"Yin-Sue blog ကိုလာရောက်လည်ပတ်ကြသောသူများအားလုံး ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် ဖြစ်လာတာရယ် တစ်ထပ်တည်းကျပါစေဗျာ........"

Sunday, March 4, 2012

ငါးထောင်တန်ဖုန်းအပေါ် ကျွန်တော့အမြင်( Tag Post )

Yin Sue | 3:19 AM | Best Blogger Tips
Views
အခုတလော...ဘလော့ဂါတွေတစ်ယောက်နဲ့တစ်ယောက်ငါးထောင်တန်ဖုန်းအပေါ်အမြင်ချင်းဖလှယ်
တာလေးတွေလိုက်ဖတ်ဖြစ်ပါတယ်.....ဘာပဲပြောပြော....ဒီလိုလေးလုပ်တာလည်းအကျိုးလေးတော့
ဖြစ်စေတာပေါ့....ကျွန်တော်တို့လိုဘလော့ဂါ၊ မဂါလေးတွေအမြင်ထက်ဆရာ့ဆရာ
ဘလော့ဂါကြီးတွေအမြင်က ပိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုပြီးသုံးသပ်နိုင်မှာပါ....ဘာပဲပြောပြော သူတို့ရေးလိုက်တာဟာပရိတ်သတ်တွေရဲ့စိတ်ထဲကိုအနည်းနဲ့အများတော့ဝင်သွားစေပါတယ်.....
အဲဒီလိုရေးတဲ့စီနီယာဘလော့ဂါကြီးတွေကိုလည်းလေးစားသလို ကျးဇူးလည်းတင်ပါတယ်.....
ကျွန်တော့သူငယ်ချင်းတမီးစံက တက်ဂ်ပါတယ်ဆိုလို့သာရေးရတာ....
ကျွန်တော်ရင်ဆူး....စာမရေးတတ်ဘူးဗျ.......ကဗျာဘဲရေးတာ....ဒါပေသိ ရေးပါဆိုတော့လည်း....သိသလောက်တော့ရေးမယ်ဗျာ.....အမှားလေးတွေပါလည်း...နားလည်ခွင့်လွှတ်သည်းခံပေးကြပါလို့လည်း အရင်ဆုံးတောင်းပန်ပါတယ်.....
ကဲတက်ဂ်စာလေး စပြီး မြည်းစမ်းကြည့်ရအောင်ဗျာ......

၁။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့သင်မြင်ပါသလား?
 ကျွန်တော့အမြင်တော့ တန်ဖိုး မနည်းတနည်းပေါ့ဗျာ......အရင်က သုံးနေတဲ့ ၁၅ သိန်းတန်ဖုန်းတွေလောက်မများသလို.....အောက်ခြေလူတန်းစားထိ သုံးနိုင်အောင်လည်း တန်ဖိုးမနည်းပါဘူး...အဲဒါကြောင့် တန်ဖိုးနည်းဖုန်းလို့တော့ ပြောလို့မရဘူးပေါ့ဗျာ.....ဒါပေမဲ့ အရင်ထက်တော့ အဆင်ပြေသွားတယ်.....ဖုန်းကိုင်နိုင်သူလူဦးရေ ပိုတိုးလာမယ်ပေါ့ဗျာ....ဒါပေမဲ့....အရင်ထက် ဖုန်းပြောရတာ ပိုအဆင်ပြေမယ်လို့တော့ ကျွန်တော်မထင်ပါဘူး....ဘာလို့လဲဆိုတော့ ၁၅ သိန်းတန်ဖုန်းတုန်းက ဘယ်လိုနေလဲ ခေါ်ကြရတာ....ကောင်းတယ်မဆိုနိုင်ပေမဲ့ မဆိုးဘူးနော်....၅ သိန်းဖုန်းတွေကျတော့ မဆိုးဘူးဆိုနိုင်ပေမဲ့ ......ဆိုးလာပြီဗျ.....အဲအခု ငါးထောင်တန်ဖုန်းမပြောနဲ့ နှစ်သိန်းဝန်းကျင်ဖုန်းဆိုရင် တွေးသာကြည့်တော့ဗျာ......သေချာတာက ၁၅ သိန်းဖုန်းထက်တော့ ခေါ်ရတာခက်မှာဘဲဗျ.....
ကဲ ဒီလိုဆို မခက်ကြဘူးလား....နောက်ဆို ဖုန်းကတော့လူတိုင်းကိုင်နိုင်ပါရဲ့....ဖုန်းတော့ လူတိုင်းဆက်လို့မရဘူးဆိုတာမျိုးဖြစ်လာနိုင်တယ်နော်........စဉ်းစားကြပါဦး..:P

