"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Saturday, March 17, 2012

ညီတော်မောင်မေမြို့မိုးရဲ့တဂ်ပို့စ်

Yin Sue | 3:31 PM | Best Blogger Tips
Views
ညီလေးမေမြို့မိုးက အစ်ကိုရေ ရေးပေးပါဦး...တဂ်ထားတယ်ပြောလို့ ဘာလဲဟ ဆိုပြီး သွားကြည့်လိုက်တာ...မျက်လုံးကိုပြူးသွားတာဘဲ.......ခေါင်းစဉ်ကြီးကလဲကြည့်ဦးလေ....
ရင်နာခဲ့ရတဲ့နေ့တဲ့ ....ကျွန်တော်လည်း ဒီအကြောင်းကြားနေခဲ့တာ ကြာတော့ကြာပါပြီ....... မြန်မာမပီသဘူးလို့ဘဲ ပြောမလား... နေနိုင်တဲ့ကောင်လို့ဘဲပြောမလားမသိပါဘူး.... သေချာလည်းဖတ်မကြည့်ခဲ့ဘူး...
ဒီလိုဒီလိုတွေရှိတယ်လို့တော့ကြားတယ်ပေါ့ဗျာ..
ကျွန်တော်လည်း အဲဒီကိစ္စတွေ နားမလည်ဘဲကိုးဗျာ.......နားမလည်ဘဲ သွားဖတ်တော့ရော မထူးဘူးဆိုပြီးမဖတ်တာလည်း ပါတာပေါ့......အဲ့နေ့က ၁၄.၃.၂၀၁၂ ။ တော်တော်ထူးတယ်လို့ဘဲ ပြောရမယ်......ထူးထူးဆန်းဆန်းကျောင်းပျက်တဲ့နေ့ပေါ့...
ကြုံတုန်းကြွားတာ....ဟီး......ကျောင်းမသွားတဲ့နေ့မှာကြားလိုက်ရတဲ့သတင်းတွေကလည်း
အထူးအဆန်းတွေချည်းဘဲ......ကျွန်တော်တို့ဆီမှာတော့မနက်၁၁လာက်ရှိမှာပေါ့.........ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတဲ့သတင်းက  နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ နေ့စားအလုပ်သမားများအတွက် နိုင်ငံတော်မှအပိုဆုကြေးထောက်ပံ့မှု့ထုတ်ပြန်ချက်တဲ့.........ဘယ်လောက်ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့သတင်းလဲ.......ကိုလည်း ၀မ်းသာအားရနဲ့ ကို့ဘလော့ ကပေါက်တိ ကပေါက်ချာလေးမှာ တစ်ခါမှ မတင်ဘူးတဲ့BreakingNewsဆိုပြီး Title အသစ်နဲ့ကောက်တင်လိုက်ပါရောလား.......ကိုပေါ့.....
ဘယ်သူမှလည်း မတင်ရသေးဘူးဆိုပြီး......ဘယ်တင်ရဦးမလဲ......သူများတွေ အလုပ်သွားနေကြ ၊ ကျောင်းသွားနေကြတဲ့ အချိန်ကိုး၊ ကိုသာ အပျင်းကြီးပြီး ကျောင်းပြေးနေတာ...၊ အဲပျော်လို့မှ မဆုံးသေးဘူး ညနေကျ ထပ်တက်လာပါတယ်.......ဘာတဲ့  BREAKING NEWSBangladesh wins Myanmar battle  တဲ့ .....တော်တော်ကျက်သရေကိုတုန်းတဲ့ လင့်ခ် ......ဆောရီးဗျာ....ပြောရင်း ထပေါက်ကွဲသွားလို့.....အဲဒါဖတ်ပြီး တော်တော် ညစ်သွားတယ်....     
"We've got all we wanted," an elated foreign minister told bdnews24.com on Wednesday by phone from Hamburg, Germany, where the International Tribunal for Law of the Seas (ITLOS) is based. 

Dr Dipu Moni said Bangladesh got more than it claimed in its long-running dispute with Myanmar. 

