"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Sunday, March 11, 2012

အချစ်ကိုတွေ့ရှိခြင်း

Yin Sue | 8:55 AM | Best Blogger Tips
Views
ဒီကဗျာလေးကတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက် သူ့ကောင်မလေးကို ပေးချင်တယ်ဆိုလို့ကျွန်တော်ရေးပေးခဲ့ဖူးတဲ့ ကဗျာလေးပါ။သူ့ခံစားချက်လေးတွေပေါ့။အခုတော့ သူလည်းအိမ်ထောင်ကျသွားပါပြီ။အဲဒီကောင်မလေးနဲ့လည်း မဟုတ်ပါဘူး။ဒါကတော့ ဒီကဗျာလေးရဲ့ရာဇ၀င်ပါ။သူငယ်ချင်းတို့လည်းသူ့နေရာကနေ ၀င်ခံစားကြည့်ကြည့်ပေါ့.....

" အချစ်ကိုတွေ့ရှိခြင်း "

မဖုံးနိုင် မဖိနိုင် သတိရစိတ်တွေကြောင့်
ငါ့စိတ်နဲ့ငါ ပြသနာဖြစ်နေတာ
နေထွက်က နေ၀င်
မရုန်းနိုင်တဲ့ အဲဒီစိတ်နဲ့ဘဲ
မိုးအကြိမ်ကြိမ် လင်းခဲ့ရ
လအကြိမ်ကြိမ် သာခဲ့ရ
ငါ့နားထဲမှာ
ခပ်သဲ့သဲ့ရယ်သံလေးသာ ခုတ်မောင်းနေလေရဲ့.....

အမှတ်တမဲ့ မင်းအလှတွေကြောင့်
တခုတ်တရ ပျိုးခဲ့တဲ့မေတ္တာတွေ
ဘာအကြောင်းနဲ့မှ အငွေ့ပျံမသွားပါရစေနဲ့.....

ခါးသက်သက် ငါ့ဘ၀ထဲကို
အပြုံးချိုချိုတွေ ဘာကြောင့်ချပေးခဲ့တာလဲ
မဖြူစင်နိုင်တဲ့ ငါ့စိတ်တွေကို
"အချစ်"လို့ ကင်ပွန်းတပ်ရင်
ငါ့အတွက်တော့...
"ဘ၀" ဆိုတာ မင်းပဲ.....

                                                                                             ရင်ဆူး



" အချစ်ကိုတွေ့ရှိခြင်း "



Views

4 comments:

  1. ချစ်တိုင်းလည်းမညားပေါ့နော်

    ReplyDelete
  2. တိုတိုလေးနဲ့ ထိတဲ့ကဗျာလေး..
    ဒီလောက်ကောင်းတဲ့ကဗျာနဲ့တော့ ကောင်မလေးက ကြွေသင့်ပါတယ် :P

    ReplyDelete
  3. ရင်းဆူ နာ့အတွက်လည်း ရေးပေးနော်...

    ReplyDelete
    Replies
    1. ရေးပေးမှာပေါ့ကွ....ဘာကျွေးမှာလည်းပြော.....ဟဲဟဲ

      Delete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............