိုးကြပါ နာလည်းတိုးချင်တယ် :P

    ReplyDelete
  6. အစ်ကိုရေ.. မရှင်းလို့ နောက်တစ်ခေါက်ရောက်လာပြီး မေးခွန်းလာမေးပါတယ်. :) သတင်းတွေထဲမှာ. ရေးထားတာက နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများဆိုတော့.. ပြည်ပပညာသင်ဝန်ထမ်းတွေရော တိုးတဲ့အထဲပါလား သိချင်လို့ပါ.. သူများတွေက မပါဘူးပဲပြောနေကြလို့ပါ.. သတင်းတွေထဲမှာလည်း ရှင်းရှင်းလင်းလင်းရေးထားတာမတွေ့မိသလိုပဲ.. မပါရင်တော့. ငိုချင်ပြီ. :(
    ဖြေပေးတာကို နောက်တစ်ခေါက်ပြန်လာဖတ်ပါဦးမယ်. ခင်တဲ့.. Snow

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............