"Bangladesh claimed 107,000 square kilometres while it got 111,000 square kilometers area in the Bay of Bengal,"
သူတို့ပြောပုံအတိုင်းဆို သူတို့တောင်းတာထက် ပိုတောင်ရသေးတယ်ဆိုဘဲ......
ဟုတ်မဟုတ်တော့ အောက်ကပုံကိုသာကြည့်ပြီး ဆုံးဖြတ်ကြပါ.......
ကျွန်တော် ယုန်တော့ မဟုတ်ပါဘူး....နှာစေးနေတယ်....:P

ဒါကတော့မြန်မာ နဲ့ ဘင်္ဂလား တို့အပြိုင်အဆိုင် အဆိုတင်သွင်းတဲ့ ပုံတဲ့

သူများတွေလည် ဒါဘဲတင်ကြတာဘဲ.....ကျွန်တော်လည်း ဒါဘဲတွေ့တယ်.....အနီးစပ်ဆုံး နားလည်နိုင်တာလည်း  ဒါဘဲရှိတာဘဲလေ.....ကျန်တာ မသိဘူး.......
ပွင့်ပွင့်လင်းလင်းပြောတာ...ဟီး...ကြားထဲက အမဲရောင်လိုင်းကတော့ 
INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA ကနေမတ်လ၁၄ရက်မှာ
ဆုံးဖြတ်ချက်ချခဲ့တဲ့လိုင်းလေးပေါ့ဗျာ..နှစ်နိုင်ငံလုံးကလည်းဒီခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာမယ်လို့လည်းကတိက၀တ်ပြုထားတယ်တဲ့၊အယူခံဝင်ခွင့်လည်းမရှိဘူးပေါ့
ကျွန်တော့ညဏ်တစ်ထွာတစ်မိုက်နဲ့တော့ဒီကိစ္စကြီးကိုမဝေဖန်ရဲပါဘူး....ဝေဖန်လောက်အောင်လည်း ဘာမှမသိတာကိုး.......သူများတွေကတော့ ပြောပါတယ်.....ဘင်္ဂလားနိုင်တယ်တို့ ၊တစ်ချို့ကတော့လည်း မြန်မာ မရှုံးဘူးလို့.....ပြောကြတာဘဲ.....ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရှင်မဖြူကျွန်းကတော့ မြန်မာမပိုင်တော့ဘူးတဲ့.......အဲဒါတစ်ခုဘဲသေချာတယ်........
အဲ့ဒါအတွက်တော့မြန်မာလူမျိုးတစ်ယောက်အနေနဲ့လုံးဝခံပြင်းတယ်....မချင့်မရဲဖြစ်တယ်....
သမိုင်းနဲ့ချီပြီးလည်း မပြောချင်ပါဘူး.....ဘာပဲဖြစ်ဖြစ် ဒီအမှု့မှာ ပါဝင်ကြတဲ့လူတွေအကုန်လုံး
 ( မြန်မာဘက်က) အကောင်းဆုံးလုပ်ကြတယ်လို့ ယုံကြည်ပါတယ်...ဘာလို့လည်း ဆိုတော့ သူတို့လည်း မြန်မာထဲက မြန်မာလေ......လုပ်နိုင်တဲ့လူ လုပ်လို့ ရှုံးတယ်ဆိုရင်တောင် မလုပ်နိုင်တဲ့ ကျွန်တော်တို့ မခံချင်တာကလွဲပြီး ဘာမှဖြစ်လို့မရဘူးလေ.....မဟုတ်ဘူးလား......ကိုမှ မတတ်နိုင်တဲ့ကိစ္စကိုး.....ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကတော့ "ရခိုင်ကမ်းခြေနဲ့အနီးပိုင်းမှာ ကိုကပိုရပါတယ်....ဘင်္ဂလားဒေ့ရှ်ဘက်ကသူတို့နိုင်တယ်လို့ ကြေငြာတယ်...ဟုတ်သယောင်တော့ရှိပါတယ်...ဒီဘက်(မြန်မာ)ကစိုးရိမ်နေတဲ့ ၊ရချင်တဲ့ဟာတွေရရှိဖို့ကိုလည်း ခုံသမာဓိများက ဆောင်ရွက်ပေးခဲ့ပါတယ်..အထူးသဖြင့် A1နဲ့A3(ရေနံနှင့်ဓါတ်ငွေ့သိုက်) လုပ်ကွက်တွေလုံးဝမဆုံးရှုံးခဲ့ပါဘူး၊ မီဒီယာအချို့ရဲ့ ရေးသားဖော်ပြမှု့ကြောင့်အဓိပ္ပါယ်ကောက်လွဲပြီး ပြည်သူများစိုးရိမ်စိတ်လွန်ကဲကာ မခံမရပ်နိုင်ဖြစ်လာနိုင်တာရယ်၊ ပုံကြီးချဲ့ပြောဆိုလာရင်လည်း မမှန်ဘူးဆိုတာကို ရှင်းပြရခြင်းဖြစ်ပါတယ်လို့" ပြောပါတယ်...ဘာပဲဖြစ်ဖြစ် မကောင်းပြောတဲ့လူတွေဆိုတာလည်း ရှိနေတာဘဲလေ....အဲ့နေ့ကလည်း ဖေ့စ်ဘုတ်ပေါ်မှာ တက်လာလိုက်တဲ့ ကွန်မန့်တွေ ဘာတွေမှန်းကိုမသိဘူး.....ရှင်းရှင်းပြောရရင် မြန်မာတွေက ဘာမှမလုပ်ဘဲ အာချောင်နေကြတာ....ပြောသာပြောချင်ကြတာ....အလုပ်ကျတော့မလုပ်ချင်ကြဘူး......လုပ်တဲ့လူလည်းအကောင်းမမြင်နိုင်ဘူး......ကိုယ်ကိုယ်တိုင်လည်းမလုပ်ချင်ဘူး......မသိတော့ပါဘူး.....
ကျွန်တော်လည်းဘယ်တော့ ခဲသံ၊ ဆဲသံ ကြားရမလဲမသိဘူး.....ကို့ဟာကို မနေနိုင်ဘူး...ပြောမိပြန်ပြီ......ဘာပဲပြောပြော ကျွန်တော့အမြင်ကတော့ သူများနဲ့လည်း တူချင်မှတူမယ်.......ပြောပါဆိုလို့သာပြောရမှာ ခပ်လန့်လန့်ဘဲ....ဟဲ......ဒါနဲ့ ညီတော်မောင် မေမြို့မိုး မေးထားတဲ့မေးခွန်းလေးတွေဖြေပါဦးမယ်.....