၂။ ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ?
 ကျွန်တော်ကတော့ ဘာပဲပြောပြော ဖြစ်လာအောင်လုပ်နေတဲ့လူများကို ထောက်ခံပါတယ်.....ဘာလို့လဲဆိုတော့....ထိုင်နေတာထက်စာရင် လုပ်နေတာက တစ်ခုခုတော့ ဖြစ်လာစေမှာပါ.....ပူဆာတဲ့ကလေးမုန့်စားရတယ်လေဗျာ....ဟုတ်ဘူးလား.....လုပ်တာတော့လုပ်ကြပါ....လုပ်ရင်လည်း ရတဲ့အထိလုပ်ကြပါ...ဒါပေသိ....စတေကာသမားတွေနဲ့ တီရှပ်သမားတွေ ၀မ်းသာရုံလောက်နဲ့ဆိုရင်တော့မလုပ်တာဘဲ ကောင်းတယ်လို့ဆိုချင်ပါတယ်......

၃။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ?
ကျွန်တော်ကတော့ မပြောတတ်ပါ.....ဖြစ်နိုင်တာက အဲလိုလုပ်တာဟာ ဘာပဲပြောပြော လူကြီးတွေ ဒီကိစ္စကို အာရုံတော့ ပိုထားမိစေတာပေါ့.....အဲလိုလုပ်ခြင်းဟာ အထိုက်အလျောက်တော့ အကျိုးရှိမယ်လို့ ကျွန်တော်လည်း မျှော်လင့်မိပါတယ်.....လေနဲ့ဘဲ ပြောတာထက် အဲလို စာနဲ့ပေနဲ့ပြောတာကပိုပြီးတရားနည်းလမ်းလည်းကျပါတယ်......ဦးဆောင်ဦးရွက်လုပ်နိုင်တဲ့သူတွေကို
လည်း လေးစားပါတယ်.....ချီးကျူးပါတယ်.....ဒါပေမဲ့ မရှိတဲ့ မိဘကိုလည်း ဇွတ်အတင်းမပူဆာမိဖို့ကတော့ အရေးကြီးတယ်ဗျာ.....မိဘကတော့ လုပ်ပေးနိုင်ရင် သားသမီးတိုင်းကို ဖုန်းမပြောနဲ့ကားတောင်စီးစေချင်ကြတာချည်းပါဘဲ.....မိဘဆိုတာမုန့်ဖိုးတင်ကြည့်ရတာမဟုတ်ဘူးလေ.....ကျောင်းလခနဲ့ဟင်းဖိုးနဲ့အ၀တ်အစားဖိုးနဲ့အကုန်ကြည့်ရတာပေါ့....အဲဒါလေးလည်းတွေးမိစေချင်ပါတယ်.....အားလုံးကို.....
မိဘကတော့ သားသမီးတိုင်းကို ဖုန်းတင်ကိုင်နိုင်စေချင်တာမဟုတ်ဘူး....ကားတောင်စီးစေချင်ကြတာပဲ...


၎။ ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာဖို့ကို သင့်အနေနဲ့ ကြိုဆိုပါသလား ?
မကြိုဆိုဘဲနေမလား....ကြိုဆိုတာပေါ့.....လူတိုင်းနီးပါးဖုန်းကိုင်နိုင်ရင် ဘယ်လောက်ထိ လုပ်ရကိုင်ရ အဆင်ပြေမလဲ....ကောင်းပါတယ်....ကြိုက်ပါတယ်...ဖြစ်စေချင်ပါတယ်.....ဒါပေမဲ့ ဖြစ်စေချင်တာတွေက ဖြစ်နိုင်ဥိးမလားဆိုတာတော့တွေးဖို့လိုပါတယ်......ကျွန်တော်ကနည်းပညာရှင်လည်းမဟုတ်တော့
မသိပါဘူး.....ရွှေပြည်တံခွန်ရဲ့နည်းပညာရှင် ဟီလိုရွိုင်းကတော့(၆ )လအတွင်း တာဝါတိုင် အကြီးကြီးတွေမသုံးဘဲ တာဝါတိုင် အသေးလေးတွေဆောက်ပြီး တစ်နိုင်ငံလုံး လိုအပ်တဲ့ ဖုန်းကဒ်တွေကို ထုတ်ပေးမယ်ဆိုတာတော့ဖြစ်နိုင်၏မဖြစ်နိုင်၏စဉ်းစားစေချင်ပါသည်....သူတို့ကိုမယုံဟုမဆိုလိုပါ......
သို့ပေမယ့် ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်ခြင်းသာဖြစ်ပါသည်.....ဒါပေမဲ့အခုလိုငါးထောင်တန်ဖုန်းဆိုတာ ဖြစ်လာဖို့ အစဖော်ပေးတဲ့ ရွှေပြည်တံခွန်ကုမ္မဏီကိုတော့ ကျေးဇူးတင်ရမည်ပင်....

၅။ ငါးထောင်တန်ဖုန်းအပေါ်သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ?
ပြည်ပနိုင်ငံတွေမှာဒီလိုတန်ဖိုးနည်းဖုန်းကဒ်မပြောနဲ့ဖုန်းကဒ်တွေတောင်အလကားပေးနိုင်ပါသည်....
ဒါကလည်း ကုမ္မဏီတွေက လုပ်ခြင်းသာ....အစိုးရက ဘယ်လိုလုပ်ထားသည်ဟုတော့ ကျွန်တော်လည်းမသိပါ.....ဒါပေမဲ့အဲလိုတွေလုပ်ပေးနိုင်ခြင်းသည်....တိုးတက်ပြီးသောင်နိုင်ငံကြီးများသာ
လုပ်နိုင်ပါသည်....အခုကျွန်တော်တို့နိုင်ငံက တိုးတက်နေဆဲတိုင်းပြည်ဟုသာပြောကြသော အခြေအနေသာဖြစ်ပါသည်......အခုမှလမ်းလျှောက်တတ်စကလေးရှိပါသေးသည်.....သူများဂျွမ်းထိုးတာမြင်တိုင်းထိုးစေချင်သော်လည်းမထိုးနိုင်သေးပါ.....ဒါကိုလည်းထည့်စဉ်းစားစေချင်ပါသည်.....လူတိုင်းဖုန်း
ကိုင်စေချင်ပေမဲ့....ဖုန်းထက်အရေးကြီးတဲ့ အပိုင်းတွေ ရှိသေးသည်ဆိုတာကိုလည်း စဉ်းစားစေချင်ပါသည်....ဥပမာ...ပညာရေး၊ ကျန်းမာရေး....အစရှိသဖြင့်ပေါ့.....ဘာပဲပြောပြော အခုအချိန်မှာ နိုင်ငံက အကောင်းဆုံးလမ်းပေါ်ရောက်နေပြီဟုပြောလို့ရပါသည်....သို့သော် အရှိန်ပြင်းပြင်းမောင်းလို့တော့မရနိုင်သေးပါ.....ဒါကြောင့်ဖြေးဖြေးမှန်မှန်နဲ့ဖြစ်လာပါလိမ့်မည်....
စိတ်ရှည်သည်းခံပေးကြပါ....လုပ်သင့်တာတွေကိုလုပ်သင့်တဲ့လူတွေလုပ်နေကြပါသည်.....
အခုရေတွင်းတူးအခုရေကြည်သောက်လို့မရနိုင်ဘူးလို့ကျွန်တော်ထင်ပါသည်....ဖြစ်စေချင်သော်လည်း....မဖြစ်နိုင်သေးခြင်းကိုလည်း နားလည်သည်းခံပေးစေလိုပါသည်.....တစ်ဆင့်ချင်းသွားမှ အဆင်ပြေမည်လို့ ကျွန်တော်ထင်ပါသည်....ဖုန်းတွေ တန်ဖိုးနည်းနည်းနဲ့ ထုတ်ပေးခြင်းထက် ရှိပြီးသား ဖုန်းတွေ အဆင်ပြေအောင် ....ပြည်တွင်းရော...နိုင်ငံခြားကောရော....အ၀င်ရော...အထွက်ရော...မက်ဆေ့ခ်ျရော အားလုံးအပြင် သင့်တင့်သော ဈေးနှုန်းနဲ့ စိတ်အေးချမ်းသာစွာ..ခေါ်နိုင်အောင် အရင်လုပ်သင့်သည်ဟု ထင်ပါသည်....အဲလို အဆင်မပြေသေးဘဲနဲ့ ငါးထောင်တန်ဖုန်းတွေ ထပ်ထုတ်လည်း ဖုန်းကိုင်ထားပြီး သီချင်းနားထောင်ရုံ ၊ ဂိမ်းဆော့ရုံဘဲရှိမည်....အခုလိုဖုန်းလိုင်းမျိုးနဲ့ငါထောင်တန်ဖုန်းတွေ
ထုတ်ပေးရင်တော့ Sony ,HTС, Samsung ,Nokia, Apple အစရှိတဲ့ Handset ကုမ္မဏီကြီးတွေက ကျေးဇူးတင်မဆုံး တစ်ပြုံးပြုံးပင် ဖြစ်နေလိမ့်ဦးမည်ဟု တင်ပြရင်း.......