၁။ ဘင်္ဂလားဒေ့ရှ် အနိုင်ရသွားတဲ့ ရေပိုင်နက်ကိစ္စဘယ်လိုမြင်သလဲ?
 ဘယ်လိုမြင်သလဲဆိုတော့ ကတော့ အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ကိုချသွားတယ်လို့မြင်ပါတယ်....နှစ်နိုင်ငံလုံးကလည်း လက်ခံတယ်ဆိုတော့ ဘယ်ဘက်က မှ မနိုင်သလို မရှုံးဘူးလို့လည်း မြင်ပါတယ်....မဟုတ်ရင် ဘယ်နေကြမှာလဲနော်......:P

၂။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ဘယ်လိုခံစားရသလဲ?
ဘယ်လိုခံစားရသလဲဆိုတော့ စိန့်မာတင်ကျွန်း(ရှင်မဖြူကျွန်း) လေး ဘင်္ဂလားလက်ထဲပါသွားတာတော့ ကိုစားနေတာ ခွေးလုစားသလို ခံရခက်ပါတယ်......ကျန်တာတော့ ကိုနဲ့မထိုက်လို့မရတာလို့ဘဲတွေးလိုက်ပါတယ်...မတွေးလို့လည်း မထူးဘူးလေ...ဟုတ်ဘူးလားနော်....:D 