မှတ်ချက်။  ။ ကျွန်တော် ရင်ဆူး စာရေးတတ်သလို ရေးထားခြင်း ၊ တွေးမိသလို ရေးထားခြင်းသာ...မည်သူ့ကိုမျှ မထိခိုက်မနစ်နာစေချင်သလို ၊ မည်သူ့ဘက်မှလည်း လိုက်ပြီး ရေးထားခြင်းမဟုတ်ပါ။ စာဖတ်သူများကိုလည်း အကောင်းဆုံးတွေးစေချင်သလို ၊ ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားစေလိုပါသည်.......အခုလို သည်းခံပြီးဖတ်ပေးတဲ့သူငယ်ချင်းတွေ စာဖတ်ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါသည်.....

                                                                လေးစားစွာဖြင့် ......ရင်ဆူး

နောက်ပြီး ကျန်တဲ့သူငယ်ချင်းတွေကိုလည်း အမြင်လေးတွေ တင်ပြပေးပါဦးလို့ ထပ်ပြီး...တက်ဂ်လိုက်ပါတယ်.......
၁။လမင်းသို့
၂။ရောင်စုံအခန်းငယ်
၃။အလွမ်းမြို့ကလေး(မကြီးလွမ်း)



Views

6 comments:

  1. ရင်ဆူးရေးသွားတာလေးတွေ
    ထောက်ခံပါကြောင်း....

    ReplyDelete
  2. Nice Post Friend :D
    ပြောပုံ၊ရေးပုံလေးတွေ(တစ်ယောက်နဲ့တစ်ယောက်)
    ကွားခြားသွားပေမယ့်လို့..
    အားလုံးရဲ့ရည်ရွယ်ချက်ကတော့
    တစ်ခုတည်းပါဘဲ။
    နက်ဖြန်သိုမဟုတ်ဘယ်သောခါကိုစောင့်ရင်း
    နှစ်သိန်းဝန်းကျင်(လိုင်းမိမမိမသိသေးတဲ့)ဖုန်းလေး
    ပြေးဝယ်အုံးမှ..း))