၃။တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့ဘယ်လိုလုပ်သင့်လဲ?
အရမ်းလှပါတယ်...မေးခွန်းလေးက ....ဖြေရမှာတော့ တော်တော်ခက်မယ်......လူတိုင်းနီးပါးကတော့ ကိုယ့်တိုင်းပြည်ကို ချစ်ကြတာဘဲဗျနော.....ဒါပေမဲ့ချစ်ပုံချင်းကျတော့မတူဘူးဗျ......ကို့တိုင်းပြည်ကို အကျိုးဖြစ်အောင်တွေး အကျိုးဖြစ်အောင်လုပ်ပြီး ချစ်ကြသူများရှိသလို ကို့တိုင်းပြည်ကို မျက်စိမှိတ်စွတ်အော်ပြီး ချစ်နေကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါ.....ပြောလိုက်ဦးမယ် မနေနိုင်လို့.....ဒီမိုကရေစီအရေးထက် ဒီအရေးကို လူတွေ အာရုံစိုက်ခဲ့ကြပါသလား? ....ကျွန်တော်လည်း ဒါကို သတိဘဲထားခဲ့မိတာပါ......ဘာလုပ်သင့်တယ်လို့ထင်လဲဆိုရင် တိုင်းပြည်ကို ချစ်တဲ့လူဆိုတာ ချစ်နေယုံနဲ့မပြီးပါဘူး.....ကို့တိုင်းပြည် ကောင်းရာ ကောင်းကျိုး ကို ကိုတတ်နိုင်တဲ့ဘက်က အတတ်နိုင်ဆုံး လုပ်စေချင်ပါတယ်.....နောက်ပြီးမလုပ်နိုင်ရင်တောင် လုပ်နေတဲ့လူတွေကို မနှောင့်ယှက်ကြပါနဲ့လို့ ပြောချင်ပါတယ်....
သူခိုးပြေးမှ ထိုးကွင်းထလို့ ဘယ်ရမလဲနော်......

ကဲ ညီတော်မောင်မိုးရေ အစ်ကိုတော့ ရေးတတ်သလို ထင်သလို ရေးလိုက်ပြီ.....ခဲပျံတွေ တုတ်ပျံတွေလာရင်လည်း လာကူကောက်ပေးဦးနော်......သေချာတာကတော့ ဆဲသံတွေလာမယ်ထင်တယ်......ဟီး....

မှတ်ချက်။ ။ စာတွေက စီထားတာ အဆင်မပြေဘူးဖြစ်နေတယ်....လုပ်လို့မရလို့ ဒီတိုင်းထားလိုက်တယ်....သည်းခံပြီးဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်.....ကျွန်တော်အထင်နဲ့ ကျွန်တော့်အမြင်ကို ရေးခြင်းသာဖြစ်ပါသည်။အမြင်မတူလို့ ၀င်ဆူလို့လည်း ရသလို ၀င်ဆဲသွားလည်း ကျွန်တော်ခံပါမည်။ဒါနဲ့ ကျွန်တော့ထက် ရေးတာသားတာ အပုံကြီးသာတဲ့ သူငယ်ချင်းတွေကိုလည်း ထပ်ပြီး ရေးပေးပါလို့ တောင်းဆိုပါရစေ။
အိမ်မက်ဆိုးများ မက်စေသော်ဝ်......ဒူ........
၁။ရောင်စုံအခန်းငယ်( မင်းအရိပ်)
၂။အလွမ်းမြို့ကလေး(မကြီးလွမ်း)
၃။အိမ်လွမ်းသူ(အောင်အောင်)
Views

12 comments:

  1. အစ်ကိုကြီး အားဘူးထင်လို့ အားနာနေတာ.. ရေးပေးတာ ကျေးဇူးနော်ကိုကြီး ..။
    Спосибо большое!!!

    ReplyDelete
  2. အမြင်လေးလာဖတ်သွားပါတယ်...

    ReplyDelete
  3. လာဖတ်သွားတယ်နော်.. သူရေးမှ ကြောက်တောင် လာပြီ. နာ့ဆီလည်း ခဲပျံတုတ်ပျံဆဲသံတွေလာရင် ကြောက်ကြောက်ပဲ.:D

    ReplyDelete
  4. တေပြီဆရာ
    နာ့ဟာနာ အေးအေးဆေးဆေး ယူနေတာကို ကျောင်းပိတ်ရက်ကလေး

    ReplyDelete
  5. မောင်လေးရေ မကြီးလွမ်းကတော့ လာဖတ်သွားတယ်။ ဘာမှမပြောတတ်လို့ နှုတ်ပိတ်ပြန်သွားခဲ့တယ်။



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  6. ကြယ်ပြာMarch 18, 2012 at 5:00 AM

    လာဖတ်သွားတယ်။ အမြင်တူတာတွေလဲ ရှိ မတူတာတချို့လဲရှိသပေါ့။

    ReplyDelete
  7. ရင်ဆူးရဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုရေးသားထားတာလေးတွေဖတ်ကောင်းခဲ့တယ်
    ကိုကမှမရေးတတ်တာကိုး
    ခင်တဲ့ sis jasmine

    ReplyDelete
  8. နာက ဘယ်ကနေဘယ်လိုရေးရမှာလည်း နာ့ဦးနှောက်တွေ အထက်နှင့်အောက် ပြောင်းပြန်လန်ကုန်ပြီကွ....

    ReplyDelete
    Replies
    1. ဟားဟားဟား.....ဘာခုမှကြောက်ပါပြီလဲ......ငှဲငှဲငှဲ......

      Delete
  9. လာဖတ်သွားပါတယ်ခင်ဗျ. အကိုရေးထားတာတွေကို သဘောတူလက်ခံကြောင်း လာပြီး ထောက်ခံသွားပါတယ်။ :)