    ReplyDelete
  3. ဖတ်ကောင်းကောင်းနဲ့ဖတ်နေတာ နောက်ဆုံး ရောင်စုံအခန်းငယ်ဆိုတာပါလာတော့မှပဲ မျက်လုံးပြူးသွားတော့တယ်
    ချက်ချင်းပဲ ခေါင်းထဲအတွေးက ၀င်လာတယ် ဒါဟာ campaign သဘောမျိုးလား။
    ဘယ်သူကစလုပ်တာလဲ ဘယ်လိုရည်ရွယ်ချက်နဲ့လဲ ဘလော့ဂါတွေကြား ကျယ်ပြန့်လာအောင်လုပ်တာလား လူထုကတော့ ဒီလိုပြောနေကြပါပြီဆိုပြီး တစ်စုံတစ်ယောက်ကို အကြပ်ကိုင်ချင်တာလား မေးခွန်းပေါင်းများစွာပေါ့ဗျာ
    ကုမ္ပဏီကစနက်လား ဘယ်သူ့လက်ချက်လဲ ဆိုတာလဲ မေးချင်ပါရဲ့
    ထားပါတော့လေ စလုပ်တဲ့သူကလွဲလို့ ဘယ်သူ့ဆီမှာ အဖြေရှိမှာလဲ
    သူငယ်ချင်းရင်ဆူးရေ တက်ဂ်ပေးတော့မှလဲ ရေးရတော့မှာပေါ့လေ
    သူငယ်ချင်းပို့စ်ထဲကမေးခွန်းတွေအတိုင်းပဲ ရေးပေးရမှာလား အဲဒါလေးတော့သိချင်တယ်
    သူငယ်ချင်းရေ သူငယ်ချင်းအဖြေပေးပြီးရင်တော့ နည်းပညာအမြင်ဘက်ကနေ ချဉ်းကပ်ကြည့်ဖို့ ကြိုးစားပါ့မယ်
    ငါ့မှ ရွေးတက်ဂ်ရသလားကွာ :P

    ReplyDelete
  4. ရင်းဆူရေ....လာအားပေးသွားပါတယ် ဖတ်လို့အရမ်းကောင်းတယ်ကွာ နာ့ကိုဘီယာတိုက်...

    ReplyDelete
  5. ".ပြည်တွင်းရော...နိုင်ငံခြားကောရော....အ၀င်ရော...အထွက်ရော...မက်ဆေ့ခ်ျရော အားလုံးအပြင် သင့်တင့်သော ဈေးနှုန်းနဲ့ စိတ်အေးချမ်းသာစွာ..ခေါ်နိုင်အောင် အရင်လုပ်သင့်သည်ဟု ထင်ပါသည်..."
    အဲဒီ ဟာလေး အကြိုက်ဆုံးပဲ။ ဟုတ်တယ်... သုံးတဲ့သူတွေ ဆီကနေ ဆင်ကဒ်ဖိုး ခေါင်းစဉ် မတပ်လဲ တစ်ခြားခေါင်းစဉ် တပ်ပြီး နည်းအမျိုးမျိုးနဲ့ ပိုက်ဆံ တောင်းလို့ ရတာပဲလေ... အဓိက က သင့်တဲ့ ကုန်ကျငွေနဲ့ အရည်အသွေး ကောင်းဖို့ အရေးကြီးပါတယ်.

    ReplyDelete
  6. မောင်လေး ရင်ဆူး...


    မကြီးတော့ လာဖတ်သွားတယ်။ တက်ဂ်တွေလည်း မြင်တော့ ရင်တုန်သွားတယ်။ အမလေး ဖုန်းအကြောင်း နားမလည်း တော့ခက်သားကွယ်။ တောသူဆိုတော့ ဖုန်းမပြောနဲ့ မီးတောင် ကောင်းကောင်း မြင်ဖူးဘူးကွဲ့။ မကြီးကတော့ စကားပြောတဲ့ဖုန်းတဲ့ အကြောင်းတော့ မသိဘူးကွဲ့။ ဖုန်းတွေနဲ့နောက်မှာ လိုက်လာမှာက (ဗုန်း.)ကိုတော့ မြင်သား။ ဘယ်သူတွေ (ဗုန်း) မလဲသာ မသိသေးတာ။
    ပျော်ရွှင်ပါစေ မောင်တော်လေး။


    မကြီး
    အလွမ်းမြို့

    ReplyDelete

သူငယ်ချင်း၏ မှတ်ချက်အတွက် ပိုပြီး ကြိုးစားပါမည်.............