    ReplyDelete
  10. ပို့စ်လေး ဖတ်သွားပါတယ် ညီလေး ဆူးရေ...
    ပြီးခဲ့တာလည်း ပြီးခဲ့ပြီမို့ ဘာမှလည်းမပြောချင်တော့ပါဘူး...
    ရေပိုင်နက် ကိုသူပိုင်တယ်၊ ကိုယ်ပိုင်တယ် ဆိုတာကို ဘယ်လို
    စံနှုန်းတွေနဲ့ စံထားသတ်မှတ်တယ် ဆိုတာလည်းနားမလည်တာမို့
    ဒီကိစ္စကို ITLOS ကဆုံးဖြတ်တာ မှန်သလား မှားသလားဆိုတာလည်း
    မသိတာအမှန်ပါ... ဒီကိစ္စကို တကယ် နားလည်တတ်ကျွမ်းတဲံ့ ဥပဒေ
    ပညာရှင်တွေ အကောင်းဆုံးလုပ်ခဲ့ကြမယ် ဆိုတာတော့ မလွဲပါဘူး... ဘာ
    လို့လည်းဆိုတော့ သူတို့လည်း မြန်မာနိုင်ငံသားတွေပဲ ... ကိုယ့်တိုင်းပြည်ကို
    ချစ်တဲ့စိတ်ရှိတဲ့သူတွေပဲ ... အကောင်းဆုံးကြိုးစားခဲ့ကြမှာပါ...အကို တို့တွေ
    ဒီကိစ္စကို ကိုယ်တိုင် ၀င်မလုပ်ကြ ပဲ နဲ့တောင် ကိုယ်ကရှုံးလိုက်တဲ့အပေါ်မှာ
    အခုလိုမခံချိ မခံသာ မချင့်မရဲဖြစ် နေရသေးရင် ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်
    ဆောင်ခဲ့ကြတဲ့ သူတွေဆိုရင် အကိုတို့တွေထက်ပိုပြီးခံစားရမှာပါ...အကိုတို့
    မမွေးခင် 1974 ခုနှစ်လောက်ကတည်းစပြီး ရေပိုင်နက်အငြင်းပွား ရင်းနှစ်ဖက်
    ညှိနှိုင်းလာ တာဘယ်လိုမှ အဆင်မပြေလို့ 2009 နှစ်လောက်မှာ ITLOS ခုံရုံး
    ကိုတင်ပြပြီး ခုံရုံးရဲ့ အဆုံးအဖြတ်ကိုအခုလိုနှစ်ဖက်စလုံးကျေနပ်စွာခံယူခဲ့ကြတာပါ...
    ကိုယ်ဖက်က ဆုံးရှုံးတာလည်းရှိတာပေါ့... သူဖက်ကလည်းဆုံးရှုံးတာရှီတာပေါ့...
    သို့သော် မြန်မာလူမျိုး မြန်မာနိုင်ငံသားတယောက်အနေနဲ့တော့ ကိုယ် ကပဲနိုင်ချင်ပါ
    တယ်... တရားတာ မတရားတာအပ ထားပါ... အခုလိုရှုံးလိုက်ရတဲ့ အတွက်
    လည်းခံပြင်းမိပါတယ်... အထက်မှာညီလေး ဆူး ပြောခဲ့သလိုပေါ့ ဘာပဲဖြစ်ဖြစ်
    စိန့်မာတင်ကျွန်း(ရှင်မဖြူကျွန်း) လေး ဘင်္ဂလားလက်ထဲပါသွားခဲ့တာတော့သေချာ
    ပါတယ်... အရှုံးထဲက အမြတ်ထုတ်ရင် ရခိုင်ကမ်းလွန်က ရေနံနှင့်သဘာဝဓါတ်
    ငွေ့သိုက် လုပ်ကွက်တွေ ဖြစ်တဲ့ အထက်မှာ ညီလေး ဆူး တင်ပြခဲ့တဲ့ A1 နဲ့ A3
    လုပ်ကွက်တွေ အပြင် နှစ်နိုင်ငံရေပိုင်နက်ကို ပိုင်းခြားပေးထာတဲ့ အနီရောင် လိုင်း
    အနီးနဲ့ ကပ်လျက် မှာရှီတဲ့ AD 7 လုပ်ကွက်ဟာလည်း မြန်မာဖက်အခြမ်းမှာ လွတ်
    လွတ်ကျွတ်ကျွတ်ပါ လာတာမို့ အရှုံးထဲက အမြတ်လို့ပဲ တွေးလိုက်ပါတယ်... ဒါပေ
    မယ့် ရှုံးတာတော့ ရှုံးသွားပါပြီ... ရှုံးရတာကို လက်ခံနိုင်ပေမယ့် ဘာမဟုတ်တဲ့
    ဘင်္ဂလားဒေ့ရှ် ( ဘ ) ကို ရှုံးလိုက်ရတာတော့ ကျား ကိုခွေးကိုက်ခံသလို ရင်နာ
    မိတာ အမှန်... အင်းရေးရင်းနဲ့ လူမျိုးရေးတွေပါ ပါလာပြီ...အိမ်နီးချင်းနိုင်ငံတွေ
    နဲ့ ပတ်သက်လာရင် အကိုတော့ ဘကုန်း တွေကို တယ်ပြီး ကြည့်မရဘူး ...
    အကိုတော့ ညီလေးဆူး ရဲ့ မြင်လေးကို တပ်ဆင့်ထောက်ခံသွားပြီဟေ့......

    ReplyDelete
  11. အစ်ကို့အမြင်လေးဖတ်သွားတယ်ခင်ဗျာ။ ကျွန်တော်လည်း ဒေါသထွက်လို့ ဖဘမှာအော်လိုက်သေးတယ်။ ဘင်္ဂလားက သူတို့အသာရသလို ပြောထားတော့။ မြန်မာရှုံးတယ်လို့ ထင်တာပေါ့။ ဖတ်ခွင့်ရလို့ ကျေးဇူးဗျာ။

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............